December 17, 2012

KIA၏ မဟာ ဗျူဟာမြောက် နိုင်ငံရေး တိုက်ပွဲ ကြီးများ


KIA Rကချင်လွတ်လပ်ရေးတပ် မတော် (KIA) သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ တရက်ထဲ အစိုးရ စစ်စခန်းနှစ်ခုကို သိမ်း ပိုက်နိုင်ခဲ့သည်ဟု KIA စစ်ရုံးအရာရှိတဦးက ပြောပါသည်။
အဲဒီစခန်းတွေကတော့ လိုင်ဇာနားမှာ ရှိတဲ့ တပ်မဟာ () လက်အောက်ခံ တပ်ရင်း () နေရာဖြစ်တဲ့ လောပွမ်း ခန်းရယ်၊ ပြီးတော့ တပ်မဟာ () ပန်ဝါဒေသဘက်မှာ ရှိတဲ့ လောပွန်းပိုစ် စခန်းရယ် ဖြစ်ပါတယ်။ အဲဒီစခန်းတွေဟာ ရင်က KIA စခန်းတွေပါ အဲဒါပြန်လည် သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကတော့ ကနေ့အထိ ပြင်းပြင်းထန်ထန် ကိုဖြစ်နေတယ် အကျအဆုံးလဲများကြပါတယ်ဟုဆိုပါသည်။
အကျအဆုံးများကို အတိအကျမသိရသော်လည်း လိုင်ဇာအနီးရှိ ၀ိုင်းမော်မြို့နယ်မှ KIA လောပွမ်(Law Pum) စခန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ () ရက်နေ့တွင် အစိုးရ အနောက်မြောက်တိုင်း လက်အောက်ခံ ခလရ (၁၆) တပ်ဖွဲ့ဝင် များက သိမ်းပိုက်ခဲ့သော စခန်း ဖြစ်ပါသည်။ ထို့အတူ KIA တပ်မဟာ () ပန်ဝါဒေသမှ လောပွန်းပိုစ် စခန်းသည်လည်း ပြီးခဲ့တဲ့ တစ်ပတ်ကမှ တပ်မ (၈၈) လက်အောက်ခံ တပ် တွေက သိမ်း ပိုက်ခံရသော စခန်းဖြစ်ပါသည်။ KIAသည် ဒီစခန်း ခုစလုံးကို ဒီဇင်ဘာလ (၁၄) ရက်နေ့ တရက်အ တွင်းမှာပင် ပြန် လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
KIAသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့လည်း ပန်ဝါနယ်ခြားမှတ်တိုင် (၆) အနီးရှိ အူရားကောင် (U Ra Kawng) စခန်းကို အစိုးရတပ်ဖွဲ့ထံမ ှသိမ်းပိုက်ခဲ့ ပါသည်။ ဤအချိန်မှစပြီး KIA နှင့် အစိုးရတပ်ဖွဲ့တို့သည်၊ တိုက်ပွဲများပိုမိုပြင်း ထန် လာပြီး အပြန်အလှန်စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေကြပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2503--kia-.html http://www.phophtaw.org/burmese/index.php/news/local-news/2496--kia-.html
ပန်းဝါဒေသတွင် ယနေ့အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိနေပြီး ယမန်နေ့တိုက်ပွဲတွင် တပ်မ (၈၈) လက်အောက်ခံ မကွေးတိုင်း စကုမြို့အခြေစိုက် ခလရ(၁၀) တပ် ဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲ၌ သေဆုံး၊ ဒဏ်ရာရသူ (၁၀) ဦး ခန့်ရှိပြီး ယာယီ တပ်ရင်းမှူး ဗိုလ်မှူးခင်ထွန်းအောင် နှင့် ဗိုလ် ကြီးကျော်စွာအေးတို့နှစ်ဦး ယနေ့ မနက်ပိုင်းတွင် ကျဆုံးသွားခဲ့ သည်ဟု KIA ဖက်က ဆိုပါသည်။
KIA သည် ဒီဇင်ဘာလအတွင်း အစိုးရထံကျသွားသော စခန်း () ခုအနက် စခန်း () ခုကို သူတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ပြီးဖြစ်သည်ဟု ဆိုပါသည်။ လက်ကျန်တခုစခန်းမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် မိုကောင်းမြို့ အကြားရှိ KIA တပ်မဟာ () တပ်ရင်း () လက်အောက်ခံ တပ်ခွဲတဖွဲ့၏ ရှေ့တန်းစခန်းဖြစ်သော ကောင်း ဝါ (Kawa Kawng) စခန်းသာ ဖြစ်ပါသည်။ ဤစခန်းသည် အစိုးရ ခမရ ၂၉၇၊ ခမရ ၂၉၈ နှင့် ခလရ (၂၅) တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ () အရာရှိတဦးက ဆိုပါသည်။
ထို့အပြင်KIA သည် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေစဉ်အတွင်း တချိန်ထဲ အစိုးရ၏ လဂျားယန်ထိုးစစ်ကိုလည်း ချေမှုန်းနိုင်ခဲ့ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2516--kia-.html
D 14 Occupation wesponse from Military
လဂျားယန်တိုက်ပွဲ သုံ့ပန်း+ အလောင်း (၁၇) လောင်းအပါ၀င် သိမ်းဆည်းရမိသော အစိုးရလက်နက်ခဲယမ်းတချို့

