October 23, 2012
RCSS/SSA နှင့် မြန်မာအစိုးရ မူးယစ်ဆေးဝါးကိစ္စ ထပ်မံဆွေးနွေးမည်
“ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံကိန်း အကြောင်းပါမယ်။ ဆေးဖြတ်ရုံကိစ္စ၊ မူးယစ်ဆေးဝါး ရောင်း ဝယ်မှု တားဆီးနှိမ် နင်းရေးကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာ ပေးရေးကိစ္စ၊ မူးယစ်တိုက် ဖျက်ရေး အတွက်ဆက်ဆံရေးရုံးဖွင့်ဖို့ စတာတွေပါဝင်တယ်” ဟု အမည်မဖော်လိုသည့် RCSS ၏ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော်မတီဝင်တဦးကပြောသည်။
ယခုအကြိမ်တွင်မူ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းအတွက် ဘိန်းအစားထိုးသီးနှံ ရှေ့ပြေးစီမံကိန်း (Pilot Project) အဓိက ဆွေးမည်ဖြစ်သည့်အတွက် UNODC ကိုယ်စားလှယ်လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ပြောပါသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းအား သျှမ်းပြည်တောင်ပိုင်း ၃ မြို့နယ် အတွင်း အကောင်အထည်ဖော်ရန်သွား မည်ဟုဆို၏။ လက်တွေ့အောင်မြင်ပါက ထပ်မံတိုးချဲ့သွားမည်ဟုလည်း ပြောပါသည်။
“မူးယစ်တိုက်ဖျက်ရေးစီမံကိန်းအပြင် ထပ်ပြီးဆွေးနွေးရမှာက အများကြီးကျန်သေးတယ်။ အစိုးရနဲ့ ကျနော်တို့ ကြားမှာ လည်း နားလည်မှု တည်ဆောက်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ အချက်ဟာ အဓိကဆွေးနွေးရမယ့်အထဲမှာပါဝင်နေတယ်။ ကျနော်တို့ဟာ အစိုးရကိုစင်ပြိုင်ဖို့မဟုတ်ပါဘူး။ အစိုးရကို ပံ့ပိုးဖို့ဘဲ။ ဒါကိုနားလည် စေချင်တယ်။ ကျနော်တို့ထိန်းချုပ် နယ်မြေတွေထဲမှာ လှုပ်ရှားသွားလာဖို့အတွက် တိုက်ပွဲတွေ မဖြစ်အောင် ၂ ဦး ၂ ဖက် ထိန်းထိန်းသိမ်းသိမ်းနေသွား နိုင် အောင်စတာတွေလဲပါတယ်။” ဟု ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ််က ဆိုပါသည်။
ယခုလက်ရှိ RCSS ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရသာမက ပြည်သူလူထုလည်း နားမလည်သေးကြောင်း၊ တခြား အဖွဲ့အစည်းတွေမဆိုထားနှင့် မိမိတပ်တွင်းမှာပင် နားလည်မှု လွှဲမှားမှု ရှိနေသေးကြောင်း အဆိုပါကော်မတီဝင်က ပြောသည်။
နေရာနှင့် ရက်အတိအကျကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း သျှမ်းပြည် တပ် မတော် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့၊ ဗိုလ်မှူးကြီးစိုင်းဟန်နှင့် စဝ်အွတ်ကျေးဆီး တို့ပါဝင်မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရဘက်ကမူငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ၂ ဦးအောင်မင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း တို့ ပါဝင်မည်ဖြစ်ကြောင်း ကြားသိထားသည်ဟုဆိုပါသည်။
ယခုလ ၅ ရက်နေ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို ၂၀၁၄ မှ ၂၀၁၉ သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း ကြေငြာပြီးနောက်ပိုင်း ယခုကဲ့သို့ RCSS/SSA နှင့်မြန်မာအစိုးရတို့ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ် မေလ ၁၉ ရက် ကျိုင်းတုံမြို့၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးကာ လက်မှတ်ရေးထိုးခဲ့ကြသော သဘောတူညီချက် ၁၂ ချက်တွင် ပထမအချက်ဖြစ်သော RCSS/SSA ၏မူးယစ်ဆေးဝါးပပျောက်ရေး ၆ နှစ်စီမံကိန်းကို “ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း” နှင့် “ နိုင်ငံတော်အကြီးအကဲ” ထံပူးပေါင်းဆောင်ရွက်ရေးအတွက် တင်ပြသွားမည်ဟု ပါရှိပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3588-rcssssa----.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။