Showing posts with label တပ်ရွေ့ပြောင်းရေးကိစ္စ. Show all posts
Showing posts with label တပ်ရွေ့ပြောင်းရေးကိစ္စ. Show all posts

May 3, 2013

အစိုးရ တပ်ဖွဲ့၏ ရာဇသံကို DKBA ပယ်ချ

DKBA DKBA ဓါတ်ပုံ - (အင်တာနက်)
မေလ () ရက်နေ့ကို နောက်ဆုံး ထားပြီး ကရင်ပြည်နယ် လှိုင်းဘွဲ မို့နယ် မိုင်ကြီးငူ ဒေသရှိ မယ်ပနှင့် မဲကဆော်ရှိ ဒီမို ကရေစီ ကရင် အကျိုးပြု တပ်မတော် DKBA စခန်းများကို ပြောင်းရွှေ့ ပေးရန် အစိုးရ စစ်ဗျူဟာမှ ရာဇသံ ပေးခဲ့သည်ဟု ပြောခွင့် ရသူ DKBA ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။
ဒီအမိန့်က အရှေ့တောင်တိုင်း တိုင်းမှူးကနေ တဆင့် တပ်မ (၂၂) မှူးကို ညွှန်ကြား ခဲ့တယ်။ အဲဒီကတဆင့် ကျနော်တို့ ဆုံစည်းမြိုင် အနားမှာ ရှိတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းက တဆင့် ကျနော်တို့ကို အကြောင်းကြား ခဲ့တယ်။ ရာဇသံ ရက်ကလည်း မနေ့က မေလ () ရက်နေ့ကမှ အသိပေး တာပါ။ ထွက်ပေးရမှာက မေလ () ရက်နေ့ ဆိုတော့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စလေ။ ဒါကြောင့် လက်မခံနိုင်ဘူး။ဟု ဆိုပါသည်။
 အစိုးရ ဗျူဟာမှူးများ ကမူ ဆုတ်ခွာရန် အမိန့်ပေးခဲ့သော နေရာတွင် ဟပ်ကြီး ရေကာတာ တည်ဆောက်ရန် ရှိနေသဖြင့် ရေကာတာ ဆည်သောက် ဧရိယာ၌ ပါဝင်သော နေရာ အားလုံးကို ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း၊ ရှင်းပြ ထားခဲ့ပါသည်။ DKBA ကမူ ပြောင်းရွှေ့ရမည့် နေရာ အစား မရှိသေးခြင်းနှင့် တပ်ဖွဲ့ ဖူလုံရေး ပြသနာများကြောင့် ရာဇသံကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း ဆိုပါသည်။
ယင်း ရာဇသံ ပြသနာသည် ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA အဖွဲ့နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မမှူး ဗိုလ်ချုပ် တင်မောင်ဝင်း တိုက်ရိုက် ကွပ်ကဲနေသည့် နယ်ခြားစောင့် တပ် (BGF) အဖွဲ့တို့၏ ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် ဖြစ်ပွားသော တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာခဲ့သော ပြသနာဟု ဆိုရမည် ဖြစ်ပါသည်။
DKBA နှင့် BGF တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့မှ စပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စသည့် ကျေးရွာများ၌ () ရက်ခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ပါ သည်။ ယင်း () ရက်ကြာ တိုက်ပွဲတွင် ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA တပ်ဖွဲ့နှင့် ဗိုလ်မှူး ချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့တို့က တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြသဖြင့် ပြသနာကို ပြန်လည် ဖြေရှင်းရန် ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်နေ့တွင် မြိုင်ကြီးငူတွင် နှစ်ဖက် တွေ့ဆုံ ခဲ့ပါသည်။ DKBA ဖက်မှ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်ပြီး BGF ဖက်မှ ဗိုလ်မှူး ချစ်သူက ဦးဆောင် ခဲ့ပါသည်။ KNU ကလည်း ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်း ထားပါသည်။
DKBA ကမူဤ ပြသနာ၌ အစိုးရ ပါဝင် ပတ်သက်မှုကို မလိုလားကြောင်း ဗိုလ်မှူးကြီး ဆန်းအောင်က အတိအလင်း တောင်းဆို ခဲ့ပါသည်။ သို့သော် BGF အဖွဲ့သည် အစိုးရ ကြီးကြပ်သော အဖွဲ့ဖြစ်သဖြင့် တွေ့ဆုံမှုသည် မပြေလည်ဘဲ နှစ်ဖက်တပ်များ စစ်ပြင်ဆင် နေခဲ့ပါသည်။
ဤသို့ကြောင့် DKBA တပ်များ မြိုင်ကြီးငူ ဒေသရှိ မယ်ပနှင့် မဲကဆော်ဒေသမှ ရုတ်သိမ်းပေးရန် အရှေ့တောင်တိုင်းမှ တဆင့် ရာဇသံပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သို့သော်လည်း ဤနှစ်ဖွဲ့သည် မနှစ်တုန်းကလဲ တင်းမာမှုများ ဖြစ်ပွား ခဲ့ဘူးပါသည်။ ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA တပ်ဖွဲ့သည် ဗိုလ်မှူး ချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့ ၀င်များ ထံမှ လက်နက် အလက် (၄၀) ခန့်ကို သိမ်းဆည်း ခဲ့ရာမှ နှစ်ဖက် တင်းမာမှု ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ပြသနာကို နိုင်ငံတော် ငြိမ်းချမ်းရေး အဖွဲ့ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း တို့က ကြားဝင် ဖြေရှင်း ပေးခဲ့ပါသည်။
ထို့အပြင် စီးပွားရေး အရာတွင်လည်း နှစ်ဖက် အကြား အငြင်းပွားမှုများ မကြာခဏ ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ အငြင်းပွားခဲ့ ရခြင်းသည် အစိုးရ၏ မမျှတသော စီးပွားရေး ပေါ်လစီ မက်လုံးကြောင့် နှစ်ဖက် အငြင်းပွားမှုကို ဖြစ်စေခဲ့သည်ဟု DKBA ပြောခွင့် ရသူက ဆိုပါသည်။ အကြောင်းမှာ အစိုးရသည် BGF ကို ဦးစားပေး ထားသည့် အတွက် မလိုလားသော အငြင်း ပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုပါသည်။
ဗိုလ်ကျော်ဘိသည် တပ်ရင်းမှူးကြီး တာဝန်နှင့် နယ်ခြား စောင့်တပ်ရင်း ၃ ရင်းကို ဦးဆောင် ခဲ့သူဖြစ်ပြီး၂ဝ၁၁ ခုနှစ် လယ် ပိုင်းတွင် DKBA အဖြစ် ပြန်လည် ကူးပြောင်း ခဲ့သူ ဖြစ်ပါသည်။ ၄င်းတို့သည် လက်ရှိ၌ ဗိုလ်ချုပ် စောလားဖွယ်ခေါ် ဗိုလ် နှုတ်ခမ်းမွှေး ဦးဆောင်သော တပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေပြီး KNU နှင့် မဟာမိတ် အဖြစ် ရပ်တည် နေခဲ့သည်ဟု ဆိုပါသည်။
ကရင်ပြည် အတွင်းတွင် KNU နှင့် ပတ်သက် ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း () ဖွဲ့ ရှိပါသည်။ ကရင် အမျိုးသား အစည်းအရုံး (KNU)ဒီကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) DKBA မှ အသွင်ပြောင်းသွားသော အစိုးရ နယ်ခြား စောင့်တပ် (BGF) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့ဖြစ်ပါသည်။ DKBA BGF နှင့်  ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့သည်  KNU အဖွဲ့မှ ခွဲထွက် သွားကြသော အဖွဲ့များဖြစ်ပါသည်။
ဤသို့ကြောင့် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေအနေသည် အစိပ်စိပ် အမွှာမွှာ ကွဲခဲ့ကြ ရာက ယနေ့ အချိန်တွင် အချင်းချင်း ပြန်တိုက်ကြတော့မည့် အခြေအနေ ဖြစ်လာပြန်ပါသည်။  ဤကဲ့သို့သော အခြေ အနေသို့ ရောက်အောင်လည်း အစိုးရ၏ နည်းဗျူဟာများက တဆင့်ချင်း ဆက်လက် တွန်းအားပေးနေလိမ့်မည်ဟု နယ်စပ် စစ်ရေး လေ့လာ သူများက ဆိုနေပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/273-dkba.html

