November 5, 2012

တွံတေးတွင် KPP မှ အစိုးရ၏ ငြိမ်းချမ်းရေးလူထုထောက်ခံပွဲပြုလုပ်ခဲ့

နိုဝင်ဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်း တွံတေးမြို့ရှိ ဘိုးဘွားရိပ်သာခမ်းမတွင် ကရင်ပြည်သူ့ပါတီ-KPP အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် ကရင်သဟာ ယလူကြီးများ (မဟာရန်ကုန်)၏ ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များအပေါ် လူထုထောက်ခံပွဲ အခမ်းအနားတစ်ရပ်ကို တွံတေးမြို့ နယ် KPP ပါတီမှ ကြီးမှူး၍ အောက်တိုဘာလ ၃ရက်နေ့မနက် ၁၀နာရီကျော်မှ ၁၁နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေး၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များရှိ နိုင်ငံရေး ပါတီဝင်များ အပါအဝင် လူထုစုစုပေါင်း ၂၀၀နီးပါး တက်ရောက်ခဲ့သည့် ထိုအခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် စောမြင့်ဆွေ (ရပ်ရွာလူထု ကိုယ်စားပြု)၊ စကျော်စိန် (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ – တစည ခရိုင်လူငယ်တာဝန်ခံ)၊ မန်းအုန်းမြင့်သိန်း (KPP – တောင်ပိုင်းခရိုင် ဥက္ကဌ)၊ မန်းကျော်အေး(ကွမ်းခြံ ကုန်း KPP -ဥက္ကဌ)တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။
အစီအစဉ်အရ KPP ဥက္ကဌဖြစ်သူ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်မှ ပေးပို့သော သဝဏ် လွှာကို ဖတ်ကြားခဲ့သလို KPP ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်များကိုလည်း ဖတ်ကြားကြေညာခဲ့ရာ (၁)နိုင်ငံ တော်မှ ဦးဆောင်ပြုလုပ်သော ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံသည် (၂)ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင် ဆောင် ရွက်ရန် မေတ္တာရပ်ခံသည် (၃)ကရင်ပြည်သူတစ်ရပ်လုံးဘဝ မြင့်မားတိုးတက်ရန် စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအ တွက် ၀ိုင်းဝန်းလုပ်ဆောင်သွားမည်ဟူ၍ ဆုံးဖြတ်ခဲ့ကြသည်။
အခမ်းအနား တက်ရောက်ခဲ့သူတစ်ဦးက “ဆုံးဖြတ်ချက်တွေကို ဖတ်ပြတယ်။ အဆိုတင်သွင်းသူ၊ ထောက်ခံသူ အဲလိုပုံစံမျိုး လုပ် တာတော့ မဟုတ်ဘူးပေါ့။ ဒီဆုံးဖြတ်ချက်တွေကို လက်မခံတဲ့သူရှိရင် လက်ထောင်ပါဆိုတော့ ဘယ်သူမှ မထောင်ဘူးလေ။ ဒါနဲ့ ပဲ အတည်ယူလိုက်ကြတာပေါ့”ဟု ပြောသည်။
ထို့အပြင် တက်ရောက်လာသော ရပ်ရွာကိုယ်စားပြု ကရင်လူထုများက ၎င်းတို့၏ ဒေသတွင်း ရင်ဆိုင်နေရသော ဖွံ့ဖြိုးရေးဆိုင် ရာ အခက်အခဲ၊ ပြဿနာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ကရင်လူထုတစ်ဦးဖြစ်သူ စလွင်ဦးက “ကျနော်တို့ ကပြင်ကြီးကျေးရွာဘက်က စစ်အစိုးရလက်ထက်မှာ လယ်မြေသိမ်းခံရတာ တွေ၊ ကိုယ့်လယ်ကို သီးစားခပေးပြီး ပြန်စိုက်ပျိုးနေရတဲ့ဘဝတွေဟာ ငြိမ်းချမ်းမှု မရှိလို့ ဖြစ်နေတာပါ။ မြန်မာတစ်ပြည်လုံး နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတဲ့ လယ်ယာသိမ်းမှုတွေဟာလည်း ဒါကြောင့်လို့ မြင်ပါတယ်”ဟု ပြောကြားသည်။
ယင်းနောက် ကရင်ပြည်သူတစ်ရပ်လုံး ရင်ဆိုင်တွေ့ကြံုနေရသော အခက်အခဲများအား ကူညီဆောင်ရွက်ပေးရန် ကရင်ပြည်သူ များ၏ တင်ပြချက်များကို သဘာပတိများမှတဆင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ ကရင်ဝန်ကြီးများသို့ ပေးပို့ရန် ၀န်ကြီး ကိုယ်စားလှယ်အား အပ်နှံခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်းများအပြီးတွင် သဘာပတိ မန်းအုန်းမြင့်သိန်းမှ နိဂုံးချုပ် အမှာစကားပြောကြားကာ ကရင်အမျိုးသားသီချင်း သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ငြိမ်းချမ်းရေး ထောက်ခံပွဲသို့ တက်ရောက်လာသော ကော့မှူးမြို့နယ်မှ အမျိုးသားတစ်ဦးကလည်း “ကျနော်တို့ KNU ကိုကော၊ တာဝန်ရှိတဲ့ လူကြီးတွေကိုကော ပြောချင်ပါတယ်။ အခု ငြိမ်းချမ်းရေးဟာ စစ်လား မစစ်လား မသိပါဘူး။ ဒါပေမယ့် တကယ်စစ် မှန်တဲ့အထိ ရောက်အောင်လုပ်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု အကြံပေး ပြောဆိုခဲ့သည်။
တွံတေး၊ ကွမ်းခြံကုန်း ၊ကော့မှူးမြို့နယ်တို့တွင် ကရင်လူမျိုး ၃၀ရာခိုင်နှုန်းကျော်ရှိပြီး ယခုပြုလုပ်သည့် ငြိမ်းချမ်းရေး လူထု ထောက်ခံပွဲသို့ ကရင်လူမျိုး အများစုအပြင် အခြားလူမျိုးများလည်း လာရောက်အားပေးခဲ့ကြသည်။

 http://www.kicnews.org/?p=13997
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India