February 1, 2013
ကချစ်စစ်ပွဲနဲ့ ပွင့်လင်းစ မီဒီယာ
ဖဆပလ ခေတ်နဲ့ မဆလ ခေတ်အစောပိုင်းတွေမှာ သတင်းစာဆရာတွေကိုဖိတ်ပြီး စစ်မြေပြင်ကို ပြသတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပေမယ့် သူပုန်တွေဘက်အထိသွားပြီး သူပုန်တပ်တွေနဲ့အတူ ပြည်တွင်းသတင်းထောက်တွေ ကိုယ်တိုင် သတင်းသွားယူတာကတော့ အခု ကချင်စစ်ပွဲဟာ ပထမဆုံးလို့ ကျနော်ထင် ပါတယ်။
၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံဖြိုခွဲခံရပြီးနောက်ပိုင်း တောခိုခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ နယ်စပ်တကျောက စစ်မြေပြင်တွေ၊ တိုက်ပွဲတွေအကြောင်းကို နိုင်ငံတကာသတင်းလောကက ဟိုးလေးတကျော် ဖော်ပြခဲ့ဖူးပါတယ်။ နိုင်ငံတကာ သတင်းထောက်တွေဟာ တောခိုကျောင်းသားတွေနဲ့အတူ လနဲ့ချီနေထိုင်၊ ရှေ့တန်း စစ်မြေပြင်အထိ လိုက်ပြီး သတင်းပို့ကြတာ ကျနော်ကိုယ်တိုင် တွေ့ဖူးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ပြည်တွင်းသတင်းထောက် တဦးတယောက်မှ နယ်စပ်က ကျောင်း သားတွေရှိရာဆီ လာပြီး သတင်းယူတာ တခါမှ မတွေ့ခဲ့ရဖူးပါ။ ဒါကြောင့် ဒီနေ့ စစ်ပွဲထဲအထိ သတင်း ယူခွင့်ရနေပြီဆိုတာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့စာရင် လုံးဝ တိုးတက်မှုတခုအဖြစ် မြင်မိပါတယ်။
ဒါပေမဲ့ သတင်းသမား ဘယ်နှစ်ယောက် စစ်မြေပြင်အထိသွားပြီး သတင်းယူခွင့်ရသလဲ။ ယူရဲသလဲ။ ဒီလို သတင်းယူဖို့ အစိုးရဆီက ခွင့်ပြုချက် တောင်းရသေးလား။ အရင်က ရှိခဲ့ပြီး အခုချိန်ထိလည်း တရားဝင် မဖျက်သိမ်းရသေးတဲ့ ပုဒ်မ ၁၇-၁ တရားမဝင် အသင်းအဖွဲ့များနဲ့ ဆက်သွယ်မှုနဲ့ မငြိဘူးလား စသဖြင့် မီဒီယာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူူး။
တခါ အစိုးတပ်တွေဘက်ကကော သူတို့တပ်တွေနဲ့အတူ သတင်းယူဖို့ ဘာကြောင့် သတင်းထောက်တွေကို ခွင့်မပြုတာလဲ။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းလွတ်လပ်ခွင့်အကြောင်းေ ပြောနေပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနမှာ သတင်းလွတ်လပ်ခွင့်မရှိသေး။ သတင်းယူခွင့် မရှိသေးတဲ့ သဘောလား။
မေးခွန်းတွေကြားက တိုးတက်မှု
မေးခွန်းတွေများစွာ ရှိနေသေးပေမယ့် မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အခြေနေ အရင်ကထက် တစုံတရာ တိုးတက်လာတာ သေချာတယ်လို့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းသမား ကာကွယ်ရေးအဖွဲ့ RSF က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကြေညာလိုက်ပါတယ်။ စစ်အစိုးရလက်ထက်မှာ အမြဲတန်း အောက်ဆုံးရောက်နေလေ့ရှိတဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်ဟာ အခုနှစ်မှာတော့ အရင်ကထက် ၁၈ ဆင့်အထိ တိုးတက်လာပြီး နိုင်ငံပေါင်း ၁၇၉ မှာ ၁၅၁ နေရာကို ရောက်လာတယ်လို့ RSF ကပြောပါတယ်။
