Showing posts with label PSLF. Show all posts
Showing posts with label PSLF. Show all posts

March 26, 2013

အစိုးရနှင့် အပစ်ရပ် ဆွေးနွေးနိုင်ရေး ညှိနှိုင်းမှု ပလောင်အဖွဲ့ အဖြေ မရသေး

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား ပထမဆုံး အကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ဝန်ကြီး ဦးအောင်မင်း မှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဆုံးဖြတ်ချက် မချမှတ် နိုင်သေးကြောင်း PSLF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ပြောသည်။

“ဦးအောင်မင်း တာဝန် ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ ဆွေးနွေးညှိနှိုင်း
နေတာပါ၊ နာမည် ထုတ်ပြောဖို့တော့ ခက်ပါသေးတယ်၊ အဓိက ကတော့ တွေ့ကြမယ့် နေရက် အချိန်တွေ၊
နေရာတွေကို ညှိနေတာပါ၊ အခုချိန် ထိတော့ ဘာမှ ရေရေရာရာ သဘောတူတာတော့ မရှိသေးပါဘူး” ဟု ဗိုလ်မှူး မိုင်ဘုန်းကျော်မှ မဇ္စျိမအား ပြောသည်။

ဖေဖော်ဝါရီ လကုန်မှစ၍ ဖုန်း၊ အွန်လိုင်း စနစ်တို့ဖြင့်  နှစ်ဖက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို ညှိနှိုင်း ခဲ့ကြကာ လူချင်း တွေ့ဆုံ ညှိနှိုင်းမှု မပြုလုပ် ရသေးဟု ဆိုသည်။

လက်ရှိ အခြေအနေ၌ ပလောင် (တအောင်း) ဒေသ ဘက်တွင် အစိုးရ၏ စစ်ကြောင်း လှုပ်ရှားမှု များကြောင့် ထိတွေ့ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

 မတ်လ (၂၂) ရက်နေ့ ညနေ (၅) နာရီ တွင် အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည် ကွတ်ခိုင် မြို့နယ်ရှိ နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) ၊ K.I.A တပ်ရင်း (၈) ပူးပေါင်း တပ်ဖွဲ့ များနှင့် တစ်နာ ရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ ထိုးစစ်ဆင် လှုပ်ရှား လာသည့်  လုပ်ရပ်ကိုကန့်ကွက် ရှုံ့ချကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) မှ မတ် (၂၂) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

မန်တုံမြို့တွင် ကျင်းပရန် ရှိသည့် ရွှေဖီလက်ဖက်ရာသီနှင့် တအောင်းစာပေနှင့်ယဉ်ကျေးမှု ညီလာခံ ပွဲတော်အတွက် အခြေစိုက် ပျောက်ကြား စခန်းတွင်သာ နေရာယူကြရန်နှင့် စစ်ရေးလှုပ်ရှားမှုကို ရပ်စဲ ထိန်းသိမ်းထားရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော စစ်ရေး အခြေအနေ များကြောင့်လည်း တွေ့ဆုံ ဆွေးနွေးမည့် နေရာကို ပြည်ပ တစ်နေရာ၌ သတ်မှတ် ပေးရန် ပလောင် အဖွဲ့မှ တင်ပြ ထားပြီး အစိုးရ အဖွဲ့ဘက်မှ ပြည်တွင်းကို အဆိုပြု ထားပါသည်။

“ညှိနှိုင်းလို့ မရသေးတာကတော့ ပြောဖို့တော့ခက်ပါတယ်၊ သူတို့ဘက်က အလုပ်တွေ တအားတွေ ရှုပ်နေလို့လား၊ သို့မဟုတ် ကျွန်တော် တို့ကိုပဲ အသိအမှတ် မပြု တာလား၊ နေရာတွေ အချိန်တွေ ဒီလိုပဲ ညှိတာပေါ့၊ တစ်နေ့မဟုတ် တစ်နေ့တော့ တွေ့ရ မှာပေါ့လေ” ဟု PSLF အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်မှ မဇ္စျိမအား ပြောကြား ခဲ့သည်။

အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမှု ပြုနိုင်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးဘက်မှ မျှော်မှန်းထားကာ အစိုးရ၏ပလောင်(တအောင်း) ဒေသဖက်၌ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းများသည်လည်း အစိုးရဘက်မှ ပြင်ဆင်မှု တစုံတရာဖြစ်မည်ဟု ခန့်မှန်းကြောင်း ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ဆက်ပြောသည်။ 

http://www.mizzimaburmese.com/news/inside-burma/11206-2013-03-26-15-28-56.html

 

September 26, 2012

ရှမ်း၊ ပလောင် ဒုက္ခသည်များ သောင်းနဲ့ချီ ဖြစ်လာတော့မည်

Refuge_4410oရှမ်းပြည်မြောက်ပိုင်း၊ မန်တုံ၊ နမ်းတူ၊ နမ်းခမ်း၊ နမ်းဆန်း ဖက်၌ ပလောင်နှင့် ရှမ်းလူမျိုး ဒုက္ခသည်များ  ထောင်ချီဖြစ်လာ နေပြီးဟု ကချင်/ရှမ်းဒေသ စစ်ပြေး ဒုက္ခသည်များ အတွက် တာဝန်ယူ ဆောင်ရွက်နေသည့် တာဝန်ခံ ဦးတွဲပီဆာက ဆိုပါသည်။
“မန်တုံမြို့နယ် ဆိုတာ ပလောင်ဒေသပေါ့။ တိုင်းရင်းသား ပေါင်းစုံ နေထိုင်တယ်။ ကချင်လဲပါတယ်။ အရင်တုန်းက ပလောင်ရဲ့ ဌာနချုပ်ပေါ့။ အရင်တုန်းကဆိုရင် (၅၀၀) ပတ်ဝန်းကျင် တော့ရှိတယ်။ အခုတော့ ထောင်ချီဖြစ်နေပြီးပေါ့ အသေအချာတော့ မသိရသေးဘူး” ဟု ဆိုပါသည်။
ဤဒေသသည် ကချင် လွတ်လပ်ရေး အဖွဲ့၏ တပ်မဟာ (၄) ဧရိယာ ဖြစ်သလို တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ ဒေသလည်း ဖြစ်ပါသည်။ ဤဒေသ၌ ပလောင် စစ်ပြေး ဒုက္ခသည် တထောင်ကျော် ရှိကြောင်း (PSLF) က ဆိုပါသည်။
ကချင်ပြည်နယ် ဗန်းမော် မြို့နယ်ရှိ ရွှေကျီးနား၊ တံခွန်တိုင်၊ ရိုးကြီးရွာမ၌ နေထိုင်သော ရှမ်းစစ်ပြေး များသည် ဗန်းမော်မြို့သို့ ထွက်ပြေး နေကြပြီး ဒုက္ခသည်ပေါင်း (၅၆၀၀) ကျော် ရှိသည်ဟု ဒေသခံများက ဆိုပါသည်။ အလားတူ မိုးမောက်မြို့နယ် ကောက်စခန်းရွာ နှင့် မံစီ မြို့နယ်မှ ထွက်ပြေးသော ရှမ်းစစ်ပြေး ဒုက္ခသည်များလည်း (၄၇၀၀) ကျော် ရှိကြောင်း ဆိုပါသည်။ ဤဒုက္ခသည်များသည် နယ်စပ်သို့ ထွက်ပြေးခြင်း မဟုတ်ဘဲ  မြို့ပေါ်သို့ ရှောင်တိန်းကြခြင်း ဖြစ်ပါသည်။
ဗန်းမော်မြို့နယ်မှ စစ်ပြေး ရှမ်းဒုက္ခသည်များသည် ကချင်ပြည်နယ် မိုင်ဂျာယန်း ဖက်သို့လည်း ထွက်ပြေး တိန်းရှောင်ကြ ကြောင်း ဆိုပါသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ပြေး ဒုက္ခသည် များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စပြီး KIA နှင့် PSLF အား စစ်ဆင်လိုက်သော အစိုးရ၏ ထိုးစစ်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
 “ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာဒေသမှာ ဆက်နေဖို့ မသင့်တော့ဘူး ဆိုတာကို ကျနော်တို့ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးက သွားရောက် နှိုးဆော်တာတော့ ရှိပါတယ်။ ပြီးခဲ့တဲ့လက ပြောင်းရွေ့သွားတဲ့ ဒုက္ခသည်တွေက (၁၀၀၀) နဲ့ချီရှိ တယ်။ အဲဒီမှာ အမြဲနေထိုင်ဖို့ မဟုတ်ပါဘူး။ တိုက်ပွဲငယ်တွေကလည်း နေ့တိုင်း လိုလို ဖြစ်နေတာတော့ ရှိပါတယ်။ မန်တုံ နန်ခမ်း နမ်းဆန်း ဘက်မှာလေး” ဟုPSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ဆိုပါသည်။
ရှမ်းစစ်ပြေး ဒုက္ခသည် များသည် ထိုင်း-မြန်မာနယ်စပ်၌လည်း ယနေ့ ရှိနေဆဲဖြစ်ပါသည်။  ရှမ်းပြည်နယ် မိုင်းတုံ၊ မိုင်းထား၊ ဟိုမိန်းမြို့နယ်ခွဲနှင့် မိုင်းထား မြို့နယ်ခွဲများတွင် ပြည်တွင်း အိုးအိမ်ပစ် စစ်ပြေးဒုက္ခသည် IDP စခန်းပေါင်း ငါးခုရှိရာ လူဦး ရေ (၇၀၀၀) ခန့် ရှိပါသည်။ ဤဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ TBBC က ထောက်ပံ့ပေး နေပါသည်။ ထို့အပြင် ရှမ်းပြည်နယ် အလယ်ပိုင်း လင်းခေး၊ လယ်ချား၊ မိုင်းပန်၊ လွယ်လင်စသည့် မြို့နယ် များမှ ဒေသခံ များကလည်း ၂၀၀၃ ခုနှစ်မှစတင်၍ ကွန်းကျော်ဒုက္ခသည် စခန်းသို့ရောက်ရှိနေခဲ့ပါသည်။
ကချင်ပြည်နယ်တွင် အစိုးရ စစ်ဆင်ရေး ရှိနေသမျှ စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စဖြစ်လာမည် မဟုတ်ပေ။ ဤသို့ ကြောင့် ဤပြသနာကို အစိုးရအနေနှင့် မှန်ကန်စွာ ဖြေရှင်း သင့့်ပါသည်။ သို့မဟုတ်ပါက ပြည်တွင်းစစ် ရှည်နေသရွှေ့ စစ် ပြေးများ၏ ဘဝသည်လည်း ပိုမိုဆိုးဝါး ဖွယ်ရာသာ ရှိနေမည်ဖြစ်သည်။
ဤသို့ကြောင့် စစ်ပွဲကြောင့် ဖြစ်လာရသည့် စစ်ပြေး ဒုက္ခသည်များသည်  စစ်ပွဲမဖြစ်မှ စစ်ပြေး ဒုက္ခသည်များ ချုပ်ငြိမ်းမည် ဖြစ်သည်။ ထို့အတူ စစ်ပွဲသည်လည်း နိုင်ငံရေး၏ အကျိုးဆက်ဖြစ်သဖြင့်  ပြည်တွင်း စစ်ပွဲများ ဖြစ်နေရခြင်း ဖြစ်ပါသည်။ ဤ သည်ကို နိုင်ငံရေး နည်းအရဖြေရှင်းမှသာ ပြေလည်နိုင်လိမ့်မည်ဖြစ်သဖြင့် မဖြေရှင်းနိုင်ခဲ့သည့် အကြောင်းမှာ အသေအချာ ရှိနေပေလိမ့်မည်။

http://www.phophtaw.org/burmese/index.php/news/local-news/2156-2012-09-26-12-21-52.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India