November 25, 2012

ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော်စစ်စစ် ဖြစ်ဖို့ ရိုးရိုးသားသား ဆောင်ရွက်နေသလားဆိုတာ အခြေခံဥပဒေ ကို ဒီမိုကရေစီ နည်းကျ ပြုပြင်ပြောင်းလဲနေသလား ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ် လို့ အမျိုးသား ဒီမ်ိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့ပါတယ်။ NLD ဝါရင့် နို်င်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာရဲ့တွေ့ဆုံမေးမြန်းမှု တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့တာပါ။ သမ္မတ ဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ ရိုးသားမှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး Mainichi သတင်းစာက မေးမြန်းရာမှာ ဒီမိုကရေစီနည်းကျဖြစ်တယ်လို့ မပြောနိုင်သေးတဲ့ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ သမ္မတ ဦးသိန်းစိန် ဘယ်လို ဆောင်ရွက်တယ်ဆိုတာ အသေအချာစောင့်ကြည့်ပြီး၊ သူ့ရဲ့ရိုးသားမှု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ ဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ အမှန်တကယ် အလေးအနက်ရှိတယ်ဆိုရင်၊ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး အတွက် အစီအစဉ်တွေနဲ့တကွ ရှေ့ကိုတက်လှမ်းဖို့ အလေးအနက် အားထုတ်ရလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။ ဒီမိုကရေစီ အစစ်အမှန်ဖြစ်ဖို့အတွက် အကြမ်းမဖက်ရေးမူဝါဒနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေအပြင် တခြားထိရောက်တဲ့ မဟာဗျူဟာတွေရှိပါသလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ကျမတို့ဟာ အကြမ်းမဖက်တဲ့နည်းကိုပဲ အမြဲကျင့်သုံးသွားမှာပါ၊ ဒီမိုကရေစီနိုင်ငံ အတော်များများရဲ့ ထောက်ခံအားပေးမှုကို ကျမတို့ရရှိခဲ့ကြပါတယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက် ဘာလိုအပ်သလဲဆိုတဲ့ မေးခွန်းနဲ့ရင်ဆိုင်နေရတာက ကျမတို့မြန်မာလူထုအတွက် ပြဿနာတစ်ရပ်ဖြစ်နေပါတယ်၊ ကျမတို့ဟာ ပြင်ပကမ္ဘာကိုပဲ မှီခိုနေလို့မဖြစ်ပါဘူးလို့ ဒါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။ နိုင်ငံရေးမှာ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ အဆိုတစ်ရပ်ကို ဘယ်သူကတင်သွင်းသည်ဖြစ်စေ၊ တိုင်းပြည်အတွက် ကောင်းကျိုးရှိမယ်လို့ ယုံကြည်တဲ့ အဆိုပြုချက်ဆိုရင် လက်ခံမယ် ဆိုတဲ့ စိတ်အခံနဲ့ ကျမတို့ လွှတ်တော်ထဲမှာ အားလုံးစုပေါင်း ဆောင်ရွက်နေကြတာဖြစ်ပါတယ်၊ အရာအားလုံးဟာ ကျမတို့ပါတီရဲ့ မူဝါဒတွေနဲ့အပြည်အဝ ကိုက်ညီချင်မှကိုက်ညီပါလိမ့်မယ်၊ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျမတို့မြှင့်တင်ကြရမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။ http://www.rfa.org/burmese/news/dassk-myanmar-democracy-11252012215514.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India