December 16, 2012

စစ်ကူ မရောက်ခင် လက်နက်ကြီး များဖြင့် ပစ်ကူ ပေးနေရ


အစိုးရတပ်မှ ပစ်ခတ်သည့် ၁၀၅ မမ တာဝေးပစ် ဟော်ဝစ်ဇာ အမြောက်အား မြင်ရစဉ်လိုင်ဇာ အနီးရှိ ဒေါ့ဖုန်းယန်း ဟမ်းကိုင် အခြေစိုက် အစိုးရ လက်နက်ကြီး တပ်ဖွဲ့က လဂျားယန် အနီး အနား တဝိုက်ကို ယနေ့ မနက်ပိုင်း ကတည်းက စပြီး ညပိုင်း အထိ ပစ်ခတ် နေကြောင်း အဆိုပါ စစ်မျက်နှာ၌ ရှိနေသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) ခေါင်းဆောင် တဦးက ဆိုပါသည်။
“ လဂျားယန် တဝိုက် ကိုပေါ့နော် ၁၂၀ မမ ရော၊ ၁၀၅ မမ ဟော်ဝစ်ဇာ အဝေးပစ် အမြှောက် နဲ့ရော ဒီနေ့ မနက် (၇) နာရီ ကျော် ကတည်းက စပစ် နေတာ ညပိုင်း အထိကို ပစ်ခတ် နေတာပါ။ ဒါကို ကြည့်ရင် (၁၄) ရက်နေ့ တိုက်ပွဲမှာ ဦးကြိုးနေတဲ့ သူတို့ တပ်ဖွဲ့တွေ အဲဒီ နေရာကနေ မဆုတ်ခွာ နိုင်သေးဘူး ဆိုတာ ထင်ရှား ပါတယ်။ ပြီးတော့ သူတို့ စစ်ကူ တွေကလည်း အခု အထိ မလာနိုင် သေးတော့ လက်နက် ကြီးတွေနဲ့ ကာပြီး ပစ်ကူ ပေးနေတဲ့ သဘောဘဲ ဖြစ်မယ်”ဟု ဆိုပါသည်။

အစိုးရ စစ်ကူ အင်အား (၃၀၀) ခန့် သည်  ယနေ့ မနက် ပိုင်းတွင် မြစ်ကြီးနားမှ စစ်သုံးဝန်ချီ ရဟတ်ယာဉ် (၂) စင်း ဖြင့် ဗန်းမော်သို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ ဤစစ်ကူ များသည် မွန်းလွဲ (၃) နာရီ အချိန် ခန့်တွင် ဗန်းမော် မြို့မှ စစ်မော်တော်ယာဉ် အစီး (၃၀) ခန့်ဖြင့် ဒေါ့ဖုန်းယန်သို့ ပို့ဆောင် ပေးနေပြီး ဖြစ်သည်ဟု KIA ဖက်မှ ဆိုပါသည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့ လဂျားယန် တိုက်ပွဲတွင် KIA ဖက်မှ သုံ့ပန်း(၇) ဦးနှင့် အလောင်း (၁၇) လောင်း သိမ်းဆည်း နိုင်ခဲ့ပြီး အလောင်း များကို ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့ သည်ဟု ဆိုပါသည်။ ဤသည် လဂျားယန် တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ ကစဉ့် ကလျား ဖြစ်ပွားပြီး ထိခိုက် ကျဆုံးမှု များပြား သောကြောင့် အလောင်းနှင့် လူနာများ မသိမ်းဆည်းနိုင်ဘဲ ဆုတ်ခွာ ခဲ့ရ ခြင်း၏ လက္ခဏာ ဖြစ်ပါသည်။

KIA Map of Lajayan

အစိုးရ ခမရ (၃၈၃)(၃၈၄) နှင့် (၃၈၉) တပ်ဖွဲ့ တို့သည် ကချင် လွတ်လပ်ရေး အဖွဲ့ ဌာနချုပ် ဖြစ်သော လိုင်ဇာသို့ ဒီဇင် ဘာလ (၁၄) ရက်နေ့ ၌ ထိုးစစ်ဆင် ခဲ့သဖြင့် လဂျားယန် ကျေးရွာ တဝိုက်သို့ ရောက်ရှိ နေခြင်း ဖြစ်ပါသည်။ ဤစစ်ဆင် ရေးတွင် KIA နှင့် ABSDF တပ်ဖွဲ့ တို့၏ တုန့်ပြန် တိုက်ခိုက် မှုကြောင့် သုံ့ပန်း အပါ၀င် အကျအဆုံး များစွာ ရှိခဲ့သဖြင့် ဦးကျိုးနေ ခြင်းဖြစ်ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2516--kia-.html
ဤသို့ကြောင့် ABSDF အဖွဲ့မှ ဖမ်းဆီး ရမိသော အစိုးရ သုံ့ပန်း များ၏ အဆိုအရ ဤစစ်ဆင်ရေး၌ ၄င်းတို့ အင်အား ၄၀၀ နီးပါး နှင့် စစ်ဆင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အလားတူ အစိုးရ လက်နက်ကြီး တပ်ဖွဲ့ ကလည်း ဤကဲ့သို့ ဦးကျိုးနေ သော ၄င်းတို့၏ တပ်ဖွဲ့များကို  KIA ၏ ချေမှုန်းခြင်းကို ထပ်မံ မခံရ လေအောင် လက်နက်ကြီး များဖြင့် ကာကွယ် ပေးနေခြင်းဖြစ် ဖွယ်ရှိသည်ဟု ယူဆ ကြပါသည်။

လက်ရှိ ၌လည်း KIA နှင့် ABSDF တပ်ဖွဲ့ တို့သည် ပြင်ပနှင့် အဆက် အသွယ်များ ဖြတ်တောက် ထားပါသည်။ ဤ လက္ခဏာသည် ဦးကျိုးနေသော အစိုးရ တပ်ဖွဲ့ကို ဆက်လက် ချေမှုန်းရန် ဖြစ်ဖွယ် ရှိနေသည်ဟု အကဲခတ် များက ယူဆ ပါသည်။

KIA နှင့် အစိုးရ တပ်ဖွဲ့ များသည် ပန်းဝါ ဒေသ ဖက်ရှိ မှတ်တိုင် () ဒေသ တွင်၄င်း ဗန်းမော် နမ့်ခမ်းလမ်း ဒေသတွင် ၄င်း ကေအိုင်အို တပ်ရင်း () အခြေစိုက်သည့်  ဝိုင်းမော် မြို့နယ် ၌၄င်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်ဟု မြောက်ပိုင်းရှိ ABSDF ခေါင်းဆောင် များက ဆိုပါသည်။

KIA နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ပြီးခဲ့သည့် ဒီဇင် ဘာလ ရက်နေ့မှ ၁၃ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၇၄ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ရေတွက်လျှင် တိုက်ပွဲပေါင်း ၁၃၆၀ ခန့် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်ဟု KIA ဖက်က ဆိုပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/2523-2012-12-16-13-46-26.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India