Thursday, January 17, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရ
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက မကြာခင်ရက်ပိုင်းတွေအတွင်း ထပ်မံ ကမ်းလှမ်းမယ်လို့
ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။
RFA
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့သည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြဖို့အတွက် ရည်ရွယ်ပြီး
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၃ရက်နေ့က KIO အဖွဲ့ကို အစိုးရ
ငြိမ်းချမ်းရေးအဖွဲ့က တရားဝင် ကမ်းလှမ်းချက်ပေးပို့ထားပေမယ့် အဲဒီ
ကမ်းလှမ်းချက်ကို ဒီကနေ့အထိ ကချင် KIO ဖက်က အကြောင်းပြန်တာ မရှိသေးဘူးလို့
ဦးလှမောင်ရွှေက ပြောပါတယ်။
ဒါကြောင့် မကြာခင် ထပ်မံကမ်းလှမ်းဖို့ စီစဉ်ထားတယ်ဆိုတာကို ဝန်ကြီး
ဦးအောင်မင်းက Myanmar Peace center အဖွဲ့ဝင်တွေကို ရှင်းပြခဲ့တာ
ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို အာအက်ဖ်အေ
ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူးကို တိုက်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့
ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်ကျော်အောင်
ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
လုံးခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်စိုးကို
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
http://www.rfa.org/burmese/news/kia-peace-meeting-01172013055424.html
Posted in: KIO,ကချင်,ကချင်တွေ့ဆုံဆွေးနွေးမှု,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook