Showing posts with label ကရင်လူထုသဘောထား. Show all posts
Showing posts with label ကရင်လူထုသဘောထား. Show all posts

November 23, 2012

ငြိမ်းချမ်းရေးကိစ္စ သတိရှိရန် KNU ကို ပြည်တွင်း ကရင်လူမှုအဖွဲ့ အစည်းများ ပြောဆို

ဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခါွးလေး (ကေအိုင်စီ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် သတိရှိရန်နှင့် ပြည်သူလူထုအ ကျိုးကို ရှေးရှု ရန် ပြည်တွင်း ရှိ ကရင်လူမှုအဖွဲ့အစည်း များက ရန်ကုန်တိုင်း၊ အလုံမြို့ နယ်ရှိ Myanmar Baptist Convention – MBC အဆောက်အဦး၌ နိုဝင်ဘာလ ၂၀ရက်နေ့၊ မြန်မာစံတော် ချိန် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ တွင် KNU သို့ သတိပေး ပြောကြားခဲ့သည်။
မြန်မာအစိုးရနှင့် KNU တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူခဲ့သည့်နောက်ပိုင်း ကရင်ပြည်နယ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၂၉,၁၄၈ဧက၊ လှိုင်းဘွဲမြို့နယ် ၂၀,၁၀၀ဧက၊ သျှမ်းရွာ သစ်မြို့နယ်တွင် ၂၁,၁၀၀ဧကရှိ လာသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကရင့်ရေးရာကော်မတီမှ စောကျော်စွာက ပြောသည်။
“ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် အကျိုးပြုမပြု ထည့်သွင်းစဉ်းစားဖို့။ နောက် ကရင်ပြည်နယ်မှာ ဒုက္ခသည် တွေ ပြန်လည်နေချထားရေးဆိုပြီး လယ်မြေတွေ အသိမ်းခံရတာ ရှိတယ်။ ဒါကို KNU က ကာကွယ်ပေး ဖို့။”ဟု တင်ပြပြောဆိုခဲ့ သည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်တွင်းလူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစော ဒေါ့လေးမူ၊ ဗဟိုကော်မတီဝင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မတီဝင်လည်းဖြစ်၊ ကရင်အမျိုးသ မီးအစည်းအရုံး၏ တွဲဖက် အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်တို့က KNU အဖွဲ့အတွင်းရှိ လက်ရှိ အခြေအနေများ အပါအ ၀င် အစိုးရနှင့် ဆက်လက် လုပ်ဆောင်သွားမည်များကို တုံ့ပြန်ရှင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ KNU ကိုယ်စားလှယ်များ အပါအဝင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ စာပေ၊ ယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသအသီးသီးမှ ကရင်နှစ်သစ်ကူး ကျင်းပရေးကော် မတီအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ နယ်စပ်မှ ဘာသာရေးခေါင်းဆောင်များ အပါအ ၀င် လူဦးရေ ၅၀နီးပါး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၏ ဒုဥက္ကဌ မန်းအောင်ပြည်စိုးကလည်း ငြိမ်းချမ်းရေး တည် ဆောက်မှုအပိုင်းတွင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်အမျိုးသားအချင်းချင်းကြား စည်းလုံး ညီညွှတ်မှု တည်ဆောက်ရေး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက KNU နှင့် အစိုးရအကြား ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုနောက်ပိုင်း ဖြစ်ပေါ် လာသည့် လယ်မြေသိမ်းဆည်းမှုများအပြင် KNU ဆက်ဆံရေးရုံး၏ လုပ်ငန်းတာဝန်များ၊ KNU ကို အစိုးရမှ မတရားအသင်းမှ ပယ်ဖျက်စေလိုခြင်းများနှင့် အဖွဲ့အတွင်း စည်းလုံးညီညွှတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် အမျိုးသမီးပါ၀င်မှုနှင့် လူငယ်များ၏ ပညာရေး အရေးပါမှုများကို KNU ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမှုက “ကျနော်တို့ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ဖို့ ကရင်လူထုတစ်ရပ်လုံးရဲ့ဆန္ဒ ကို အခြေခံပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ဖို့ လိုတယ်။ နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြဲရှိနေသေးတယ်။ အထူးသဖြင့် မြေယာသိမ်းခံရမှုကိစ္စပါ။ ဒါတွေအားလုံး အစိုးရနဲ့ ထပ်တွေ့ဆုံေ ဆွးနွေးတဲ့အခါ တင်ပြသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကာလအတွင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၌ နိုင်ငံရေးအရဖြစ်စေ၊ ငြိမ်းချမ်းရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး ပါဝင်ကူညီလုပ်ဆောင်ရန် လိုအပ်သည်ဟု ပဒိုစောဒေါ့လေးမူက လူမှုအဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။
KNU ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Karen Baptist Convention ခေါ် ကရင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်၏ ဒေသဆိုင်ရာ သာသနာအတွင်းရေးမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ထို နေ့ညနေ ၆နာရီတွင် သမတရုံးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှ မောင်ရွှေတို့နှင့် Peace Center ၌ တစ်နာရီခန့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