အစိုးရသည် ပွင့်လင်းရာသီရောက်သည်နှင့် KIA အား ပိုမိုစစ်ဆင်လာခဲ့သည်မှာ () နှစ်တိုင်လာခဲ့ပြီး ဖြစ်ပါသည်။ ပြီးခဲ့ သည့် ၂၀၁၁ ခုနှစ် ဇွန်လမှ စခဲ့သော တိုက်ပွဲများသည် ယနေ့ထိတိုက်ပွဲပေါင်း နှစ်ထောင်ကျော် ရှိခဲ့ပြီးဖြစ်သည်ဟု KIA ဖက်ကဆိုပါသည်။
ဤတိုက်ပွဲများ ရပ်စဲသွားစေရန် အစိုးရ၏ ငြိမ်းချမ်းမှု တည်ဆောက်ရေးအဖွဲ့သည် KIA နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးမည်ဟု အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစိုးရသည် အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူလက် မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးရန် ဆန္ဒရှိပါသည်။ သို့သော်လည်း KIA သည် နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ အရင် ဆွေးနွေးဖြေရှင်းမှသာ ထာဝစဉ်ငြိမ်းချမ်းရေး (အပစ်အခတ်ရပ်စဲရေး) ရရှိလိမ့်မည်ဖြစ်သည်ဟု ဆန္ဒရှိပါသည်။
စစ်ရေးအကဲခတ်များကမူ KIA သည် အပစ်အခတ်ရပ်စဲရေး ယူခဲ့ဘူးပြီးဖြစ်သည်၊ ထို့အပြင် အပစ်အခတ် ရပ်စဲထားသော ၄င်းတို့၏ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မဟာမိတ် အဖွဲ့ဝင်များ၏ လိပ်ခဲတင်းလင်း ဖြစ်နေသောအခြေအနေကိုလည်း သုံးသပ်ပါလိမ့်မည်။ ဤသို့ကြောင့် KIA သည် ၁၉၉၄ ခုနှစ်က ၄င်းတို့ရရှိခဲ့ပြီး ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးမျိုး နောက်ထပ်အလိမ်ခံရနိုင်သည်ကို စိုးရိမ်နေသည့်အတွက် နိုင်ငံရေးပြသနာကို အရင် ဆွေးနွေးစေချင်ခြင်းဖြစ်ကြောင်း၊ KIA ၏ ရပ်တည်ချက်သည် ရရှိသင့်သည့် တိုင်းရင်းသားများ၏ အခွင့်အရေးအပေါ် အခြေခံရပ်တည်နေခြင်းဖြစ်ပြီး ၄င်းအပေါ် အနစ်နာခံ တိုက်ပွဲဝင်နေခြင်းသာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များကဆို ပါသည်။ 

 http://www.phophtaw.org/burmese/index.php/news/local-news/2525-kia-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India