“အစိုးရဖက်က ဘာကြောင့် လက်တွဲပြီး မဆောင်ရွက်နိုင်တာလဲ ဆိုတာကိုတော့ နားမလည်ဘူးဗျ။ အဲဒါကြောင့်ဘဲ ကျနော် တို့ ထိန်းချုပ်နယ်မြေထဲကို ကျနော်တို့နဲ့ မညှိနှိုုင်းဘဲနဲ့ ဝင်လာရင်တော့ တားရမှာဘဲ။ ကျနော်တို့ဘက်မှာလဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ရှိနေပြီးသားပါ။ ပူးပေါင်းသင့်ပါတယ်။ တကယ်တော့လည်း သူတို့ဖက်က တိုက်ဖျက်လာတာကိုက ကြိုဆိုစရာပါ။ သူတို့ဖက်က မူးယစ်ဆေးဝါး တိုက်ဖျက်နေတာလဲ နှစ်ပေါင်းက မနည်းတော့ဘူးလေး။” ဟု ဆိုပါသည်။
ရှမ်းပြည် အရှေ့တောင်ပိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က တာချီလိတ်မြို၌ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး UNODC ၊ RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ နှင့် အစိုးရ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ ကြပါသည်။ ဤအထဲ၌ မူးယစ်ဆေးဝါး အစားထိုး ဖွံဖြိုးရေးနှင့် တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာပါ ဆွေးနွေးခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပူးတွဲဆောင်ရွက်ကြရန် သဘောတူညီချက်များ ရရှိခဲ့ပါသည်။ သို့ သော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်သည့် နေရာတွင် လုံခြုံရေးအတွက် ပူးပေါင်းတာဝန်ယူသွားရန် ဆိုသည့် အချက်အ ပေါ် အစိုးရဘက်က လက်မခံနိုင်သဖြင့် ယနေ့တိုင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ဆိုပါသည်။
ဓါတ်ပုံ (ရှမ်းသံတော်ဆင့် သတင်းဌာန) |
ဤသဘောထားကြောင့် အစိုးရသည် မိမိတို့၏အစီစဉ်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့၌ ရှမ်းပြည်နယ် အရှေ့ တောင်ပိုင်း မိုင်းဆတ်ခရိုင်တွင် ခရိုင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေး ရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့တို့သည် ၄င်းတို့၏ လုံခြုံရေးအစီစဉ်ဖြင့် မူးယစ်ဆေးဝါးများကို လိုက်လံဖျက် ဆီးနေပါသည်။ ဤသို့ကြောင့် အစိုးရ၏မူးရစ်ဆေးတိုက်ဖျက်ရေးအဖွဲ့များ RCSS နယ်မြေထဲသို့ ၀င်ခွင့်ပိတ်လိုက်ခြင်းဖြစ် ပါ သည်။
ဤကဲ့သို့ ညှိနှိုုင်းမှုများမရှိသောကြောင့် ပူးပေါင်းတိုက်ဖျက်ရေး အစီအစဉ်များ ကြန့်ကြားနေရခြင်းဖြစ်ပါသည်။ အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အကြောင်းပြပြီး RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်အင်အားဖြင့် ဝင်လာပါက မ လွှဲမသွေ ပဋိပက္ခများ ဖြစ်လာဖွယ် ရှိသည်ဟုဆိုပါသည်။
RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများကို အကြောင်းပြုပြီး ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည်၊ ပြီး ခဲ့သည့် ဇွန်လ (၂၃) ရက်နေ့တွင် RCSS အား ရွှေလင်းယုန် (Gold Eagle Award) ဆု နှင့် ဂုဏ်ပြုလွှာကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ နွန်ထဘူရီခရိုင်တွင် ကျင်းပသည့် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြုင့်ခဲ့ပါ သည်။
http://www.phophtaw.org/burmese/index.php/news/local-news/2541--rcss-.html