December 19, 2012
KIA တပ်ရင်း၃နှင့်ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ
KIA ဖက်မှလည်း ၁ ဦးဒဏ်ရာရရှိကြောင်း KIA တပ်ရင်း ၃ သတင်းရပ်ကွက်မှပြောသည်။
မြစ်ကြီးနား-ကန်ပိုင်တီ လမ်း ဝါးရှောင်ကျေးရွာအနီး အစိုးရတပ်မှ အခွန်ကောက်ခံသောနေရာ Bum Tawng ဂိတ်အား KIA တပ်များသည် နံနက် ရနာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းနှင့်အတူ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု KIA သတင်းရပ်ကွက်မှ ဆိုသည်။
ကန်ပိုင်တီလမ်းပေါ်ရှိ KIA တပ်များ၏စခန်း နှစ်ခုမှ တစ်ခုဖြစ်သော Bum Tawng စခန်းသည် ယခင်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာအစိုးရတပ် သိမ်းယူခဲ့သော စခန်းဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာအစိုးရတပ်သည် Bum Tawng ဂိတ်စခန်း ဖွင့်ကာ ခရီးသွားပြည်သူလူထုများထံမှ ငွေကြေးများ မတရားကောက်ခံခဲ့သည်။
ထိ့ုနောက် ၁၁နာရီခန့်တွင် စစ်ကူအနေဖြင့် Sambai မှ Ga Ra Yang သို့ချီတက်လာသော မြန်မာအစိုးရစစ်ကြောင်းကို လမ်းတစ်ဝက်မှ KIA တပ်ရင်း ၃ တပ်သားများတိုက်ခိုက်ခဲ့ရာတွင် မြန်မာစစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးကာ အတော်များများ ဒဏ်ရာရရှိကြောင်းကိုလည်းသိရှိရသည်။
ထိုကဲ့သို့ မြန်မာအစိုးရတပ်မှ အကျအဆုံးများခြင်းကြောင့် ၀ိုင်းမော်မှ စစ်ကူ စစ်ကားအစီး ၂၀ သည် ယခုချိန် မြစ်ကြီးနား-ဗန်းမော်လမ်း Ga Ra Yang ကျေးရွာအနီး ရွှေညှောင်ပင်တွင် ရောက်ရှိနေကြောင်းကို မျက်မြင်တစ်ဦးက ပြောသည်။
မြန်မာအစိုးရ သမ္မတဦးသိန်းစိ်န်သည် KIO အား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း နိုဝင်ဘာလက အောက်မြန်မာပြည်မှ စစ်အင်အားထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ပို့ထားခဲ့သည်။
http://kachinnews.com/burmese/news/1005-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%81%83%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%81%E1%81%82-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%80%E1%80%BA.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။