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

ချင်းမိုင်(မဇ္စျိမ)။   ။ အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

DKBA-Army“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။
အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။

“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်း ကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။

DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။

မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှ သေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11495-dkba--.html

March 28, 2013

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ နေရာမှ ခေတ္တ ဖယ်ရှားပေးရန် အစိုးရတပ်က ပြောကြားထားသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။
ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။
“ဆုတ်ခွာ ပေးပါလို့တော့ မပြောဘူး၊ ခဏ ရှောင်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ရှောင်ပေးလိုက်တဲ့ နေရာတိုင်း အမာခံ တပ်စခန်းတွေ လာဆောက်တယ်၊ နယ်မြေစိုးမိုးရေး ဆိုပြီး။ ဒါကြောင့် ကျနော်တို့လည်း နောက်ထပ် ရှောင်ပေးနိုင်စွမ်းလည်း မရှိတော့ဘူး။ နယ်မြေရှင်းရေး လုပ်ရင်တော့ တိုက်ပွဲတော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
မကြာသေးခင် ရက်ပိုင်းကလည်း ယင်းတပ်စခန်း အနီးအနားတွင် SSA မြောက်ပိုင်းနှင့် အစိုးရတပ်တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ဆိုသည်။
စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ ရှိနေသော်လည်း လတ်တလော တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း၊ အစိုးရ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၉၁) တပ်နှင့် တပ်မ (၃၃) လက်အောက်ခံ တပ်များ စစ်အင်အား တိုးချဲ့ထားကြောင်း သိရသည်။
SSA မြောက်ပိုင်း တပ်စခန်းများကို အစိုးရတပ်မှူးများက ဆုတ်ခွာပေးရန် ဖိအားပေးသည့် အကြောင်းအရင်းကိုမှု မသိရှိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေး လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
“ကျနော်တို့ (ဝန်ကြီး) ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဒုတိယအကြိမ် ပြန်တွေ့ဖို့ အစီအစဉ် ရှိတယ်။ အဲဒီ တိုင်းမှူးကိုလည်း ပြောပါတယ်။ သူက ဦးအောင်မင်းနဲ့ မတွေ့ခင် ခဏရှောင်ပေးပါ။ တိုက်ပွဲ မဖြစ်ချင်ရင် ဦးအောင်မင်းတို့နဲ့ နယ်မြေ သတ်မှတ်ပြီးရင်တော့ ခင်ဗျာတို့နေရာကို မဝင်ပါဘူးလို့တော့ အဲဒီလို ပြောတယ်။ ယုံကြည်ခဲ့တာလည်း များပြီး ဒီတခါ မယုံတော့ဘူး”ဟု ၎င်းက ဆိုသည်။
SSA မြောက်ပိုင်းသည် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် လာမည့် ဧပြီလ ဒုတိယ အပတ်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင် လဆန်းပိုင်းကလည်း အစိုးရတပ်များက SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့သေးကြောင်း သိရှိရသည်။
အထက်က ညွှန်ကြားချက်အတိုင်း တပ်များကို ဆုတ်ခွာပေးရန် အကြောင်းကြားရခြင်း ဖြစ်ကြောင်း ယင်းဒေသတွင် ကွပ်ကဲသည့် အစိုးရ တပ်မှူးများက ပြောကြားကြောင်း သိရသည်။
တပ်စခန်းများ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် SSA မြောက်ပိုင်း ဆက်ဆံရေးရုံး တာဝန်ရှိသူများမှတဆင့် ဝန်ကြီး ဦးအောင်မင်းထံ ဆက်သွယ် အကြောင်းကြားခဲ့ရာ နှစ်ဖက် ဖြစ်ပွားနေသည့် ကိစ္စများကို သဘောပေါက် နားလည်ပါသည်ဟု အကြောင်းပြန်ကြားကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီးနောက် တပ်များ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် တပ်စခန်းများမှ ဆုတ်ခွာခိုင်းခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက ရှမ်းပြည်တွင် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရခြင်းမှာ နယ်မြေ မခွဲခြားရသေးသောကြောင့် ဖြစ်သည်ဟု ယခုလ ၂၀ ရက်နေ့က လားရှိုးမြို့တွင် တိုင်းရင်းသား ညီလာခံ အစည်းအဝေးသို့ ရောက်ရှိခဲ့စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းသည်လည်း အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော်လည်း မကြာသေးမီ ရက်ပိုင်းက ၎င်းတို့၏ တပ်စခန်းတချို့တို့ကို ဆုတ်ခွာပေးရန် ဖိအားပေးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

