ချင်းတွေ စည်းလုံးညီညွတ်မှု အားကို ဖလမ်းမြို့မှ စတင်သည်ဟု ချင်းအမျိုးသားတပ်ဦးအထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးက ပြောလိုက်သည်။ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း ဦးဆောင်လာသည့် CNF ငြိမ်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေ ၃ နာရီခန့်တွင် ဖလမ်းမြို့သို့ ၀င်ရောက်လာပြီး မြို့နယ်ခန်းမ လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ချင်းလူထု ၅၀၀၀ ခန့်တက်ရောက်သည့် ဖလမ်းညီလာခံကြီးကို ရည်ညွန်းပြီး ပြောဆိုလိုက်တာဖြစ်သည်။
“ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပေါက်ဖွားစေတဲ့ ဖေဖေါ်ဝါရီ ၂၀ ချင်းအမျိုးသားနေ့ဟာ ချင်းတမျိုးသား လုံးစည်း လုံးညီ ညွတ်မှုကို ပြသတာဖြစ်တယ်၊ ဒီဖလမ်းစိတ်ဓါတ်ကို စွဲကိုင်ပြီးချင်းအမျိုးသားနိုင်ငံရေးကို လုပ်ဆောင်ရမှာဖြစ်တယ်၊ ယနေ့ လို ငြိမ်းချမ်းရေးတံခါးပွင့်လာတဲ့ အချိန်မှာ ချင်းတမျိုးသားလုံးဟာ လက်တွဲသင့်တယ်၊ ယနေ့လိုမျိုး ဒေသခံတွေရဲ့ ကြိုဆိုမှုဟာချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို ပြသတာဖြစ်တယ် ” ဟု ပြောသည်။
ဖလမ်းမြို့ပေါ်မှ မြို့မိမြို့ဖ ဖြစ်သူ ပူးထန်ကိမ်း တိုင်ပေးချက်အရ ဖလမ်းပြည်သူလူထုသည် ဒီမိုကရေစီအရေး ဒို့အရေး၊ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ ဖက်ဒရေတည်ဆောက်ရေး ဒို့အရေး ဆိုပြီး သုံးကြိမ်တိုင်တိုင် ရွတ်ဆို ကြသည်။
“ ဖလမ်းလူထုရဲ့စီအဲန်အက်ဖ်ကြိုဆို