November 1, 2012

သျှမ်းတော်လှန်ရေးသမိုင်းဝင် မိုင်းလားတပ်ဖွဲ့ ဒုဉက္ကဌ ကွယ်လွန်

SaoKhunMin_NDAAသျှမ်းပြည်တော်လှန်ရေး၌ တောက်လျှောက်ပါဝင်သည့် တော်လှန်ရေးသမိုင်းဝင် မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ စဝ်ခွန်မြင့် အသက် ၈၆ နှစ်သည် ယမန်နေ့ ညနေပိုင်း က သက်ကြီးရောဂါဖြင့် မိုင်းလား မြို့နေအိမ်၌ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ကွယ်လွန်သူ စဝ်ခွန်မြင့် အသက် ၈၆ နှစ်

သျှမ်းပြည်တော်လှန်ရေးစတင်ကတည်းက ယနေ့အထိ ခေတ်အဆက်ဆက် ပါဝင်လှုပ်ရှားလာခဲ့သော အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA  မိုင်းလားတပ်ဖွဲ့၏အကြီးအကဲတဦးဖြစ်သည့် စဝ်ခွန်မြင့်သည် အဆုပ်ရောဂါ သက်ကြီးရောဂါတို့ဖြင့် မိုင်းလား မြို့ရှိ ၎င်းနေအိမ်တွင် အောက်တိုဘာ လ ၃၁ ညနေ ၄ နာရီ ၄၈ မိနစ်က ကွယ်လွန်ခြင်းဖြစ်ပြီး ကျန်ရှိရုပ် အလောင်းအား ယခုလ ၅  ရက် နေ့က သင်္ဂြိုဟ်မည်ဖြစ် ကြောင်း  မိုင်းလားတပ်ဖွဲ့သတင်း ရပ်ကွက် က ဆိုပါသည်။

“စဝ်ခွန်မြင့်ဟာအခုလက်ရှိ ကျနော်တို့ NDAA  ရဲ့ အတိုင်ပင်ခံလည်းဟုတ်တယ်၊ ဒု - ဥက္ကဌရာထူး တာဝန်လဲ ထမ်းဆောင်တယ်။ သာသနာရေးပိုင်းဆိုင်ရာလဲ သူဘဲ။ သူက သျှမ်းပြည် တော်လှန် ရေးစတင်တဲ့ နွံစစ်ဟန်တပ်ဖွဲ့ လက်ထက် ကတည်းက တော်လှန်ရေးနယ်ထဲဝင်ရောက် တာဝန်ထမ်း ခဲ့တဲ့ သက်တမ်းအရင့်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့လဲဆိုနိုင်ပါတယ်။ မိုင်းလားတပ်ဖွဲ့ထဲမှာလဲ အသက် အကြီးဆုံး ပုဂ္ဂိုလ်တဦးပေါ့” - ဟု တပ်ဖွဲ့ ဝင်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

စဝ်ခွန်မြင့်သည် ကွန်မြူနစ်ပါတီ၏ပြည်သူ့တပ်မတော်တွင်ပါဝင်ခဲ့သော်လည်း လက်ျာဝါဒီ ယုံကြည် သူတဦးဖြစ်သည်ဟု ဆို၏။ သျှမ်းပြည်နိုင်ငံရေး စစ်ရေးဘက်၌ ထူးချွန်သူတဦးဖြစ်ပြီး နောက်လိုက် တပည့် တပမ်းများ၏ ချစ်ခင် ယုံကြည်လေးစားမှုကိုလည်း ခံယူရသူတဦး ဖြစ်သည်။

စဝ်ခွန်မြင့်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မုံးစယ့် မြို့နယ်ဇာတိဖြစ်ပြီး ဖခင်မှာ ယန်ကွမ်းထို  မိခင်မှာ နန်းကောင်ခမ်းဖြစ်သည်။ မွေးချင်း ၄ ယောက် (ကျား ၂ မ ၂ ) အနက် ဒုတိယသားကြီးဖြစ်သည်။ ၁၉၂၆ တွင်မွေးဖွားရာ အသက် ၅ နှစ် အရွယ် သျှမ်းပြည် အရှေ့ ပိုင်း မိုင်းယန်းမြို့နယ် ဝမ့်ဟော့တိုက်ရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ ကွယ်လွန် ချိန်အထိ သျှမ်းပြည်တွင်း၌ပင်နေထိုင်ခဲ့သည်။

၁၉၆၁  တွင် စဝ်ငါးခမ်းဦးဆောင်သော SNA သျှမ်းတပ်ဖွဲ့၌ ဝင်ရောက်အမှုထမ်းခဲ့သည်။ ထိုစဉ်က SNA ဌာနချုပ်ရုံးမှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ဆိုင်မြို့ရှိ ဝမ့်ဟွေ့နမ့်ပုံတွင် တည်ရှိသည်ဟုဆိုပါသည်။

၁၉၇၁ စဝ်ငါးခမ်းကွယ်လွန်ပြီးနောက် ၁၉၇၁ တွင်  SNA အား SSA နှင့်ပေါင်းစည်းကာ SSA-E ဟူ၍ အမည်တွင်ခဲ့သည်။ ထိုစဉ်က စဝ်ခွန်မြင့်သည် တပ်ရင်းအမှတ် ၃ ၏ တပ်ရင်းမှူးဖြစ်ခဲ့သည်။  ၁၉၇၄ တွင် SSA-E မှ SPLA သျှမ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုဖွဲ့စည်းကာ  ဗကပ CPB နှင့်မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၇၆ တွင် ဗကပ နှင့်ပူးပေါင်းခဲ့ရာ စဝ်ခွန်ဆာ၊ ခွန်လောင်ခမ်း ၊ စဝ်ခွန်မြင့် ကဲ့သို့ ခေါင်းဆောင်များ ပါသွားသဖြင့် ဗကပ အောက်၌ တပ်မဟာ ၇၆၈ ကို တည်ထောင်ခဲ့သည်။ ယခုအချိန် အဆိုပါတပ်မဟာမှာ တပ်မဟာ ၃၆၉ အမည်ဖြင့် ဆီလူး၌ အခြေစိုက်နေဆဲဲဖြစ်သည်။ စဝ်ခွန်မြင့်မှာလည်း အဆိုပါတပ်မဟာမှ အုပ်ချုပ်ရေးအပိုင်း၌ တာဝန်ယူခဲ့သည်။

စဝ်ခွန်မြင့်သည် ကွယ်လွန်ချိန်အထိ မိုင်းလားမြို့ မန့်တုန့်သူ ဇနီး နန်းခမ်းလျဲန်းနှင့်နေထိုင်သည်။ ၎င်း၏ သားသမီး ၁၆ ဦးအနက် တဦးဖြစ်သည့် စိုင်းယီ့မှာ မိုင်းလားတပ်ဖွဲ့အတွင်း ရဲတပ်ဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ထမ်းရွက်နေပါသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3611-2012-11-01-08-17-39.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India