Saturday, January 05, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့
ကချင်ပြည်နယ်အတွင်းက စစ်ပွဲများအဆုံးသတ်ချုပ်ငြိမ်းပြီး
ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့
ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း PCG ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး
အကျိုးဆောင််အဖွဲ့ က ဒီနေ့ ထုတ်ဖေါ်ပြောကြားပါတယ်။
Photo:RFA/Kyaw Myo Min
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်မှာ လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ PCG အဖွဲ့အနေနဲ့
စားပွဲဝိုင်းပေါ်ရောက်အောင် ပို့ပေးနိုင်ခဲ့ပေမဲ့ ဆွေးနွေးပွဲ စုစုပေါင်း
၁၁ကြိ်မ်ရှိသွားခဲ့ပြီး ရလဒ်အဖြေတော ့တစုံတရာမရရှိခဲ့ဘူးလို့
အကျိုးဆောင်အဖွဲ့က ဥိီးယွပ်ဇော်ခေါင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို
စည်းရုံးရေးခရီးစဉ်လာရောက်စဉ်ကလည်း
ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့ပြောဆိုခဲ့ဖူးကြာင်း ကချင်ပြည်နယ်ကို
ဒေါ်အောင်ဆန်းစုကြည် ပစ်ပယ်ထားလိမ့်မယ်လို့ မမျှော်လင့်ကြောင်း
ပြောဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့KIO အဖွဲ့ဟာ ၁၉၉၄ခုနှစ်က
အစိုးရနဲ့ အပစ်အခပ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ်မှာ
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့
သဘောထားကွဲလွဲမူတွေဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ
ဆက်တိုက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး
အကျိုးဆောင််အဖွဲ့က ဥိီးယွပ်ဇော်ခေါင် ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် က
ဆက်သွယ်မေးမြန်းထားပါတယ်။
http://www.rfa.org/burmese/news/dassk-kachin-peace-01052013070935.html
Posted in: ကချင်,ကချင်စစ်ဆင်ရေး,စစ်ဆင်ရေး,သတင်း
Email This
BlogThis!
Share to Facebook