November 3, 2012

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အရေးကြီး


စစ်မှန်တဲ့ ပြည်ထောင်စု တရပ်ပေါ်ထွန်း လာပြီး အာဏာ ခွဲဝေကျင့်သုံးရေး စနစ်တွေ ပေါ်ထွန်းလာဖို့ ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင် သင့်တယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်ပါတီ ၁၁ ပါတီ တို့ တွေ့ဆုံ ခဲ့တဲ့ ငြိမ်းချမ်းရေးစင်တာမှာ သွားရောက် သတင်း ယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်မိတ်ဆွေ ၁၁ ပါတီတွေ့ဆုံပွဲမှာ ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီ ခေါင်းဆောင်ပိုင်းတွေက ၀န်ကြီး ဦးအောင်မင်းကို စစ်မှန်တဲ့ ပြည်ထောင်စု တရပ်မှာ  လိုအပ်တဲ့ အာဏာ ခွဲဝေကျင့်သုံး ရေးနဲ့ သယံဇာတ ခွဲဝေ ရယူရေး ကိစ္စတွေကို အဓိက ထားပြီး တင်ပြတောင်းဆို လာကြပါတယ်။

နိုင်ငံတော် သမ္မတရုံး ၀န်ကြီးက စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တရပ် ပေါ်ထွန်းလာပြီး တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်ပိုင်းတွေက သက်ဆိုင်ရာ ပြည်နယ်တွေကို အုပ်ချုပ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ရွေးကောက်ပွဲ ၀င်ကြဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကြိုက်ရင်လည်း ပြင်ဆင်ကြဖို့ ပြန်လည် တိုက်တွန်းလိုက်ပါတယ်။

“ပြည်နယ်တွေကို ဘာနဲ့အုပ်ချုပ်ရမလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ အဲဒီတော့ ခင်ဗျားတို့က ကျနော့်ကို စောဒက တက်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကြိုက်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်သူကရေးတာလဲ။ ဘယ်သူက ပြင်လို့ရလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးအောင်မင်း ပြင်လို့မရဘူး။ ဦးအောင်မင်းမှာ ပြင်ပိုင်ခွင့် မရှိဘူး။ လွှတ်တော်ကသာ ပြင်နိုင်တယ်။”

လက်ရှိ အုပ်ချုပ်ရေး စနစ်အရ ပြည်ထောင်စု အစိုးရ အောက်မှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို အုပ်ချုပ်ခွင့် ပေးထားပေမဲ့ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တွေမှာ အုပ်ချုပ်ရေး အာဏာ ခွဲဝေကျင့်သုံးခွင့် ဆိုင်ရာ အခွင့်အရေးတွေ အင်မတန် နည်းနေတယ်လို့ ရှမ်းပြည်နယ် ဒေသကြီး အစိုးရ အဖွဲ့ဝင် ဦးစိုင်းအိုက်ပေါင်း က နိုင်ငံတော် သမ္မတရုံး ၀န်ကြီးကို တင်ပြခဲ့ပါတယ်။

ပြည်သူတွေဆီက အာဏာရဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အသီးသီးက တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေက ပါတီ နိုင်ငံရေး လမ်းစဉ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲ ကနေတဆင့် ဖက်ဒရယ်စနစ် ပေါ်ထွန်းဖို့ ကြိုးစားသင့်တယ်လို့လည်း ဦးအောင်မင်းက တိုက်တွန်းလိုက်ပါတယ်။

အာဏာခွဲဝေ ကျင့်သုံးရေး ကိစ္စလိုပဲ သယံဇာတ ခွဲဝေရေးကိစ္စတွေကိုပါ ပြည်ထောင်စု အစိုးရက ရာခိုင်နှုန်း အလိုက် အချိုးကျ ပေးနိုင်အောင်လည်း စဉ်းစားပေးနေတယ်လို့  သမ္မတရုံး ၀န်ကြီးက ပြောပါသေးတယ်။

“national resources တွေမှာဆိုရင် ရခိုင်ပြည်နယ်မှာ ရေနံထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်တယ်။ ဒါတွေ အားလုံးကိုလည်း ထိုက်သင့်တဲ့ ရာခိုင်နှုန်း သူတို့ပြည်နယ်ထဲမှာ ထားရတယ်။ ဒီပိုက်ဆံတွေ အားလုံးဟာ သူ့တိုင်းနဲ့ ပြည်နယ် တိုင်းဒေသတွေမှာ ဖွ့ံဖြိုး တိုးတက်ရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ဖြစ်တဲ့အတွက် သူတို့ကို ချပြီးတော့ ထားခဲ့တယ်။ ရာခိုင်နှုန်း တခုနဲ့တခု တူချင်မှတူမယ်။ ကျောက်စိမ်းမှာ ၂၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်၊ ရေနံမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်။ ဒီအတိုင်းပဲ စဉ်းစားနေကြပါတယ်။ နောက်ပိုင်းကျရင် ဖြစ်လာမှာပါ။”

တိုင်းရင်းသား ပါတီတွေရဲ့ ကိစ္စကို ပြည်မက ပါတီတွေက ဂရုမစိုက်ဘူးလို့ ထင်တာကြောင့် ဒီမိုကရက်တစ် မိတ်ဆွေပါတီ ၁၁ ပါတီက တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေး လာတဲ့အခါ သူတို့ဟာ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဘူးလို့ ပြောလာသလို ၈ ပြည်ထောင် တည်ထောင်မယ့် ကိစ္စကိုလည်း လက်မခံဘူးလို့ ပြောလာတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ က ဒေါက်တာ သန်းငြိမ်းက ၀န်ကြီးဦးအောင်မင်းကို တင်ပြခဲ့ပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စု ဆိုရင်တော့ ဒါ ဘယ်သူမဆို ပြောကြတယ် ဆိုကြတယ်။ သို့သော်လည်း ဖက်ဒရယ်စနစ် ဆိုရင်တော့ နည်းနည်းလေး ခါသွားမယ်။ မပြောရဲကြဘူး။ နိုင်ငံရေးသမားတွေလည်း မပြောရဲဘူး။ အပြင်လူတွေလည်း မပြောရဲကြဘူး။ အဲဒီတော့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ သူတို့ ခံယူထားတဲ့ အချက်တွေထဲက အရေးကြီးတဲ့ အချက်တွေကို ကျနော်တို့နဲ့ တင်ပြပြီးတော့ ဆွေးနွေးတဲ့ အခါမှာ ကျနော် အင်မတန် အံ့သြသွားတယ်။ ဘာလဲဆိုရင် တိုင်းရင်းသား ပါတီများက တင်ပြတာက၊ နံပတ် (၁) သူတို့သည် ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ ခွဲမထွက်ဘူး ဆိုတာကို အာမခံတယ်။”

လက်ရှိအချိန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက အုပ်ချုပ်ရေးအာဏာ ရရှိမှုဟာ နည်းနေသေးပေမဲ့ ပြည်မက ပေးအပ်တဲ့ အာဏာ ခွဲဝေ ကျင့်သုံးတဲ့ စနစ် ရရှိလာတဲ့အထိ တဖြည်းဖြည်းချင်း စောင့်ဆိုင်းရဦးမယ်လို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ကျားဖြူပါတီက ဦးစိုင်းအိုက်ပေါင်း က ဗွီအိုအေကို ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ ရန်ကုန်က ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ် ၁၁ ပါတီ တွေ့ဆုံပွဲမှာ ၀န်ကြီးက ကချင်ပြည်နယ်က ငြိမ်းချမ်းရေး ကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတယ် လို့ နိုင်ငံရေးပါတီတွေကို ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ ဘက်ကလည်း ၀န်ကြီးကိုတင်ပြတဲ့အခါ မကြားသေးခင် ရက်ပိုင်းတုန်းက နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရခိုင် ပဋိပက္ခ အရေးဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ ဒေသတွင်း မငြိမ်သက်အောင် လုပ်နေတဲ့ ပါတီတွေ ရှိနေတယ်လို့ ဖော်ပြချက်ဟာ ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ (RNDP) ကို ရည်ရွယ်ချက် ရှိရှိ ထည့်သွင်းပြောဆို ထားတယ်လို့ ယူဆရတဲ့အတွက် များစွာ ၀မ်းနည်းတဲ့ အကြောင်း RNDP က ဦးဦးလှစော က ၀န်ကြီး ဦးအောင်မင်းကို ပြောဆို ခဲ့ပါသေးတယ်။

ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရတ်နေ့တုန်းက နိုင်ငံတော် သမ္မတ အကြံပေး ၂ ဦးနဲ့ တွေ့ဆုံခဲ့ပြီး အခုအခါမှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့ဟာ သီးသန့် တွေ့ဆုံဖို့ မရှိသေးဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဗွီအိုအေ ကို ပြောပါတယ်။

http://burmese.voanews.com/content/democratic-parties-meeting-11-03-12/1538866.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India