December 17, 2012

ကချင်ဒေသတွင်း တိုက်ပွဲများကြောင့် ပိတ်ထားသည့်လမ်း ပြန်ဖွင့်ပြီ

လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဗန်းမော် – လိုင်ဇာသွားသည့်လမ်းကို တပတ်ကျော်ကြာ လုံးဝပိတ်ထားရာမှ ယမန်နေ့မှ စတင်၍ ပြန်လည်ကာ အသွားအလာ ပြုလုပ်နိုင်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၆ ရက်မှစတင်ကာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်နှင့် လဂျားယန်ရွာ အနီးတဝိုက်တွင် အစိုးရတပ် လှုပ်ရှားမူများ တိုးလာခဲ့ပြီး လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မူများ ရှိခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်ကျော်ချိန်တွင် တိုက်ပွဲအရှိန် မြင့်တက်လာခဲ့ပြီး ဒီဇင်ဘာ ၁၃၊ ၁၄ ရက်နေ့များတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ အစိုးရက လေကြောင်းမှ ကူညီပေးမှုများ ပြုလုပ်ခဲ့သည်။
“အစိုးရတပ်တွေ ပြန်ဆုတ်သွားလို့ လမ်းတွေပြန်ဖွင့်တယ် လို့တော့ ကြားတယ်။ အခု လမ်းပိတ်ထားတာက အစိုးရဘက်က ပိတ်ထားတာပါ” ဟု ဗန်းမော်မြို့တွင် နေထိုင်ကာ ဒုက္ခသည်များကို ကူညီစောင့်ရှောက် ပေးနေသည့် ခရစ်ယာန် ဘုန်းတော်ကြီး ဦးအောင်ဒန်က ပြောသည်။
ပြည်မမှနေ၍ လိုင်ဇာသို့ သွားနိုင်သည့် တခုတည်းသောလမ်း ဗန်းမော် – ဒေါ့ဖုန်းယန် – လိုင်ဇာလမ်းကို လိုင်ဇာအနီး တိုက်ပွဲ ပြင်းထန်ချိန် ဒီဇင်ဘာ ၁၀ ရက် ၀န်းကျင်ကတည်းက ဗန်းမော်မြို့မှ အသွားအလာအားလုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ဗန်းမော် – လိုင်ဇာ လမ်းသည် တိုက်ပွဲအလွန်ဆိုးသည့် အခါမျိုးမှလွဲ၍ လမ်းခေတ္တ ပိတ်ခြင်းသာရှိပြီး ဆိုင်ကယ် ကယ်ရီများ အမြဲဖြတ်သန်းနေသော လမ်းဖြစ်သည်။
“ဒီလမ်းက ထူးဆန်းတယ် တိုက်ပွဲနည်းနည်းစဲတာနဲ့ ဆိုင်ကယ်သမားတွေ ပြန်တက်ကြတဲ့လမ်း၊ ဟိုတလောက တိုက်ပွဲတွေ သိပ်ဆိုးတုန်းက အစိုးရက ပိတ်ထားတာ အခုတော့ ကျနော်တို့ရဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တပါးတောင် ဗန်းမော်ကနေ ဒေါ့ဖုန်းယန်သွားပြီး ပိတ်မိနေတာ အခုမှ ပြန်ရောက်လာတယ်” ဟု ဦးအောင်ဒန်က ဆိုသည်။
တိုက်ပွဲများ ပြင်းထန်သည့်အချိန်တွင် ဗန်းမော်ဘက်မှ မြန်မာအစိုုးရဘက်ကလည်း လမ်းပိတ်ထားပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကလည်း လိုင်ဇာဘက် လမ်းကိုပိတ်ထားကြောင်း သူက ဆက်ပြောသည်။
ဗန်းမော် – လိုင်ဇာ လမ်းသည် ၂၀၁၁ ခုနှစ် နို၀င်ဘာလ အတွင်းက ကုလသမဂ္ဂ အကူအညီများ ကချင်ပြည်နယ်သို့ ပို့ဆောင်ရာတွင် အသုံးပြုခဲ့သည့် လမ်းဖြစ်သည်။
“အခုလည်း လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ လိုင်ဇာက လူတွေ ဖုန်းဆက်ပါတယ်” ဟု ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်မှ ဗန်းမော်ခရိုင် တာဝန်ခံ ဦးနန်ဇင်း တူးဂျာက ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေမှ စတင်ကာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ထိုးစစ်ဆင်ခြင်းမပြုရန် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ညွှန်ကြားခဲ့ သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

http://burma.irrawaddy.org/archives/28303
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India