http://burma.irrawaddy.org/archives/36560

March 20, 2013

SSA တောင်ပိုင်း တပ်စခန်း အစိုးရတပ် ထပ်ရွှေ့ခိုင်း

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထမြို့နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်းကို ယနေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် အစိုးရ စစ်တပ်က အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
ယင်း လွိုင်မို့နန်းလျန်း တပ်စခန်းကို အစိုးရ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဒု တိုင်းမှူး အဆင့်ရှိသူတဦးက ပြီးခဲ့သည့် တပတ်က အကြောင်းကြားထားကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင် အစိုးရတပ် စစ်အင်အားလည်း တိုးချဲ့ထားကြောင်း SSA တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
မတ်လ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲရှိ လွိုင်လျန်း တပ်စခန်းတခုမှ ဆုတ်ပေးရန် ပြောဆိုခဲ့သေးကြောင်း၊ ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ၏ တောင်းဆိုမှုကြောင့် ဆုတ်ပေးခဲ့ရပြီးနောက် လွိုင်မို့နန်းလျန်း တပ်စခန်းကို ထပ်မံ ဆုတ်ပေးရန် တောင်းဆိုလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စခန်းကို မဖယ်ပေးဘူးဆိုရင် ပစ်မယ့် သဘောရှိတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုက္ကဌ ဦးအောင်မင်းဆီကို အကြောင်းကြားထားတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
တပ်စခန်းများ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ လတ်တလော တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် SSA တောင်ပိုင်း ဆက်ဆံရေးရုံး တာဝန်ရှိသူများမှ တဆင့် ဦးအောင်မင်းထံ အကြောင်းကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ ဆုတ်ပေးထားသည့် လွိုင်လျန်း တပ်စခန်းကိုလည်း အစိုးရတပ်များက ယခုလ ၁၅ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ လက်နက်ကြီးသုံး၍ ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
“ကျနော်တို့ ဆုတ်ပေးပြီးပါပြီ။ ဆုတ်ပေးပေမယ့်လည်း အဲဒီတောင်ကုန်းကို သွားပြီး ပစ်နေတယ်။ သွားမနေရဲလို့လား၊ ဒါမှမဟုတ် တိုက်ပွဲဖြစ်အောင် ဖန်တီးနေတာလား မသိဘူး။ လက်နက်ကြီးနဲ့ ပစ်နေတာ ၂ ရက်လောက်ရှိပြီ” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ အနေနှင့် ပြန်လည် ခုခံတိုက်ခိုက်ခြင်း မပြုလုပ်ကြောင်း၊ အစိုးရဘက်မှ ဟိုမိန်းမြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးတပ်ရင်း ၂ ရင်းနှင့် ဟိုမိန်း ပြည်သူစစ် တပ်ဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း စိုင်းလောင်ဆိုင်းက ပြောသည်။
ယမန်နေ့က လားရှိုးမြို့တွင် တိုင်းရင်းသား ညီလာခံ အစည်းအဝေး တက်ရန် ရောက်ရှိနေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုက္ကဌ ဦးအောင်မင်းက ရှမ်းပြည်တွင် အပစ်အခတ် ရပ်စဲထားသည့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ နယ်မြေ မခွဲခြားရသေးသောကြောင့် ဖြစ်သည်ဟု ပြောသည်။
ယင်း ကိစ္စများအတွက် ရှမ်းတိုင်းရင်းသား လက်နက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ၎င်းကဆိုသည်။
အစိုးရတပ်များ၏ နေရာရွှေ့ပြောင်းရန် တောင်းဆိုခံရသော အဆိုပါနေရာများသည် SSA တောင်ပိုင်း တပ်ဖွဲ့များ ဌာနချုပ်အဖြစ် ထားရှိရန် အစိုးရနှင့် သဘောတူညီချက်တွင် ပါရှိကြောင်း သိရသည်။
စိုင်းလောင်ဆိုင်းက “ဒီ ၂ နေရာဟာ ကျနော်တို့ကို ဗဟိုဌာနချုပ် အဖြစ် သူတို့က ပေးမယ် ဆိုပြီးတော့ ပြောထားတယ်၊ အခုတော့ မပေးဘဲ တိုက်နေတယ်” ဟု ပြောသည်။
လတ်တလောတွင် စစ်ရေးအရ တင်းမာနေသော်လည်း နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်မည့် အခြေအနေများ မရှိကြောင်း၊ SSA တောင်ပိုင်း အနေနှင့် အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ဖေဖော်ဝါရီလအတွင်း နောက်ဆုံး နှစ်ဘက် အပစ်ခတ်ရပ်စဲရေး ကိစ္စများ ဆွေးနွေးပြီးနောက်ပိုင်း စစ်ရေးတင်းမာမှု ပြန်လည် ဖြစ်ပေါ်ခြင်းဖြစ်သည်။

http://burma.irrawaddy.org/archives/35995

February 28, 2013

တိုက်ပွဲများ ပြန်ဖြစ်ရခြင်းကို ရှမ်း (မြောက်၊ တောင်) တပ်ဖွဲ့များ သမ္မတထံ စာပို့

စံခလပူရီ (မဇ္စျိမ)။   ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် အစိုးရတပ်များအကြား ဖေဖော်ဝါရီ လလယ်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းများ အပေါ် ထိုနှစ်ဖွဲ့စလုံးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ၍ စာရေး အကြောင်းကြားခဲ့ကြကြောင်း ရှမ်းပြည်တပ်မတော် အရာရှိကြီးများက ပြောသည်။

တန့်ယန်း မြို့နယ်တွင်းရှိ SSPP/SSA ၏ လွယ်လန်း တပ်စခန်း ဆုတ်ပေးရန် အစိုးရတပ်ဘက်မှ ပြောကြားလာခြင်
နှင့်အတူ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း၌ SSPP/SSA ဘက်မှ ၎င်းကိစ္စကို သမ္မတထံ စာရေး တင်ပြခဲ့ပြီး သမ္မတမှလည်း အကြောင်းပြန်ခဲ့ကြောင်း SSPP/SSA မှ တပ်ပေါင်းစုရေးရာ ဒု-တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က မဇ္စျိမကို ပြောသည်။

“သမ္မတ က လွယ်လန်းက နေပြီးမှ သူတို့တပ် ဆုတ်ခွာဖို့ ညွှန်ကြားထားတယ်။ မိုင်းအွတ်မှာ လေယာဉ်ကွင်း
ဆောက်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းဖို့။ အဲလိုတော့ ကျနော်တို့ဆီ လိပ်မူပြီး စာရေးလာတယ်လို့ ဌာနချုပ်က ကျနော့်ဆီ အကြောင်းကြားတယ်” ဟု ဆိုသည်။

လွယ်လန်း တပ်စခန်းအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးရန် အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ လားရှိူးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး အောင်လ ထံသို့ နှစ်ကြိမ်တိုင်တိုင် လာရောက် ပြောကြားခဲ့ပြီးလည်း ဖြစ်ကာ ယနေ့၌မူ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး ဖိန်ဖ က ဆက်လက် ပြောဆိုသည်။

၎င်းလွယ်လန်း တပ်စခန်းသည် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်း မြို့နယ်၏ တောင်ဘက် နမ့်လောဝ် ကျေးရွာအုပ်စု အနီးရှိ SSPP/SSA တပ်မဟာ (၃၆)၊ တပ်ရင်း (၁၉၂) တပ်စခန်း ဖြစ်သည်။

