November 30, 2012

(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒီမိုကရေစီမိတ်ဆွေများပါတီ (၁၀)ပါတီမှ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးပွဲမှ)

ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အဆင့်(၃)ဆင့်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူ ထားတဲ့ နယ်မြေဒေသတွေမှာပဲ နေထိုင်ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများကို သွားရောက်လိုလျှင် လက်နက် ကိုင်ဆောင်ခြင်းမပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်းသဘောတူထားသည့်နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျင်းပပြုလုပ်မယ့်နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်းသတ်မှတ် နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက် အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက်သဘောတူလိုက်တဲ့ အနေအထားပဲဖြစ်ပါတယ်။

ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့်မှာဆွေးနွေးရမယ့်အချက်တွေ ကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်ဖို့၊ လွှတ်တော်တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကျေအလည် ဆွေးနွေး ညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေးညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး သဘော တူညီချက်ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တတိယအဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေစတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player တွေအားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာသဘောတူလက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဤလွှတ်တော်ကြီးအတွင်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သန္နိဋ္ဌာန်ကို ကျွန်တော်တို့အားလုံးဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလိုထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသားအားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဒေါက်တိုင်ကြီး(၃)ရပ်နဲ့ တည်ဆောက် သွားကြရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီး မိမိတို့ရဲ့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

ဒီအဆင့်(၃)ဆင့်ဟာ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့လမ်းပြမြေပုံပဲဖြစ်ပါတယ်။ ဒီလမ်းပြ မြေပုံကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အခြေခံအဆောက်အအုံတွေ၊ စီးပွားရေးအခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည်နေရာချထားမှုနဲ့ ပြန်လည်ထူထောင်တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုအဆောက်အအုံတွေ စတဲ့ နည်းဗျူဟာများစွာ ပါဝင်နေမှာဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အရိပ်အာဝါသ အောက်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့အထိ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါရပ်တည်နေနိုင်ဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းတဲ့နေရာမှာ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ဖိတ်ခေါ်ကြိုဆိုပြီး ဘက်စုံထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့အညီ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ပြည်ထောင်စုကြီးဟာ    ဒီ Diversity  ကြန်အင်လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

http://www.president-office.gov.mm/issues/peace/id-1543
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India