"ကချင်လူထုအနေနဲ့လည်း တိုက်ယူမယ်ဆိုတဲ့ကိစ္စက တန်းတူညီမျှကို ပြောခြင်းဖြစ်တယ်၊ ကချင်တွေမို့့ ပြောခြင်းဖြစ်တယ်၊ တိုက်ယူမှ တန်းတူညီမျှရမယ်လို့ ထင်တယ်၊ ဒီကနေ့မှာတော့ တန်းတူညီမျှ အခွင့်အရေးဆိုတာ တိုက်ယူမှ မဟုတ်ဘဲ၊ လွှတ်တော်မှာ ဆွေးနွေးလို့ရပြီဆိုတာ ပြောထားပြီးဖြစ်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးပေးပါ၊ အမြန်ဆုံးတိုက်ပွဲတွေ ရပ်ပေးပါလို့ မှာလိုက်ပါတယ်"
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေနဲ့ နှစ်ဖက်ထိခိုက်မှုတွေအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရကြောင်း၊ အခုလို စစ်ရေးတင်းမာမှုတွေကြောင့် နိုင်ငံတော်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/KIA အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရေးအတွက် ခက်ခဲမှုတွေရှိနေကြောင်း၊ ဒါကြောင့် စစ်ရေးအရှိန်လျှော့ချပြီး နှစ်ဖက်ဆွေးနွေးပြီး နားလည်မှုတွေ တည်ဆောက်ကြဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/KIA ကို တိုက်တွန်းလိုက်ကြောင်း အဆိုပါထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
http://www.rfa.org/burmese/news/kachin-statement-parliment-01142013091458.html