“သမ္မတ က တပ်ရုတ်သိမ်းဖို့ ညွှန်ကြားထားတာက သမ္မတက ဥပရောပ ခရီးစဉ် ထွက်တဲ့အချိန် ဖြစ်နေတော့ တိုက်ပွဲ ဖြစ်တယ်ဆိုတာက သူ့အတွက် အနှောင့်အယှက် ဖြစ်မယ်လို့ ထင်တယ်” ဟု ဗိုလ်မှူးကြီး ဖိန်ဖ က သုံးသပ်သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စ၍ ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ အကျအဆုံးများကာ လူနာ
ကောက်ရန်အတွက် ၎င်းတို့ထံ လာရောက် ပြောကြားလာခြင်းလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ရှမ်းသံတော်ဆင့် သတင်း ဖော်ပြချက်အရ အစိုးရ တပ်ဘက်မှ အကျအဆုံး ၃၀ ခန့် ရှိသည်ဟု ရေးသား ဖော်ပြချက် ရှိသော်လည်း အကျအဆုံး များသည်ကို အတည်ပြုနိုင်ပြီး အရေအတွက်ကိုမူ အတည်ပြုချက် မပေးနိုင်သေး ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

အလားအတူ ဖေဖော်ဝါရီ လကုန် နောက်ဆုံးထား၍ တပ်စခန်း နှစ်ခု ဆုတ်ပေးရန် တြိဂံတိုင်း စစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျူဟာများမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမိန့်ပေးလာပြီး ၂၅ ရက်နေ့တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)ကလည်း တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ သမ္မတထံ စာပို့ခဲ့သည်။ ၎င်းကို တစုံတရာ အကြောင်း ပြန်လာခြင်း မရှိသေးကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင် က ဆိုသည်။

“ကျနော်တို့က ၂၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတဆီ လိပ်မူပြီးတော့၊ မိတ္တူကိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း (ဒု-ကာ/ချုပ်)၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အခြား သက်ဆိုင်တဲ့ ဝန်ကြီးတွေထံကို ပို့ပါတယ်။ မလိုအပ်တဲ့ ပစ်ခတ်မှုတွေ မဖြစ်အောင် ရှေ့တန်း တပ်တွေ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး လွယ်ကူတဲ့ အနေ အထားမျိုး ရောက်ရှိအောင်၊ အစိုးရတပ်တွေကိုလည်း ဒီလိုမျိုး မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ မပြုလုပ်ရအောင် ညွှန်ကြားပေးစေလိုတဲ့အကြောင်း တင်ပြထားပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ယနေ့မှာ တပ်ရုတ်ပေးရန် အမိန့် နောက်ဆုံးရက် ဖြစ်သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြသေးကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းထား မြို့နယ်ခွဲ တွင်းရှိ RCSS/SSA တပ်စခန်း တနေရာနှင့် ဟိုမိန်း မြို့နယ်ခွဲအတွင်းရှိ တပ်စခန်း တနေရာတို့ အား ရုတ်သိမ်းပေးရန် SSPP/SSA သက်ဆိုင်ရာ တပ်စခန်းများသို့ အစိုးရ ဗျူဟာတပ်မှ စာရေး အကြောင်းကြား
ခဲ့ခြင်း ဖြစ်သည်။

RCSS/SSA နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ၎င်းဟိုမိန်းနှင့် မိုင်းထား မြို့နယ်ခွဲ နယ်မြေဒေသများအား RCSS/SSA ၏ တပ်မိသားစု နေရာချထားရေးနှင့် လုပ်ကိုင် စားသောက်ရေးအတွက် အပ်ပေးမည်ဟု သဘောတူထားပြီး ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင် က ဆိုသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း( SSPP/SSA)မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က လည်းကောင်း၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က လည်းကောင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အသီးသီး ရရှိခဲ့ကြပြီး ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/11042-2013-02-28-15-30-38.html

