February 1, 2013
ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား
ချက်များနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန် တုန့်ပြန်လိုက်သည်။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းထုတ်ပြန်ချက်များတွင် KIO အား တဖက်သတ် အပြစ်ပုံချထားသည်ကို တွေ့ရှိရသည်” ဟု ထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။
၎င်းတို့အနေနှင့် သဘောထား တင်းမာမှုများကို ရှောင်လွှဲလို၍ တိုက်ပွဲ သတင်းများအား ထုတ်ပြန်ခြင်း မရှိခဲ့
သော်လည်း အစိုးရဘက်မှ သတင်းထုတ်ပြန်ချက်များသည် KIO အပေါ်သာ အပြစ်ပုံချထားသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဒု-ဝန်ကြီးလည်း ဖြစ်သည့် ဦးရဲထွဋ် ကမူ နှစ်ဖက် ပဋိပက္ခစတင်ဖြစ်ပွားချိန်က ပိုမိုတင်းမာမလာစေရန် အစိုးရဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း အစိုးရတပ် ရဲဘော်များ ကျဆုံး၊ ဒဏ်ရာရသည့်ပုံများနှင့် ဖမ်းဆီးရမိသည့် ရဲဘော်များ၏ ပုံများကို KIO ဘက်မှ စတင်ကာ အင်တာနက် စာမျက်နှာတွင် တင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ ဒီကနေ့ ဒီအချိန်ထိ KIA အလောင်းတွေ အများကြီး ရခဲ့တာတောင် ကျဆုံးသွားတဲ့ လူတွေရဲ့ မိသားစုတွေကို စာနာသောအားဖြင့် လည်းကောင်း၊ စာနယ်ဇင်း ကျင့်ဝတ်အရ လည်းကောင်း အဲဒီပုံတွေ လုံးဝ ထုတ်ပြန်တာ မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် “တပ်မတော်သည် ငြိမ်းချမ်းရေး စကားဝိုင်းမှ တစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားခဲ့သော်လည်း တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်း
ဖြစ်သည့် KIO/KIA မှ လာ ရောက်ခြင်း မရှိဘဲ နိုင်ငံတော် အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီ
ဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့် အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်” ဟု ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးရန် အဆုံးအဖြတ်ပေးမည့် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ် မြင့်စိုး မူဆယ်မြို့ထိ လိုက်ပါခဲ့သော်လည်း KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်မလာ၍ တပ်ပိုင်းဆိုင်ရာကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း ဦးရဲထွဋ် က ပြောသည်။
“ဒါ သူတို့ မလာတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ဘက်က မဆွေးနွေးနိုင်ဘူး။ မဆွေးနွေးနိုင်တဲ့ အတွက်ကြောင့်၊ အဲဒီ တပ်ပိုင်းဆုုိင်ရာကိစ္စတွေ မဖြေရှင်းနိုင်တဲ့ အတွက်ကြောင့် မကြာမီက ဖြစ်ပွားခဲ့တဲ့ လဂျားယန်ဒေသ တိုက်ပွဲ
တွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
သို့သော် ယနေ့ထုတ် KIO ၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုနိုင်သည်များရှိပြီး နိုင်ငံရေး ပြဿနာများကို ဆွေးနွေး
ခြင်းဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်းဆိုသည့် အချက်များသည်လည်း အစိုးရနှင့် တပ်မတော်၏ သဘောထားများဖြစ်၍ ကြိုဆိုကြောင်း ဦးရဲထွဋ် က ၎င်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
ငြိမ်းချမ်းရေးအတွက် ကူညီနိုင်မည့် အဖွဲ့များနှင့် နိုင်ငံများအား အကူအညီ တောင်းခံမည်ဖြစ်ပြီး အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းသွားပါက KIO ကလည်း ပြဿနာဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည် မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
“ဒီအချက်များဟာ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က ယခင်ကတည်းက ထုတ်ပြန်ကြေညာပြီး ကြိုးပမ်းဆောင်ရွက်
နေတဲ့အချက် များဖြစ်တဲ့အတွက် ကေအိုင်အိုဘက်က အလားတူ ထုတ်ပြန်ကြေညာမှုအပေါ် ကြိုဆိုပါတယ်” ဟု ဦးရဲထွဋ် က တုန့်ပြန်ရေးသားထားသည်။
ထို့ပြင် ဇန်နဝါရီလ ၂၉ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းနှင့် မှော်စီဇာကျေးရွာများ ကြားတွင် လုံခြုံရေးတပ်ဖွဲ့များ
က ဒေသခံ ရွာသားများထံမှ ရွှေနှင့် မိုဘိုင်းဖုန်းများ သိမ်းယူနေသည်ဟု ရေဒီယိုသတင်း တခုတွင် ဖော်ပြထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟုလည်း ဦးရဲထွဋ်က မဇ္စျိမကို ပြောဆိုသွားသည်။
ကြေညာချက်ပါ သဘောထားများကို အသေးစိတ်သိနိုင်ရန်အတွက် KIO တာဝန်ရှိသူများထံသို့ မဇ္စျိမက ဆက်သွယ်
ခဲ့သော်လည်း အဆက်အသွယ် မရရှိနိုင်ခဲ့ပေ။
http://www.mizzimaburmese.com/news/inside-burma/10896--kio-----.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။