အဲဒီမြေမြှပ်မိုင်းတွေရှိတဲ့ နေရာတွေကို သတ်မှတ်တာ၊ ထင်ရှားမြင်သာတဲ့ သတိပေးအမှတ်အသားတွေစီမံတာ၊ မြေမြှပ်မိုင်းတွေ ရှင်းလင်းဖယ်ရှားတာတွေမရှိပဲနဲ့ ဒုက္ခသည်တွေ အိမ်ပြန်ရဲကြမှာမဟုတ်ဘူးလို့ UNHCR ကာကွယ်စောင့်ရှောက်ရေးရုံးက ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့တွေကြား ၁၄ နှစ်ကြာဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် မြန်မာပြည်တွင်းမှာ မြေမြှပ်မိုင်းတွေ အများအပြား ကျန်ရှိနေတာဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေး စိတ်ချရတဲ့အခြေအနေ မရောက်သေးပဲ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း၊ မိုင်းရှိတဲ့နေရာတွေကို အကျယ်အပြန့်သိထားပြီးဖြစ်ရင်တောင်မှ မိုင်းရှင်းလင်းရေးဟာ နှစ်ချီကြာမြင့်လေ့ရှိကြောင်း။ ဒီအတွက် ပါဝင်ပတ်သက်သူအားလုံးရဲ့ သဘောတူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။