နယ်မြေ ရွှေ့ပြောင်းခိုင်း၍ SSA တောင်ပိုင်းနှင့် အစိုးရတပ်တို့ အခြေအနေ တင်းမာ

ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ရှိ လွိုင်လျန်းတောင်ကုန်းနှင့် မိုင်းထားမြို့နယ်ရှိ လွိုင်မို့နန်းလျန်း တောင်ကုန်းများပေါ်တွင် တပ်စွဲထားသော SSA တောင်ပိုင်း ရှေ့တန်းတပ်များကို ယင်းဒေသရှိ အစိုးရတပ်ဗျူဟာများက ယနေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် အကြောင်းကြားထားမှုကို ၎င်းတို့ဘက်က ငြင်းဆန်ထားခြင်းဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “သူတို့လိုချင်တာက ပြန့်ကြဲနေတဲ့ ကျနော်တို့ တပ်တွေကို စုပြုံနေတာကို လိုချင်တာ။ ကျနော်တို့ဘက်ကကျတော့ တနေရာ ဖယ်ပေးရင် နောက်ထပ် တနေရာ ဖယ်ပေးဖို့ ထပ်လာဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်များ၏ နေရာရွှေ့ပြောင်းရန် ညွှန်ကြားခံထားရသော အဆိုပါနေရာများသည် ယခင်ကတည်းကပင် SSA တောင်ပိုင်း တပ်များ၏ လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ယင်းဒေသ အခြေစိုက် အစိုးရတပ်သို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသကဲ့သို့ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းလည်း မရှိသေးပေ။
ယင်းသို့ တင်းမာမှုကြောင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်မည့် အခြေအနေများ မရှိကြောင်း၊ SSA တောင်ပိုင်း အနေဖြင့်လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် SSA တောင်ပိုင်းတပ်များက ကျေးလက်နှင့်် တောထဲတွင် အခြေစိုက် လှုပ်ရှားပြီး အစိုးရတပ်များ အနေဖြင့် မြို့များပေါ်တွင် အခြေစိုက် လှုပ်ရှားရန် သဘောတူခဲ့ကြသော်လည်း အစိုးရတပ်ဘက်က ယင်းအချက်ကို လိုက်နာခြင်းမရှိဟု SSA တောင်ပိုင်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတဦးက ဆိုသည်။
“တချို့က နယ်မြေအတွင်း အကြောင်းမကြားဘဲ ဝင်လာတော့ အောက်ခြေတပ်အချင်းချင်း တိုက်ပွဲဖြစ်တယ်။ တချို့ အကြောင်းကြားပြီး ဝင်လာတဲ့ တပ်ဖွဲ့တွေဆိုရင်လည်း အရှေ့ဘက်သွားမယ်လို့ အကြောင်း ကြားထားပေမယ့် တောင်ဘက်သွားရင် သွားတယ်၊ မြောက်ဘက်သွားရင် သွားတယ်။ အကဲစမ်းသလိုမျိုး လုပ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၄ ရက်နေ့ကလည်း ခိုလမ်မြို့နယ်ခွဲထဲတွင် အစိုးရ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် SSA တောင်ပိုင်း လက်အောက်ခံ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၃ ဦးကျဆုံးပြီး SSA ဘက်မှ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယင်းတိုက်ပွဲသည်လည်း အစိုးရဘက်မှ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် လာရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် SSA ဘက်က ရိုင်ဖယ် ၆ လက်နှင့် ပစ္စတို ၂ လက် ရရှိခဲ့ကြောင်း၊ အဆို ပါလက်နက်များကိုလည်း သက်ဆိုင်ရာ အစိုးရတပ်သို့ ပြန်အပ်နိုင်ရန် ဆက်သွယ်ထားကြောင်း သူက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲသည် ယခုလ ၁၉ ရက်နေ့က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တို့ နှစ်ဘက် အပစ်ခတ် မရှိတော့ရန် ဆွေးနွေးပြီးနောက် ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တချိန်တည်းမှာပင် အစိုးရနှင့် ပဏာမ အပစ်ရပ်စဲမှု သဘောတူညီပြီးဖြစ်သော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် အစိုးရတပ်များလည်း နှစ်ဖက်ထိစပ် နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 http://burma.irrawaddy.org/archives/34702

