“ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေတွင် တိုက်ပွဲပြင်းထန်ပြီးတော့ လိုင်ဇာ စစ်ဌာနချုပ် ဒေသ တပ်မဟာ (၅) ဧရိယာမှာလည်း အဖြစ်များ ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက် (၁၁) နာရီမှာတော့ တိုက်ပွဲ နဲခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ်ကြားမှာ KIA တပ်မဟာ (၁)၊ တပ်ရင်း အမှတ် (၁၀၁) တပ်ရင်း တွေနဲ့ တိုက်ပွဲတွေ အဖြစ်များ လာခဲ့တယ်” ဟု ဆိုပါသည်။
အစိုးရ တပ်များသည် မြစ်ကြီးနား မြို့မှ ဘူတာအိုမြို့သွားသည့် ကားလမ်း တလျှောက်၌ တိုးချဲ့ချထား လာခဲ့ကြောင်း ဆိုပါသည်။ ဤဒေသသို့ ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက်နေ့က စပြီး တပ်မ (၃၃) တပ်ဖွဲ့မှ အင်အား (၁၀၀၀) ခန့် ထပ်မံ တိုးချဲ့ ချထားလာ ခြင်းဖြစ်ပါသည်။
ရှမ်းပြည် မြောက်ပိုင်းရှိ ကေအိုင်အေ တပ်မဟာ(၄) ဒေသသည် KIA တပ်ဖွဲ့ကို အမြစ်ပြတ် ခြေမှုန်းရန် အစိုးရ တပ်ဖွဲ့က ညွန်ကြား ထားသော နေရာဖြစ်သည်ဟု KIA ဖက်က ဆိုပါသည်။ အပိုင်းလိုက် ချေမှုန်းရေး နည်းဗျူဟာ ဖြစ်ကြောင်း ခန့်မှန်းထား ပါသည်။
KIA တပ်မဟာ (၅) ဒေသနှင့် တပ်မဟာ (၃) တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေပြီး၊ KIA ဌာနချုပ် လိုင်ဇာဂွင်ကိုမူ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြကြောင်း KIA ဖက်ကဆိုပါသည်။ ထို့အပြင် လှုပ်ရှား စစ်ကြောင်းများဖြင့်လည်း တပ်မ ဟာ (၅) ဂွင်ထဲသို့ ထပ်မံ ပို့ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။
သို့သော် ကေအိုင်အေ တပ်မဟာ (၂) ဒေသဖြစ်သော ဖါးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှု မရှိဘဲ ရပ်တန့်နေပါသည်။
“ဒီ ဖါးကန့် ဘက်မှာတော့ ပြီးခဲ့တဲ့ (၅) ရက်နေ့က အစိုးရ တပ်ဖွဲ့တချို့ ဆုတ်ခွာ သွားခဲ့တယ် ဆိုတော့ အေးချမ်းသွားပြီး ထင်နေတာ၊ ဒါပေမဲ့ မနေ့ကနဲ့ ဒီနေ့ ကျတော့ ကားအစီး (၁၀) စီး ထက်မနဲ ထပ်မံ တိုးချဲ့လာတယ် ဆိုတော့ အခြေအနေက ပြန် ဆိုးလာနိုင်တယ်” ဟု မျက်မြင်မြို့ခံ တစ်ဦးက ပြောပါသည်။
၄င်းတိုးချဲ့လာသော အစိုးရ တပ်ဖွဲ့များမှာ အင်အား (၃၀၀) ခန့်ရှိပြီး ဖါးကန့်မြို့အနီးတွင် ရှိသော နဂါးညီနောင်- လုံခင်းကျေး ရွာအနီး ရောက်ရှိ နေပြီး ယနေ့ နံနက်ပိုင်းတွင် ကချင် လူမျိုးများကို ဆဲဆိုကြိမ်းမောင်း ထုထောင်းပြီး ကြမ်းတမ်းစွာ စစ်ဆေး မှုများ ပြုလုပ်နေသည်ဟု ဒေသခံက ဆိုပါသည်။
ကေအိုင်အို အဖွဲ့သည် ၁၉၆၀ ခုနှစ် အောက်တိုဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး၊ တပ်မဟာ (၅) ခုဖြင့် တပ်ရင်းပေါင်း (၄၂) ရင်းနှင့် ဖွဲ့စည်းထားပါသည်။ ဤအထဲ၌ တပ်မဟာ(၄) ဧရိယာတွင် တပ်ရင်း (၇) ရင်းရှိပါသည်။ ထို့အပြင် ကချင်ပြည်သူ့စစ် တပ်ဖွဲ့ (၃)ရင်းရှိပြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၌ လှုပ်ရှားနေပါသည်။
လက်နက် ခဲ့ယမ်း မီးကျောက် တချို့ကိုလည်း ကိုယ်တိုင် ထုတ်လုပ်ပြီး၊ ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း(ပလောင်) ပြည်လွတ် မြောက်ရေး အဖွဲ့အပါ၀င် ရှမ်းပြည် တိုးတက်ရေး ပါတီတို့နှင့် ပူးတွဲ စစ်ဆင်ရေးများ ဆင်နွဲနေပါသည်။ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး တိုင်းရင်းသားတို့၏ အခွင့်အရေးကို လက်နက်ကိုင် တိုက်ပွဲဖြင့် ဆင်နွှဲနေသော အဖွဲ့အစည်း ဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2355----kia-.html