Sunday, December 16, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် မည်သည့်နိုင်ငံခြား
တိုင်းပြည်ကိုမှ လက်နက် တစုံတ ရာ ရောင်းချခဲ့ခြင်းမရှိပါဖူးလို့ အိန္ဒိယ
စစ်တပ်ထိပ်တန်း အရာရှိတဦးက ပြောကြား လိုက်ကြောင်း ဒီကနေ့ ဒီဇင်္ဘာလ ၁၆
ရက်နေ့ထုတ် The Times of India သတင်းစာမှာ ဖော်ပြထားပါ တယ်။
(Photo: AFP
ထိုင်း-မြန်မာနယ်စပ်တွင် တပ်စွဲထားသော မြန်မာ
စစ်အစိုးရ တပ်စခန်းတခုမှ စစ်သားများ ထိုင်းပိုင်နက် နယ်မြေထဲသို့
မှန်ပြောင်းဖြင့် ကြည့်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ကချင်ပြည်နယ်မှာ မြန်မာတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံလုပ်
Carl Gustaf M3 တင့်ကားဖျက်ရိုင်ဖယ်တစ်လက်အပေါ်က နံပါတ်ကို ဆွီဒင်အစိုးရက
စစ်ဆေးခဲ့ရာမှာ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့တဲ့ လက်နက်ဖြစ်နေကြောင်း
သိရှိခဲ့ရပြီးနောက် ဆွီဒင်အစိုးရက အိန္ဒိယအစိုးရကို ရှင်းလင်းချက်ပေးဖို့
တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman
Khurshid က မိမိတို့ လက်နက် အရောင်းအဝယ်မလုပ်ကြောင်း အဲဒီသတင်းနဲ့
ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း မနေ့က ရန်ကုန်မြို့မှာ ပြောကြားပါတယ်။
ဥရောပနိုင်ငံများအဖွဲ့ အီးယူဟာ မြန်မာနို်င်ငံကို ၁၉၉၆ ခုနှစ်ကစပြီး
လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာဖြစ်တဲ့အတွက် အီးယူ
အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံလုပ် လက်နက်တခု မြန်မာစစ်တပ် လက်ထဲ
ရောက်ရှိတာကို တွေ့ရှိခဲ့ရာကနေ အခုလိုနောက်ဆက်တွဲ သတင်းတွေ
ထွက်ပေါ်လာနေတာဖြစ်ပါတယ်။
http://www.rfa.org/burmese/news/india-myanmar-weapon-12162012021545.html
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,နိုင်ငံတကာသဘောထား
Email This
BlogThis!
Share to Facebook