စစ်အစိုးရခေတ်က ဖမ်းဆီးထားတဲ့ သတင်းထောက်နဲ့ ဘလော့ဂါတွေကို လွတ်ပေးလိုက်တာ၊ စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းလို်က်တာ၊ ပြည်ပသတင်းဌာနတွေကို ပြည်ဝင်ခွင့်ပေးတာတွေဟာ သိသာတဲ့ တိုးတက်မှုတွေလို့ RSF က ထောက်ပြထားပါတယ်။ ဒါက နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတခုကနေ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်အပေါ် အမြင်ပါ။
နေ့စဉ်သတင်း ဖတ်နေသူ၊ မီဒီယာ တိုးတက်မှုအကြောင်း လေ့လာနေသူတဦးရဲ့အမြင်ကို ထပ်ဖြည့်ပြောရမယ်ဆိုရင် အဲဒီ ၃ ချက်အပြင် မီဒီယာတွေအပေါ် ဆက်ဆံပြောဆိုမှု၊ မီဒီယာရဲ့ အရေးပါပုံအကြောင်း အစိုးရက နားလည်လာမှု၊ မီဒီယာတွေမေးသမျှကို တာဝန်ခံဖြေကြားပေးမှု၊ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှု၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ခေတ်အစားဆုံး ဆိုရှယ်မီဒီယာ Facebook ပေါ် အထိ ပြန်ကြားရေး ဒုဝန်ကြီး ကိုယ်တိုင်တက်ပြီး လူထုဆက်သွယ်ရေးကို အလေးထား ဆောင်ရွက်လာမှု တွေဟာ ဒီနေ့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတွေလက်ထက် ထူးခြားတဲ့ တိုးတက်မှုအဖြစ် မြင်မိပါတယ်။
ဒီလို တိုးတက်လာတာဟာ အစိုးရဖက်က ပြောင်းလဲချင်တဲ့ ဆန္ဒရှိတာအပြင် တိုးတက်လာတဲ့ နည်းပညာ တွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆမိပါတယ်။ ဥပမာအားဖြင့် နေပြည်တော်က ပြန်ကြားရေး ဒု ၀န်ကြီးနဲ့ Facebook ပေါ်မှာ အပြန်အလှန် ရေးသားဆွေးနွေးနိုင်သလို လိုင်ဇာမှာ တိုက်ပွဲဝင်နေတဲ့ ABSDF-NB ကျောင်းသားတပ်မတော် (မြောက်ပိုင်း)က ရဲဘော်တွေနဲ့လည်း တပြိုင်တည်း ချက်တင်လုပ်နိုင်တဲ့ အခြေအနေအထိ ဆက််သွယ်ရေးနည်း စနစ်က တိုးတက်လာနေပါတယ်။ ဆိုလိုတာက သတင်းတွေဟာ အလျှင်အမြန် စီးဆင်းနေပြီး တချိန်နဲ့တပြေးညီ သတင်းမထုတ်ပြန်ဘူးဆိုရင် မထုတ်ပြန်တဲ့ဘက်က နစ်နာသွားနိုင်တဲ့ အခြေအနေဆီ တွန်းပို့လာနေပါတယ်။
အချိန်နဲ့တပြေးညီ တာဝန်ခံဖြေရှင်းမှုတွေထဲက ဥပမာတခုကိုကောက်နှုတ်ပြရမယ်ဆိုရင် ကေအိုင်အေ တပ်တွေကပစ်လို့ အရပ်သားတွေသေပါတယ်ဆိုပြီး အစိုးပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံဟာ မှားယွင်းနေပြီး တကယ်က အဲဒီပုံဟာ အဲပုဂံလေယာဉ် ပျက်ကျစဉ်ကပုံဖြစ်ပါတယ်လို့ အစိုးရ သတင်းနဲ့ စာနယ်ဇင်းဌာနရဲ့ တောင်းပန်မှု ဖြစ်ပါတယ်။
တခါ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါသေးတယ်။ ထုတ်ပြန်ချက်မှာ ပါ၀င်တဲ့ အချက်အလက်နဲ့ ရေးသားတင်ပြပုံတွေဟာ လွတ်လပ်တဲ့မီဒီယာခေတ်နဲ့ အံဝင်ဂွင်ကျမဖြစ်သေးပေမယ့် စစ်အစိုးရ ခေတ်လို ဗြောင်မငြင်းဘဲ ဒီလို ထုတ်ပြန်ပြောဆိုလာတာကိုက တိုးတက်မှုအဖြစ် မြင်သင့်တယ်လို့ ထင်မိပါတယ်။
Mindset နဲ့ ဥပဒေတွေ ပြောင်းဖို့လို
RSF အဖွဲ့ရဲ့အစီရင်ခံချက်တွေ၊ ရန်ကုန်မီဒီယာလောကနဲ့ ဆိုရှယ်မီဒီယာလောကမှာ တွေ့နေရတာတွပေါ်မူတည်ပြီး လက်ရှိပြန်ကြားရေးဝန်ကြီးဌာနကို ဒီလိုချီးမွန်းခန်းဖွင့်နေတုန်း ”လေလှိုင်းထဲက ကချစ်စစ်ပွဲ” ဆိုတဲ့ ဆောင်းပါးတပုဒ် ဧရာဝတီမဂ္ဂဇင်း အွန်လိုင်းပေါ်မှာ မြင်လိုက်ရပါတယ်။ အသေချာ ဖတ်ကြည့်တော့ ”ဟာ ဒီလူတွေကလဲ အရင် လူတွေအတိုင်းပါပဲလား” ဆိုပြီး အသံထွက် ညည်းမိတဲ့အထိ စိတ်ပျက်သွားမိပါတယ်။
