January 24, 2013

ကချင်ဒုက္ခသည် ကလေးငယ် ၁၀ ဦး ၀မ်းပျက်သေဆုံး


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာရှိတဲ့ ကချင် ဒုက္ခသည်စခန်းမှာ
ကလေးငယ်တွေ ၀မ်းပျက် ၀မ်းလျှော ရောဂါဖြစ်ပွားနေ တာကြောင့် ဒီလအတွင်းမှာ အနည်းဆုံး ၁၀ယောက် လောက် သေဆုံးခဲ့တယ်လို့ လိုင်ဇာဆေးရုံကြီးက ကလေးအထူးကုဆရာဝန် က ပြောပါ တယ်။ ဒီလို ၀မ်းပျက်ဝမ်းလျောဖြစ်တာကတော့ စစ်ပြေးဒုက္ခသည် အများအပြား စုဝေးနေထိုင်ရ တာကြောင့် တကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။ တရုတ်မြန်မာနယ်စပ်က KIO ထိန်းချုပ်ရာ အခြားစခန်းတွေမှာလည်း အလားတူဖြစ်ပျက်နေပြီး စာရင်းအတိအကျ ရရှိဖို့ကိုတော့ ကောက်ယူနေဆဲဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ ရန်ကုန်အခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်မြန်မာနယ်စပ်မှာတည်ရှိတဲ့ လိုင်ဇာမြို့က ကချင်စစ်ပြေးဒုက္ခသည်စခန်းမှာ အခုလို ကလေးတွေ ၀မ်းပျက်ဝမ်းလျောစတင်ဖြစ်ပွားနေတာက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်တည်းက စတင်ခဲ့တာဖြစ်ပါတယ်။ ဒီလပိုင်းအတွင်းမှာတော့ ရောဂါဖြစ်တဲ့အခြေအနေဟာ ဆိုးဝါးလာပြီး ကလေးတွေသေဆုံးတာလည်း ရှိနေတယ်လို့ လိုင်ဇာဆေးရုံကြီးက ကလေး အထူးကု ဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က ပြောပါတယ်။

“ပိုဆိုးတာတော့ ဇန်နဝါရီလမှာ ပိုဆိုးတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီပေါ့။ ဒီသုံးလေးလအတွင်းမှာ ကလေးတွေ ဝမ်းလျှော၊ ဝမ်းကိုက်၊ အထက်လှန် ၊ အောက်လျှောတွေ ဖြစ်ကြတယ်ရှင်။ နောက်ဆုံးအဆင့်က အန်တဲ့နေရာမှာ သွေးတွေ ပါပြီးမှ ဝမ်းသွားတဲ့နေရာမှာ သွေးတွေပါပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်ကြတယ်ရှင့်။ ဒီတစ်လအတွင်းမှာ ဆယ်ယောက်လောက်ရှိတယ်ရှင့်။ ဒီနေ့ဘဲ ကျမဆေးရုံမှာ ဆိုရင် တစ်ယောက် ထပ်ဆုံးသွားပြီရှင့်။”

လိုင်ဇာဆေးရုံမှာ လောလောဆည် ကလေးလူနာ ၁၀ယောက် ကျော်လောက် တက်ရောက်ကုသနေတယ်။ တချို့ကိုတော့ စစ်ရေးအခြေအနေကြောင့် အခြား ဒုကသည်စခန်းက ကျန်းမာရေးဆေးခန်းတွေမှာ ပို့ထားတယ်လို့ ဒေါက်တာဆိုင်းမိုင်က ပြောပါတယ်။

တချိန်တည်းမှာတော့ တရုတ်မြန်မာနယ်စပ်က တခြား ဒုက္ခသည်စခန်းတွေမှာလည်း အလားတူရောဂါမျိုး ဖြစ်ပွားနေတယ်လို့ KIO အဖွဲ့ရဲ့ ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွဲပီဆာက ပြောပါတယ်။ လောလောဆည်မှာ တော့ စခန်း ဘယ်နှစ်ခုမှာ ဖြစ်နေတယ်၊ ဘယ်လောက်ဖြစ်ပွားနေတယ်ဆိုတာ စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ ကျနော် ဒုက္ခသည်စခန်း ဆေးရုံမှာ သွားတွေ့တာ ပထမတော့ ကလေးတွေရဲ့ ဆေးထိုးနေတာကိုတွေ့တော့ သွားမေးကြည့်တော့ ဝမ်းရောဂါလို့ ပြောတယ်ခင်ဗျ။ ကလေး ဘယ်လောက်အရေအတွက်လည်းဆိုတာတော့ မသိဘူး။ ကလေးများ ဖြစ်တယ်လို့ပဲ ကျနော်သိရတယ်။ ဘာ၊ ဘယ်လို၊ ဘယ်လောက်ဖြစ်တယ်ဆိုတာတော့ ကျနော် အတိအကျ မသိရသေးဘူး။ အခုကျနော် စခန်းထဲကို တင်ပြခိုင်းထားတယ်။”

