Showing posts with label ဗွီဒီယိုမှတ်တမ်း. Show all posts
Showing posts with label ဗွီဒီယိုမှတ်တမ်း. Show all posts

September 22, 2012

တနိုင်ငံလုံး စစ်ပွဲတွေ ရပ်

  စစ်မက်တွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ မငြိမ်းချမ်းနိုင်သေးတဲ့ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသတွေက စစ်ပွဲတွေ ငြိမ်းချမ်းစေဖို့၊ မြန်မာတပြည်လုံး ငြိမ်းချမ်းရေး ရရှိစေဖို့ ရည်စူးကာ တနိုင်ငံလုံး စစ်ပွဲရပ် စာတမ်းပါ တီရှပ်၊ နဖူးစည်းနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ချီတက် လမ်းလျှောက် ဆန္ဒပြ။

http://www.burmavjmedia.net/?p=15043


July 28, 2012

အစိုးရတပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းဗီဒီယို ဖြန့်ချိ



ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒုက္ခသည်များ ကြုံတွေ့ရသည်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုကို ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT က ဖြန့်ချိလိုက်သည်။

အဆိုပါ မှတ်တမ်းဗီဒီယိုတွင် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အခြေအနေ ဖြစ်ရပ်မှန်များကို မှတ်တမ်းတင်ထားပြီး ခြောက် မိနစ်ခွဲကျော် ကြာမြင့်ကာ မြန်မာစစ်တပ်၏ ‘မဆုံးနိုင်သေးသော ဥပဒေအရ ကင်းလွတ်ခွင့်’ ဟု အမည်ပေးထားသည့် ဗီဒီယို မှတ်တမ်း ဇတ်လမ်းတိုကို KWAT ၏ အင်တာနက် စာမျက်နှာတွင် တနင်္လာနေ့က စတင်ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အဓိကတော့ ပြည်တွင်းမှာ တိုက်ပွဲကြောင့် ရွာသားတွေ ကြုံတွေ့တာတွေကို လူတွေ အားလုံး သိမြင်ဖို့၊ သူတို့ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို သက်သေအထောက် ပြန်ပြနိုင်ဖို့၊ မြန်မာအစိုးရကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိမြင်နိုင်ဖို့ မျှော်လင့်ပြီး တင်ပြထားတာပါ”ဟု KWAT က မှ တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် အစိုးစစ်တပ်မှ အခြေခံ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကချင်ဒုက္ခသည်များနှင့် တွေ့ဆုံ၍ မေးမြန်းထားခြင်း၊ မီးရှုံ့ခံရသည့် ကျေးရွာ သားများ ထွက်ပြေးလွှတ်မြောက်လာသည့် အခြေအနေများကို မေးမြန်းထားမှုများ ပါဝင်သည်။

ထိုမှတ်တမ်းကို အင်္ဂလိပ်ဘာသာဖြင့် Ongoing Impunity continued Burma army atrocities against Kachin people ဟု  အမည်ပေးထားပြီး ကချင် ဘာသာဖြင့် ပြောဆိုကာ အင်္ဂလိပ်ဘာသာဖြင့် စာတမ်းထိုး၍ တင်ဆက် ထားသည်။

အစိုးရမှ ကျေးရွာများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ထွက်ပြေး တိမ်းရှောင်လာသည့် အခက်အခဲ အဖြစ်အပျက်များကို မေးမြန်းထားပြီး ရေအိုင်ထဲ ကျပေါက်ကွဲသည့် ဗုံးဆန်ထိမှန်၍ ကလေးငယ်တဦး သေဆုံး သွားသည့် အဖြစ်မှန်ကို မျက်မြင်အဘွားအား မေးမြန်းထားမှုများ ပါဝင်သည်။

ထို့ပြင် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ညက မန်စီမြို့နယ်အတွင်းရှိ အသက် ၂၄ နှစ်အရွယ် ကချင်အမျိုးသမီး ဆမ်ခရာဂျီးတောင်အား အစိုးရတပ်မှ သတ်ဖြတ်ခံမှု အသေးစိတ်ကို သူ့၏ အမျိုးသား ဦးလဖိုင်ဇ်ာဘောက် အား
မေးမြန်းထားသည်။

“ကျနော့် မိန်းမကို ဝမ်းဗိုက်မှာ ထိုး၊ ခုန ကျနော်တို့ သားအဖတွေ အိပ်နေတဲ့ အိပ်ယာမှာ ထိုးပြီးတော့ အလောင်းကို
ဖျောက်တဲ့ပုံစံ။ ကျောက်တုံးကြားမှာ ညှပ်ပေးထားတယ်။ နားကပ်က တဘက်က ဖြုတ်ယူထားတယ်။ တဖက်က ရှိနေတယ်။ သူတို့ ဒါးနဲ့ ထိုးတာက ဘယ်ဘက်နံရိုးသုံးမှာ ထိုးလိုက်တာ ညာဘက် နံရိုးလေးမှာ ဖောက်သွားတယ်” ဟု ပြန်ပြောင်းပြောပြချက်များ ပါရှိသည်။

၎င်းဗီဒီယိုဇတ်ကားတိုကို သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံတကာ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများများထံသို့ ပို့မည် ဖြစ်ကြောင်း ဒေါ်မွန်းနေလီက ပြောသည်။

KIO နှင့် အစိုးရတို့ ၁၇ နှစ်ကြာ အပစ်ရပ်ရေး သဘောတူညီမှုကို ယမန်နှစ် ဇွန်လအတွင်း ပျက်ခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဒုက္ခသည်ပေါင်း ၇၉,ဝဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း KIO က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/9691-2012-07-24-13-05-03.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India