http://www.kicnews.org/?p=14269

October 16, 2012

KNU တပ်မဟာ(၆)မှ ကော့ကရိတ် မြို့နယ်ရှိ ဒေသခံအချို့ကို လူထုရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆)တွင် ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး အပါအဝင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အချို့တို့သည် ထိုဒေသရှိ ကျေးရွာများမှ လူထုများကို ယခုရက်ပိုင်းအတွင်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ယခု အောက်တိုဘာလ ၁၃ရက် မှ ၁၆ရက်နေ့အထိ ကေအဲန်ယူ ကော့ကရိတ်မြို့နယ်အတွင်းရေးမှူး ပဒိုစောအယ်ကော်သော၊ တပ်မဟာ (၆)မှ တပ်ရင်း(၂၀၁)မှူး ဒုဗိုလ်မှူးကြီးဘူးဖော၊ တပ်ရင်း(၁၀၃)မှူး ဒုဗိုလ်မှူးကြီးနေစေးနှင့် အခြားခေါင်းဆောင်အချို့က နိုင်ငံရေး၊ ပညာရေး နှင့် ကျန်းမာရေးကိစ္စများကို လူထုများအား ရှင်းလင်းပေးခြင်းဖြစ်သည်ဟု သိရသည်။
ပဒိုစောအယ်ကော်သောက “ကျနော်နယ်မြေထဲမှာ လူထုနဲ့ ပိုပြီးတော့ နီးစပ်အောင် အမြဲနေရမှာဖြစ်တဲ့အတွက် ဒီလို ရှင်းလင်းပွဲတွေ ပြု လုပ်ရတာပါ။ လူထုတွေကလည်း ကျနော်တို့ရဲ့ ရှင်းလင်းမှုတွေကို ကြိုဆိုတာ တွေ့ရပါတယ်။ နောက် လောလောဆယ် တိုက်ပွဲတွေ မရှိ တဲ့အတွက် လူထုတွေက လုပ်ကိုင်စားသောက်မှုတွေ နည်းနည်း အဆင်ပြေလာတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများအတွက် အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် ဗဟိုက ပညာရေးဌာနနှင့် တိုင်ပင် ပြီး လုပ်ဆောင်သွားမည်ဟု လူထုရှင်းလင်းပွဲတွင် ပါ၀င်သည့် ခေါင်းဆောင်များက ပြောသည်။
ထိုလူထုရှင်းလင်းပွဲကို အောက်တိုဘာလ ၁၃၊ ၁၅နှင့် ၁၆ရက်နေ့များတွင် နေရာခွဲ၍ ထီးနူကျေးရွာ၊ ဒုတိယနေ့အဖြစ် ကလော်ဝေါ်ရွာနှင့် တတိယနေ့အဖြစ် ကော်ချဲရွာတို့တွင် သုံးကြိမ် ပြုလုပ်ခဲ့ကြပြီး ထီးနူ၊ အို့ဖိုးထာ့၊ ကနဲလေး၊ လယ်ခေါ်၊ ကလော်ဝေါ်၊ ခေါဖိုးခီး၊ ဖောဘုလာ့ ထာ့၊ ကော်ချဲ၊ မောခီး၊ မောဖိုးကလိုး၊ လားတိုနှင့် ကွီးချဲဘော စသည့်ရွာများမှ ဒေသခံလူထု ၂၀၀ကျော်အထိ တက်ရောက်ခဲ့ကြသည်ဟု ပါ၀င်ခဲ့သူများက ပြောသည်။
ရှင်းလင်းပွဲသို့ တက်ရောက်သည့် လူထုများက ကေအဲန်ယူခေါင်းဆောင်များအကြား သဘောထားကွဲလွဲကြောင်း သတင်းထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ခေါင်းဆောင်များအချင်းချင်း စည်းလုံးညီညွှတ်မှုရှိကြရန် ၎င်းတို့မှ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပဒိုစောအယ်ကော်သောက “ကေအဲန်ယူမှာဖြစ်တဲ့ ခေါင်းဆောင်အချင်းချင်း တခဏတာအတွင်းမှာ အမြင်မတူမှုကြောင့် အလုပ်မှာ လုပ် နည်းလုပ်ဟန် မတူကြပေမယ့် ပန်းတိုင်ဟာ တစ်ခုတည်းပဲဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာ မလိုဘူးလို့ လူထုတွေကို ကျနော်တို့ ရှင်းပြခဲ့ပါ တယ်”ဟု ဖြည့်စွက်ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ လူထုများကို ပုံမှန်အားဖြင့် တနှစ်လျှင် ၂ကြိမ် ရှင်းလင်းပွဲများ ပြုလုပ်ကျင်းပလျှက်ရှိရာ ယခုပြုလုပ်သည့် လူထုရှင်းလင်းပွဲကို ခေတ္တရပ်ထားပြီး နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကော့ကရိတ်မြို့နယ်မှ ကေအဲန်ယူခေါင်း ဆောင်များက ဆိုသည်။

http://www.kicnews.org/?p=13754

October 8, 2012

KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက်တည်ရှိစေရေး OKRSO ဆုတောင်း

အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက် တည်ရှိစေရေးအတွက် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO ရုံးတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို ယမန်နေ့ညနေ ၆နာရီတွင် နာရီဝက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။
OKRSO ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ စောမင်သီက “လက်ရှိ မြန်မာအစိုးရနဲ့ KNU တို့ရဲ့ ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ အတွင်း ပြဿနာတွေကို ကျနော်တို့ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မိခင်အဖွဲ့အစည်း KNU အတွင်း မှာ အချင်းချင်း စည်းလုံးမှုတွေရဖို့ ဆုတောင်းပွဲလုပ်ရတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအစိုးရသည် KNU နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ခွဲခြားဆွေးနွေးမှုများ ရှိခဲ့သည့်အပေါ် KNU အတွင်း ခေါင်းဆောင်များအ ကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားလာရကြောင်းနှင့် စေတနာမှန်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း မဟုတ်ကြောင်း OKRSO မှ ရှုမြင် သည်ဟုလည်း သူက ဆက်ပြောသည်။
ယမန်နေ့က OKRSO သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပ ခဲ့ပြီး ထိုတင်မြှောက်ပွဲအပြီး ညနေပိုင်းတွင် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းဆုတောင်းပွဲအခမ်းအနားတွင် OKRSO အဖွဲ့ဝင် အပါအဝင် ဘန်ကောက်တွင် လူမှုရေးနှင့် ကရင်စာပေယဉ်ကျေးမှု လုပ် ဆောင်နေကြသူပုဂ္ဂိုလ်များနှင့် လူငယ်များ စုစုပေါင်း ၄၀ဦးကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ကရင်အမျိုးသားအလံတော် ကို ကိုင်ဆောင်၍ ဖယောင်းတိုင်မီးကိုယ်စီ ထွန်းညှိကာ ၀တ်ပြု ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဆုတောင်းပွဲတွင် ပါ၀င်သူများမှ “ကရင်လူထုတရပ်လုံး ညီညွတ်ကြပါစေ၊ ကရင်လူထုတရပ်လုံး ငြိမ်းချမ်းကြပါစေ၊ ကရင်လူထုတရပ်လုံး တိုးတက်အောင်မြင်ပါစေ”ဟု တညီတညွှတ်တည်း ရွတ်ဆိုကြကာ ဆုတောင်းပွဲကို အဆုံးသတ်ခဲ့သည်။
ကေအဲန်ယူ၏ လက်ရှိအခြေအနေအပေါ် ပြီးခဲ့သည့် အောက်တိုဘာလ ၅ရက်နေ့က ကရင်လူထုအခြေပြုအဖွဲ့အစည်း ၃၀ကျော် ဆွေးနွေးသုံးသပ်ခဲ့ကြရာ အချင်းချင်း ပြန်လည်စုစည်းညီညွှတ်စေလိုသည့် သဘောထားကို ဒေါက်တာစင်သီယာမောင် အပါအ ၀င် ၎င်းအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အချို့က ကေအဲန်ယူခေါင်းဆောင်များထံ သွားရောက် အသိပေးခဲ့ကြသေးသည်။
Oversea Karen Relive Social Organization-OKRSO ကို စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်သူများနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို လူမှုရေး ကူညီထောက်ပ့ံရန် ရည်ရွယ်၍ ၁၉၉၂ခုနှစ်၊ ဇွန် လက စတင် ဖွဲ့ စည်းခဲ့သည်။

http://www.kicnews.org/?p=13601

October 5, 2012

ကရင်တိုင်းရင်းသားတို့၏ စည်းလုံးမှုကို မဖြိုခွဲသင့်ဟု ဥရောပရောက် ကရင်ကွန်ယက်ပြောဆို

အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ထောက်ပံ့ကူညီပေးနေသော အဖွဲ့အစည်းများသည် ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်ရေးကို မဖြိုခွဲ သင့်ကြောင်း ဥရောပရောက်ကရင် ကွန်ယက်-EKN မှ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ၎င်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟို တရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှုဖြင့်ဟူ၍ တာဝန်ရပ်စဲကြောင်း သတင်းထွက်ပေါ်ပြီးနောက် EKN မှ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
EKN ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဝေးနိုင်ငံရောက် ပဒိုစောဇော်နောင်က “မြန်မာအစိုးရဟာ KNU နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင် တဲ့နေရာမှာ မရိုးသားဘူး။ နောက်တချက်က နိုင်ငံခြားကပေးတဲ့ အကူအညီဟာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ကျနော်တို့ အဖွဲ့အ စည်း(KNU)ကို ရှုတ်ထွေးအောင် ဖြစ်ပေါ်စေတယ်ဆိုတာ ထောက်ပြချင်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ယခုနှစ် ဇန်နဝါရီလက KNU နှင့် အစိုးရတို့၏ သဘောတူညီချက် ၁၁ချက်နှင့်အညီ အစိုးရ သည် KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ဗဟိုအဖွဲ့ကို စနစ်တကျ တွေ့ဆုံဆွေးနွေးသကဲ့သို့ တစ်ဖက်၌လည်း ဗဟိုဌာနချုပ်သို့ သတင်းမပေးဘဲ ၎င်းတို့နှင့် သွားရောက်တွေ့ဆုံသည့် KNU စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို တွေ့ဆုံခြင်းမှာ ခွဲထုတ်သည့်သဘောဆောင်ကြောင်း သူက ဆက်ပြောသည်။
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ကရင်လူမျိုးများနှင့် နိုင်ငံတကာသို့ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲများကို အလိုရှိ သည်ဟု ဖေါ်ပြလိုပါက ယခင်ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်သော နည်းဗျူဟာဟောင်းကြီးကို ရပ်တန့်ကာ ဖားအံ၌ ဖွင့်လှစ်ခဲ့ သည့် တရားမဝင် ဆက်ဆံရေးရုံးဖွင့်နေခြင်းကို တားမြစ်သင့်သည်ဟု EKN ကြေညာချက်တွင် ပါရှိသည်။
