တိုက်ပွဲသည် မတ်လ ၂၁ ရက် ယမန်နေ့ ညနေပိုင်း ၄ နာရီ ၂၅ မိနစ်မှ ၅ နာရီခွဲထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ်ဖတ်ကာ (Nampaka) ဒေသ မဂွေဘော်ဘွမ်တောင် (Magwi Baw Bum)တွင် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါပစ်ခတ်မှုသည် KIA တပ်ဖွဲ့များနေရာယူထားသည့် နေရာသို့ အစိုးရတပ်ဖွဲ့များ ထိုးစစ်ဆင် ၀င်ရောက်လာခြင်းကြောင့် KIA ဘက်မှစတင်ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အထက်ပိုင်း KIA အရာရှိတစ်ဦးပြောသည်။
“မဂွေဘော်ဘွမ်မှာ ကျနော်တို့နေတဲ့နေရာမှာ အစိုးရတပ်ဖွဲ့တွေရောက်လာတယ်။ ထိပ်တိုက်ကိုဖြစ်သွားလို့ ပစ်လိုက်တာ။ သူတို့အင်အား ရ၀ ကျော်တယ်။ သူတို့က ပစ်ခတ်တော့မလိုလိုနဲ့ နေရာတိုင်းမှာကို လှုပ်ရှာနေတယ်”
အဆိုပါ မဂွေဘော်ဘွမ်နေရာတဝိုက်သည် ကျောက်မီးသွေးထွက်ရာနယ်မြေဖြစ်သောကြောင့် အစိုးရတပ်များမှ သိမ်းပိုက်လိုခြင်းဖြစ်သည်ဟု ဒေသခံများကလည်းသုံးသပ်နေကြသည်။
အစိုးရတပ်ဖွဲ့သည် မုန်မောင်နယ် နမ်ခိုင်းပါ (Mung Mau ginra Nam Hkai Pa) ဘက်မှတက်လာသော ခလရ ၁၃၀ နှင့် ခမရ ၅၀၄ တပ်ဖွဲ့များဖြစ်ပြီး KIA ဖက်မှ အင်အား ၅၀ ခန့်ရှိသည့် တပ်ရင်း ၈ တပ်ဖွဲ့များနှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ချိန် အစိုးရဘက်မှ ၈ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု KIA အရာရှိကပြော ဆိုခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရနိုင်သေးပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်ဖွဲ့များမှာ မုန်ဝွေ (Mung Wwi)ဘက်သို ပြန်လည်နောက်ဆုတ်သွားကြောင်း သိရသည်။
ယမန်နေ့ မနက်ပိုင်း ၁၁ ချိန်တွင်လည်း နမ်ဖတ်ကာဒေသ KIA တပ်ရင်း ၈ နယ်မြေ ငေါ့ငါး (Ngaw Nga) ဆိုသည့် ပလောင်ကျေးရွာတွင် မုန်းယူး (Mung Yu)မှတက်လာသော အစိုးရတပ်ဖွဲ့များနှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုချိန် ရှမ်းပြည်မြောက်ပိုင်း နမ်ဖတ်ကာခရိုင် KIA တပ်ရင်း ၈ နယ်မြေတွင် ပလောင် (TNLA) တပ်ဖွဲ့များ၊ ရှမ်းတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ဖွဲ့များ စသည့်တပ်ပေါင်းစုများ နေရာယူရှိနေကြောင်း သိရသည်။
http://kachinnews.com/burmese/news/1056-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%81%88-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9-%E1%80%9C%E1%82%88%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-kia-%E1%80%85%E1%80%90%E1%80%84%E1%80%B9%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9.html


Friday, March 22, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: