December 7, 2012

ပလောင် ဒေသ၌လည်း စစ်ဆင်ရေး တိုးများလာဖွယ်ရှိ


Soldiereqww323ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA ) လှုပ်ရှားရာ ဒေသတွင် တိုက်ပွဲ ငယ်လေးများ ခပ်စိပ်စိပ် ဖြစ်ပွား လာနေပြီး ပြင်းထန်လာဖွယ် ရှိနေသည်ဟု TNLA ပြောခွင့်ရှိသူ ဗိုလ်မှူးတာဘုန်းကျော် က ပြောပါသည်။
“တိုက်ပွဲ မဖြစ်တာ (၅) ရက်လောက် ငြိမ်နေရာကနေ ဆက်တိုက်ဖြစ်လာခဲ့တပါ။ ပျောက်ကျား ပွဲလေးတွေပါ။ ဒီနေ့မှာ လည်း ကွပ်ခိုင်နဲ့ မိုင်ပေါကြားက ပန်းခတ်ပေါင် ဖက်မှာ တကြိမ်နဲ့ နမ်းဆန်းမြို့နယ်က ပန်လုံ ကျေးရွာဖက်မှာ တကြိမ် ပစ် ခတ်ကြပါတယ်။ ၊ တနေ့ကလည်း ၂ ကြိမ်ဖြစ်တယ်။ ဒီတော့ သဘောက သူတို့ ဘက်က လှုပ်ရှားလာရင် ကျနော်တို့ ဘက် က ပျောက်ကျားနဲ့ ပစ်မယ်ဆိုတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ သူတို့ကလည်း စစ်အင်အားကို တဖြည်းဖြည်းနဲ့ တိုးချဲ့ ချထားလာ နေတယ်။  ကျနော်တို့ကို တိုက်ဖို့ လိုက်လံ နေရာယူ နေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။
နမ့်ဆန်မြို့နယ်တွင် ခလရ (၁၃၀)၊ ခလရ (၁၄၄)၊ ခလရ (၁၁၅)နဲ့ ခမရ (၅၀၁) တပ်ဖွဲ့တို့က လှုပ်ရှားနေပါသည်။ ထို့ပြင် မန်တုံမြို့နယ် ခမရ (၅၀၂) အပါ၀င်၊ ခလရ (၂၃)၊ အောင်လံ အခြေစိုက် ခလရ (၇၁)၊ မန္တလေး အခြေစိုက် ခလရ (၉၅) တပ်ဖွဲ့များ လှုပ်ရှားနေပါသည်။ ဤတပ်ရင်းများ၏ ရှေ့တန်း ထွက်အင်အားသည် တပ်ရင်းတရင်းလျှင် အင်အား (၁၀၀) ကျော်သာ ရှိပါသည်။ TNLA အခြေချရာ ဒေသ အစိုးရ တပ်ရင်းပေါင်း (၁၆) ရင်းခန့် လှုပ်ရှား နေသည်ဟု ပလောင် တို့က ဆိုပါသည်။
စစ်ရေးအရ လှုပ်ရှား ရာတွင်လည်း အစိုးရ တပ်ဖွဲ့တို့သည် စစ်ကြောင်း လှုပ်ရှားမှု ပုံစံထက် ပျောက်ကျား တပ်ဖွဲ့ ပုံစံဖြင့် လှုပ်ရှား လာပါသည်။ လိုအပ်ပါက အရပ်ဝတ်ဖြင့် ပုံမှားရိုက်ပြီး နယ်မြေအခြေအနေများ လေ့လာလျှက်ရှိကြောင်း ဗိုလ်မှူး တာ ဘုန်းကျော်က ဆိုပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာာ ၂၂ ရက်နေ့တွင် အစိုးရတပ်ဖွဲ့ တို့သည် စစ်ကား အစီး (၅၀) ဖြင့် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ မူဆယ်မြို့ ၁၀၅ မိုင် (ကုန်သွယ်ရေးဇုံ) ဘက်သို့ ချီတက် ခဲ့ပါသည်။
နိုဝင်ဘာ (၂၄) ရက်နေ့တွင် ကြူကုတ် ပန်ဆိုင်းဘက်သို့ စစ်ကား (၅) စီးဖြင့် ထွက်ခွာ သွားခဲ့သလို၊ နမ့်ခမ်းမြို့ဘက်သို့ လည်း စစ်ကား (၅) စီးနှင့် အမြောက်တင် တင့်ကား (၁) စီး ရောက်ရှိ လာပါသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့၌ နမ့်ဆန်မြို့ဘက်သို့ စစ်ကား (၇) စီး ရောက်ရှိလာပြီး ဖြန့်ခွဲနေသော တပ်ဖွဲ့များ၏ တပ်ရင်း များကိုမူ မသိရှိရသေးသည်ဟု ပလောင်ဖက်က ဆိုပါသည်။
“အစိုးရ တပ်ဖွဲ့ရဲ့ နည်းဗျူဟာ ကတော့ တိုက်ပွဲတွေ ဆင်ဖို့ နယ်မြေလေ့လာ နေတဲ့သဘော ဖြစ်ပါတယ် ဒီအကြောင်းကို ကျ နော်တို့ ဖမ်းဆီး ရရှိထားတဲ့ အစိုးရ တပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီ အစိုးရ တပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းက ကျနော်တို့ မန်တုံမြို့နယ်မှာ ရှိတဲ့ တပ်ရင်း (၃၆၇) က (၅) ယောက် ဖမ်းဆီး ရမိထားပါတယ်။ ဒီသတင်း ကိုသူတို့ ရဲ့ ထွက်ဆိုချက်အရ သိရတာပါ။” ဟု TNLA ဗိုလ်မှူးက ဆိုပါသည်။
Pa Laung 0092213
TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်

ထို့အပြင် ရှမ်းမြောက်ပိုင်းရှိ ကျောက်မဲ၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကြူကုတ်ပန်ဆိုင်း မြို့နယ်ဖက် လည်း စစ်ဆင်ရေး တိုးမြှင့် ရှိသည်ဟု အဖမ်းခံ ရထားရသော သုံ့ပန်းများက ဆိုထားခဲ့ပါသည်။
ဤဒေသသည် TNLA အပြင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် SSA တို့ လည်း ဒေသ အလိုက် တစ်ဖွဲ့ချင်း လှုပ်ရှားနေကြသဖြင့် တိုက်ပွဲများ ပြင်းထန် လာဖွယ် ရှိသည်ဟု ပလောင်တို့က ဆိုပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2486-2012-12-07-09-28-03.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India