အစိုးရ စစ်တပ် ဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။
သေဆုံးသူတွေ ထဲက နှစ်ယောက်ကIDP လို့ ခေါ်တဲ့ ရွာပုန်း ရွာရှောင် စစ်ပြေး ဒုက္ခသည် နှစ်ယောက်လည်း ပါတယ်လို့ လက်နက်ကြီး ကျတဲ့ နေရာကို ကိုယ်တိုင် သွားရောက်ပြီး သေဆုံးမှု တွေကို ကြည့်ရှု ခဲ့တဲ့ ကေအိုင်အေ ထိန်းချုပ် နယ်မြေ အတွင်း ကေအိုင်အေက ဖွဲ့ပေးထားတဲ့ ဒုက္ခသည် ကူညီ ကယ်ဆယ်ရေး အဖွဲ့ အတွင်း ရေးမှူး ဦးဇောင်ရော်က ပြောပါတယ်။
အခု ကျခဲ့တဲ့ လက်နက် ကျည်က ၁၀၅ မမ ဖြစ်ပြီး ဒီလက်နက် မျိုးကို အစိုးရ စစ်တပ်ဘက်ကသာ သုံးတာ ဖြစ်တယ်၊ ကေအိုင်အေမှာ ဒီလက်နက်မျိုး မရှိဘူးလို့ ဦးဇောင်ရော်က ပြောပါတယ်။
မြန်မာ အစိုးရ ပြန်ကြားရေး ဒုတိယ ဝန်ကြီး လည်းဖြစ် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ လည်း ဖြစ်တဲ့ ဦးရဲထွဋ် ကတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဘက်က ပြန်ပြောပြချက် အရ အစိုးရ စစ်တပ်က ပစ်ခတ် ခဲ့တာ မဟုတ် ဘူးလို့ ငြင်းဆို ပါတယ်။
လိုင်ဇာမှာ ပေါက်ကွဲ မှုနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက် ရယူဖို့ လိုတယ်လို့ သူကဆိုပါတယ်။
အခုတော့ ထိခိုက် ဒဏ်ရာ ရရှိ သူတွေကို လိုင်ဇာ ဆေးရုံကို ပို့ဆောင် ဆေးကုသ ထားတယ်လို့ ကေအိုင်အေ အဖွဲ့က ဗိုလ်မှူးကြီး ယော်ထုံက ပြောပါတယ်
http://www.bbc.co.uk/burmese/burma/2013/01/130114_kio_hq_laizar_shelled.shtml