RCSS/SSA တောင်ပိုင်း စခန်း ၂ ခုကို အစိုးရတပ်က ရွှေ့ခိုင်း

RCSS/SSA တောင်ပိုင်းအဖွဲ့က စခန်း ၂ခုကို ဒီနေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ အစိုးရတပ်က အကြောင်းကြားထားပြီး  ဒါဟာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့  SSA တောင်ပိုင်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ တပ်စခန်းချရာ ဟိုမန်းမြို့နယ်နဲ့ မိုင်းထားမြို့နယ်အတွင်းရှိ  စခန်းနှစ်ခုကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဒေသခံစစ်တိုင်းဗျူဟာမှူးတွေက ရွှေ့ခိုင်းတာဖြစ်တယ်လို့ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက RFA ကို ပြောပါတယ်။
"သူတို့က အဲဒီမှာရှိနေတဲ့ ကျနော်တို့တပ်ကို အကြောင်းကြားလာတာပါ၊ အခုနေထိုင်နေတဲ့ တောင်ကုန်း ၂ခုပေါ့ဗျာ၊ တခုကတော့ ဟိုမိန်းမြို့နယ်ခွဲထဲမှာရှိတယ်၊ နောက်တောင်ကုန်းတခုကတော့ မိန်းထား(မိုင်းထား)မြို့နယ်ခွဲထဲမှာ ရှိတယ်။ ဒီလကုန်နောက်ဆုံးထားပြီးတော့ ရွှေပေးပါလို့ အကြောင်းကြားလာပါတယ်၊ ဟိုမိန်းဗျူဟာမှူးကတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ နောက်ပြီးတော့ မိန်းတော မိန်းထားမှာရှိနေတဲ့ တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ သူတို့ပြောတဲ့အတိုင်း မဖယ်ပါဘူး၊ ကျနော်တို့ အရင်တုန်းကလဲ သွားသွားလာလာ နေထိုင်နေတဲ့နေရာဖြစ်ပါတယ်၊ ဒီနေရာဖယ်ပေးလိုက်ရင် နောက်ထပ်တနေရာ ဖယ်ခိုင်းအုံးမှာပဲ"
ဟိုမိန်းမြို့နယ်ခွဲအတွင်း  လွယ်လန်းတောင်ကုန်းရှိ စခန်းတခုနဲ့ မိုင်းထာမြို့နယ်ခွဲအတွင်း လွယ်မွတ် နမ့်လန်တောင်ကြောရှိ တပ်စခန်းတွေကို ဒီလ ၂၄ ရက်နေ့မှာ စာနဲ့အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ့တပ်စခန်းတွေဖယ်ခိုင်းတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်တာတွေကြောင့် ငြိမ်းချမ်းရေးအရ ဆွေးနွေးနေတဲ့ အစိုးရအဖွဲ့ကတမျိုး၊ စစ်တပ်ကတမျိုး  လုပ်ဆောင်တာနေတာ တွေ့နေရပြီး  SSA တောင်ပိုင်းအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆက်ဆံရတာ အခက်အခဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။
ဒါ့အပြင် အခုလို  တပ်စခန်းတွေ ရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး သူက
"ကျနော်တို့ သဘောတူညီချက်ထဲမှာ တောထဲမှာရောက်တဲ့နေရာမှာ ရပ်နေမယ်၊ အဲဒီနေရာမှာပဲ နေထိုင်ကြမယ်၊ မြို့ထဲမှာ ကားလမ်းပေါ်မှာ ကျေးရွာတွေမှာ ကျနော်တို့သွားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီး သွားသွားလာလာလုပ်ပါ၊ လှုပ်ရှားလာတော့မယ်ဆိုရင် ကျနော်တို့ကို အသိပေးပြီးလုပ်ပါ၊  ကျနော်တို့ဖယ်ရှားဖို့ လိုအပ်ရင် ဖယ်ရှားပေးမယ်၊ ဒီလိုကျနော်တို့ သဘောတူညီချက်ရထားတာပဲ၊  အခုတော့ ဟိုရွှေ့ခိုင်း ဒီရွှေ့ခို်င်းလုပ်လာတော့ မလိုအပ်တဲ့ ပြဿနာပေါ်လာပါတယ်၊ ကျနော်တို့အတွင်းမှာလဲ တပ်တွေကလဲ သိပ်ပြီးတော့ မကျေနပ်တော့ပါဘူး၊ ဘာဖြစ်လို့ တပ်တွေကို ဟိုရွှေ့ခိုင်း ဒီရွှေ့ခိုင်းလုပ်နေလဲဆိုတာ သူတို့သဘောမပေါက်ကြတော့ပါဘူး"
အစိုးရတပ်က SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ့က စခန်းတွေကို ဆုတ်ခိုင်းတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ SSA ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ကိုတော့  အလားတူစခန်းတွေကို ဖယ်ခိုင်းခဲ့တဲ့အတွက် စခန်းသုံးလေးခုလောက် ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India