လိုင်ဇာမြို့က ကလေးတွေ အခုလို ၀မ်းပျက်ဝမ်းလျောဖြစ်ရတဲ့အပေါ်မှာတော့ ဒေါက်တာဆိုင်းမိုင်က အခုလို သုံးသပ်ပါတယ် ။

“ကျမတို့ ဒီဓာတ်ခွဲခန်းမှာတွေတော့ သွားမစမ်းသပ်ရသေးတဲ့အတွက် အတိအကျတော့  ပြောခွင့်မရှိသေးဘူးရှင့်။ ဒါပေမဲ့ အများစုကတော့ စစ်ပြေးဒုက္ခသည်စုပေါင်းနေတဲ့အတွက် လူက ရာချီ၊ ထောင်ချီဖြစ်တော့ သန်ရှင်းမှု၊ နောက် တကိုယ်ရေ တကာယနဲ့ မိသားစုတွေမှာ သန့်ရှင်းမှု လုံလုံလောက်လောက် မပြုလုပ်နိုင်တဲ့အတွက်ကြောင်းလည်းဖြစ်တယ်။ ခံနိုင်ရည်အားမရှိတဲ့ ကလေးတွေမှာ ပိုအဖြစ်များပြီးမှ လူကြီးတချို့မှာလည်း ဖြစ်တယ်ရှင့်။”

အခြား အကြောင်းအချက်ကတော့ ရာသီဥတု အပြောင်းအလဲနဲ့လည်း သက်ဆိုင်နိုင်တယ် လို့ ပြောပါတယ်။ အခြား ဗန်းမော်ခရိုင်ဘက်က ဒုက္ခသည်စခန်းမှာတော့ ကလေးငယ်တွေဟာ ခနာကို ဖောယောင်တာတွေဖြစ်နေတယ် လို့ ဒုကသည်ရေးရာတာဝန်ခံ ဦးဒွဲပီဆာက ပြောပါတယ်။ KIO ထိန်းချုပ်ရာ ဒေသအတွင်းမှာ ဒုက္ခသည်ပေါင်း ၆သောင်းကျော်လောက် ရောက်ရှိနေပြီး တနှစ်ခွဲကျော်ကြာဖြစ်ပွားတဲ့ စစ်ပွဲကာလအတွင်းမှာတော့ ဒုက္ခသည်စုစုပေါင်း ၁သိန်းကျော်ဟာ အိုးအိမ်စွန်ခွာထွက်ပြေးနေကြရပါတယ်။

လောလောဆယ်မှာတော့ အစိုးရစစ်တပ်နဲ့ KIO တပ်တွေအကြားမှာ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အစိုးရဖက်က အပစ်ရပ်ကြောင်းကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူက အခုလို သတင်းထုတ်ပြန်ထားပါတယ်။

“ မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းအတွက် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်ပူပန်ပါတယ်။ မြန်မာအစိုးရရဲ့ ကြေညာချက်အရ ဇန်နဝါရီလ ၁၄ရက်နေ့ကနေ စပြီး အပစ်အခတ်ရပ်ဆဲထားတယ်ဆိုပေမဲ့ မြန်မာ့တပ်မတော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်ကို ဆက်ပြီးတော့ စစ်ရေးအရ ထိုးစစ်ဆင်နေတဲ့အကြောင်း မီဒီယာနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ သတင်းတွေက ဖော်ပြနေပါတယ်။ အရပ်သားများ ထိခိုက်သေကျေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေတဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ပါတယ်။ အဲ့ဒီ့ဒေသမှာရှိတဲ့ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း အမေရိကန်ပြည်ထောင်စုက အလွန်ပင် စိုးရိမ်ပူပင်နေပြီးတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူလူချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး အေဂျင်စီတွေရဲ့ အကူအညီလိုအပ်နေတဲ့ နေရာတွေကို မြန်မာအစိုးရက အတားအဆီးမရှိ ဝင်ခွင့်ပြုပါရန်လည်း ဆက်လက်တိုက်တွန်းပါတယ်။ ကချင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးရေး အခြေအနေတရပ် ဖန်တီးရန် လိုအပ်သမျ ဆောင်ရွက်ကြပါရန် အမေရိကန်ပြည်ထောင်စုက နှစ်ဘက်စလုံးကို တိုက်တွန်းလိုက်ပါသည်။”

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ကိုတော့ ပြည်သူ့လွှတ်တော် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုတိုက်တွန်းနေတာဖြစ်ပါတယ်။

http://burmese.voanews.com/content/kachin-refugees-childern-sick/1590080.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India