ကေအိုင်အိုက တာဝန်ယူထုတ်လွှင့်နေတဲ့ လိုင်ဇာ FM ကို တိုက်ဖျက်တဲ့အစီအစဉ် (စိတ်ဓာတ်စစ်ဆင်ရေးဌာနကလို့ ယူဆရ) အရ သဇင် FM ဆိုတဲ့အစီအစဉ်ကို စစ်တပ်က ဆောင်ရွက်နေကြောင်း၊ စက် အားကောင်းလှတဲ့ မြဝတီနဲ့ စစ်တပ်ပိုင် စက်ကြီးတွေနဲ့ လိုင်ဇာ FM လိုင်း Frequency တထပ်တည်းမှာ သဇင် FM ကို ထုတ်လွင့်နေတာဖြစ်တယ်၊ ကေအိုင်အေ မကောင်းကြောင်း ၀ါဒဖြန့်မှုကို အဓိက လုပ်နေတာဖြစ်တယ်လို့ သိလိုက်ရပါတယ်။
ဒီလုပ်ရပ်ကိုမြင်တော့ လွန််ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်၊ DVB ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ RFA လွတ်လပ် သောအာရှအသံ လိုင်းတိုရေဒီယိုလိုင်းတွေပေါ်စက အဲဒီမြဝတီပိုင်စက်ကြီးတွေနဲ့ လိုင်းဖျက်ခဲ့ဖူးတာကို သွားသတိရမိပါတယ်။ တချိန်တည်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း မကြခဏ ပြောလေ့ရှိတဲ့ ”မီဒီယာကို မီဒီယာနဲ့တိုက်ရမယ်” ဆိုတဲ့ ကြွေးကြော်သံကို ပြန်ကြားယောင်နေမိပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ကို အသေအချာပြန်ဖတ် ကြည့်တဲ့အခါမှာလည်း လေသံက သိပ်ပြောင်းလှတယ်ရယ်လို့ မဟုတ်သေးပါဘူး။
ဆိုလိုတာကတော့ ကမ္ဘာ့နိုင်ငံရေး၊ လူထုရဲ့နိုင်ငံရေးနိုးကြားမှု၊ တိုးတက်လာတဲ့ နည်းပညာတွေအရ သဘောထားတွေ ပြောင်းဖို့လိုနေပြီဆိုတာကို သိပေမယ့် နှစ် ၆၀ နီးပါး အရိုးစွဲလာခဲ့တဲ့၊ ခေါက်ရိုးကျိုးနေသူတို့ရဲ့ စဉ်းစားပုံကတော့ အရင်လိုပါပဲ။
ဒါကြောင့် လုပ်ထုံးလုပ်နည်းတွေအပြင် စဉ်းစားပုံတွေပါ ပြောင်းဖို့ လိုနေပါတယ်။ စစ်ယူနီဖောင်းကနေ အရပ်သားဝတ်စုံ ပြောင်းဝတ်တာအပြင် စစ်သားဘဝက စဉ်းစားပုံနေရာမှာ အရပ်သားတဦးရဲ့ စဉ်းစားပုံနဲ့ပါ ပြောင်းပြီး အစားထိုးဖို့ လိုနေပါတယ်။
မီဒီယာအပေါ်တင်းကျပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းတာအပြင် မီဒီယာအပေါ် လွတ်လပ်ခွင့်ပေးမယ့် ဥပဒေတွေကိုပါ ပြဌာန်းပေးဖို့ လိုနေပါတယ်။ လွတ်လပ်စွာ သတင်းယူခွင့်နဲ့ သတင်းယူခွင့်အပေါ် နှောင့်ယှက်ဟန့်တားသူတွေကို အရေးယူနိုင်တဲ့ ဥပဒေတွေပါ ပြဌာန်းပေးဖို့ လိုနေပါတယ်။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာအပြင် နောက်ထပ် မဖမ်းတော့ပါဘူးဆိုိတဲ့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေတွေ လိုနေပါတယ်။
ဒီအတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်မယ့် ဥပဒေ မူကြမ်းကို အခိုင်အမာ တင်ပြဖို့ လိုပါတယ်။ လွတ်လပ်စွာ သတင်းယူခွင့်၊ လွတ်လပ်စွာ သတင်းမေးခွင့်၊ လွတ်လပ်စွာ သတင်းရေးခွင့် အားလုံးကို အပြည့်အဝပေးဖို့။ အခြေနေအရ ၀န်ကြီးတဦး၊ အာဏာပိုင် တ ဦးရဲ့ ခွင့်ပြုချက်အရမျိုး မဟုတ်ဘဲ တိကျတဲ့ ဥပဒေအရ မီဒီယာလွပ်လပ်ခွင့်ပေးဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)
http://burma.irrawaddy.org/archives/32989
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။