မြန်မာပြည်တွင်းသို့ ၀င်ရောက်ကူညီပေးနေသည့် အဖွဲ့အစည်းများမှာ KNU အား အသိပေးအကြောင်းမှုများနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာမှု မရှိကြောင်းနှင့် လက်ရှိ အစိုးရ၏ လုပ်ဆောင်ချက်များသည် ဒီမိုကရေစီဘက်သို့ ဦးလှည့်နေသည်ဟုဆိုသော် လည်း ကရင်ဒေသတွင် သိသာထင်ရှားသည့် ပြောင်းလဲမှုများ မတွေ့ရကြောင်း ပဒိုစောဇော်နောင်က ဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကူညီပေးနေသည့် Myanmar Peace Support Initiative ၏ လုပ်ဆောင်ချက်သည် ကရင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်ပင်အကြံပေးမှုများ ရယူမှုမရှိခြင်းတို့ကြောင့် သံသယစိတ်များပို၍ ကြီးထွားစေပြီး ထောက်ပ့ံသင့်သည့်အရာများကို မပြုလုပ်ဘဲ ဖားအံဆက်ဆံရေးရုံးခန်း ဖွင့်လှစ်ခြင်းအတွက် ထောက်ပံ့ကူညီနေခြင်းသည် KNU ၏ စစ်မှန်သော ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်နိုင်သည်ဟုလည်း EKN ကြေညာချက်၌ ဖော် ပြထားသည်။
ထို့အပြင် ၂၀၀၄ခုနှစ် စစ်အစိုးရလက်ထက်ကလည်း KNU နှင့် တွေ့ဆုံဆွေးနွေးမှုတွင် အပေါ်အောက် ခွဲခြားဖဲ့ထုတ်စည်းရုံးမှုများ ပြုလုပ်ကာ နောက်ဆုံးတွင် တပ်မဟာ(၇)မှူးဟောင်း ဗိုလ်မှူးချုပ်စောထင်မောင် မိခင်အဖွဲ့အစည်းမှ ခွဲထုတ်သွားသည့် သာဓကရှိ ခဲ့ပြီး ယခုလည်း အလားတူ ပုံစံမျိုးတွေ့ရကြောင်း ပဒိုစောဇော်နောင်က ဖြည့်စွက်ပြောဆိုသည်။
EKN က ၎င်းတို့၏ ကြေညာချက်နိဂုံးတွင် ကရင်လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာအစိုးရ၏ သွေးခွဲသပ်သျှို ချေမွဖျက် ဆီးခြင်း၊ ယဉ်ကျေးမှုနှင့် လူမျိုးတုံးစေခြင်း စသည့်အဖြစ်များကို အမြဲသတိရှိကြရန် လိုအပ်ပြီး KNU ၏ စစ်မှန်သော ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဟု ထည့်သွင်းထားသည်။
ဥရောပရောက် ကရင်ကွန်ယက်-EKN ကို ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေးနှင့် အင်္ဂလန်နိုင်ငံရောက် ကရင်အသင်းအဖွဲ့များ စုပေါင်း၍ ဖွဲ့စည်းထားသည့် ကွန်ယက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

- စည်းလုံးကြရန် ကေအန်ယူကို ကရင်လူထုနှင့် ပါတီများ တိုက်တွန်း click

http://www.kicnews.org/?p=13582
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India