November 28, 2012

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း

စံခလပူရီ (မဇ္စျိမ) ။        ။ ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ သုံးရက်တိုင် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

“ပဋိပက္ခများ ဆက်မဖြစ်စေရန် မဖြစ်မနေ လိုအပ်သည့် အခင်းအကျင်းများကို မိမိတို့ ပါဝင်သည့် အနေအထားမှ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ အားလုံး စုပေါင်းအားဖြင့် နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နေရာအလိုက် အကောင်အထည် ဖော်နိုင်သည့် အခြေအနေများ ရောက်အောင် အချင်းချင်း ပံ့ပိုးမှုများ လုပ်၍ အထူးတွန်းအားပေး ဆောင်ရွက်သွားမည်” ဟု ညီလာခံအပြီး ထုတ်ပြန်သည့် သဘောထား
ကြေညာချက်တွင် ပါရှိသည်။

ညီလာခံသို့ ရှမ်းနိုင်ငံရေးပါတီ ၃ ခု၊ ရှမ်းလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နှင့် ပြည်တွင်း ပြည်ပ အခြေစိုက် ရှမ်း လူမှုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူ ပညာရှင် ၁၇ ဦး အပါအဝင် စုစုပေါင်း ၁၇ဝ ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ယုံကြည်မှု တည်ဆောက်ရေးသည် အဓိကအချက် ဖြစ်၍ ယခု
ဆွေးနွေးပွဲကို ကျင်းပရသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး က ပြောသည်။

“လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ အကြောင်းတရားထဲမှာ တိုင်းရင်းသား ပြဿနာက အဓိက ဖြစ်နေပါတယ်။ တိုင်းရင်းသား ပြဿနာ ပြေလည်နိုင်ဖို့ ဆိုရင် ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ဖို့ လိုအပ်ပါတယ်။ ထို့အတူ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေး မရှိဘဲ မဖြစ်နိုင်ပါဘူး။ တန်းတူမှု မရှိဘဲ ငြိမ်းချမ်းရေး မရှိနိုင်ပါဘူး” ဟု ညီလာခံ အဖွင့်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အငြိမ်းစား အင်္ဂလိပ်စာ ပါမောက္ခ ရှယ်လီ နန်းဟွမ်လိတ် ကလည်း “ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ
ငွေကြေးနဲ့ ဝယ်ယူလို့ မရသလို အပေါ်ယံ ဟန်ဆောင်မှုနဲ့လည်း မရပါဘူး။ ရင်ထဲက လာတဲ့ ယုံကြည်မှုကသာလျှင်
ရေရှည် တည်တံ့မှာပါ။ တိုတိုပြောရရင် အပြောနဲ့ အလုပ်နဲ့ ညီပါစေ” ဟု ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင်
ပြောကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်၊ လက်ရှိ ရှမ်းနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ ယဉ်ကျေးမှု၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများနှင့် ပတ်သက်၍ ရှမ်းလူမျိုးများ နေထိုင်ရာဒေသများတွင် ကောက်ယူရရှိခဲ့သော
ပြည်သူများ၏ ဆန္ဒသဘောထားနှင့် ရာစုဝက်ကြာ နိုင်ငံရေး ပြဿနာ၏ ဒဏ်ကို ခံစားနေရသည့် ရှမ်းလူမျိုးများ၏ အခြေအနေများ ပါဝင်သည့် စာတမ်း ၂၃ စောင်ကို တင်ပြခဲ့ပြီး တင်ပြချက်များအပေါ် အခြေခံ၍ ခေါင်းစဉ်အလိုက် အုပ်စုခွဲကာ ဆွေးနွေးခဲ့ကြသည်။

ညီလာခံ ပထမနေ့တွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နာယက စဝ်ဆေထဝ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် မိုင်းလား အထူးဒေသ ၄ (NDAA-ESS) မှ ကိုယ်စားလှယ်များက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားများ၏ လိုလားချက် ဖြစ်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အသားပေး ပြောကြားခဲ့ကြောင်း သိရသည်။

ပထမနေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိမ်းနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး တို့လည်း တက်ရောက်ခဲ့ကြသည်။

SSPP နာယက ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ဆေထင် ကလည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေးသည် ထပ်တူထပ်မျှ အရေးကြီးပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ် အခြေခံသည့် ဖွဲ့စည်းပုံဖြင့် အစားထိုးရန် လိုအပ်ကြောင်း ပြောသည်။

ညီလာခံ၏ ရလဒ်ကို ကျေနပ်ကြောင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ရန် ခွန်အားဖြစ်ကြောင်း ခွန်ထွန်းဦး က ပြောသည်။

“ရှမ်းပြည်နယ်က အဖွဲ့အစည်းအားလုံး စုစည်းနိုင်တဲ့ အနေအထားကို တွေ့ရတယ်။ ဖြည်းဖြည်းချင်း ဆက်လုပ်သွား ရမှာပေါ့” ဟု မဇ္စျိမကို ပြောသည်။

“အရင်တုန်းက ဒီလိုမျိုး လွတ်လွတ်လပ်လပ် ဘယ်ပြောလို့ရမလဲ။ အခုက ကောင်းကောင်းမွန်မွန် လုပ်ခွင့်ပေးတယ်။ အနှောင့်အယှက် ဆိုတာလည်း ဘာမှ လုံးဝ လုံးဝ မရှိတော့ဘူး။ ကျနော်တို့ကလည်း ကောင်းစေချင်တဲ့ ဆန္ဒပဲလေ။ ရတာ မရတာ အပထားပေါ့” ဟု သူက ဆက်ပြောသည်။

‘ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ’ ဖွဲ့စည်းမှုကြောင့် နိုင်ငံတော် သစ္စာဖောက်ဟု ဆိုကာ ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလက ဦးခွန်ထွန်းဦး အပါအဝင် ခေါင်းဆောင် ကိုးဦးကို ဖမ်းဆီးပြီး ရှစ်ဦးကို ထောင်ဒဏ် နှစ် ရဝ ကျော်မှ ၁ဝဝ ကျော်အထိ ချမှတ်ခဲ့သည်။ ထိုအထဲမှ တဦးမှာ ထောင်တွင်းမှာပင် ကွယ်လွန် သွားခဲ့ရသည်။ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ သည်လည်း အစိုးရ စေခိုင်းမှုကြောင့်သာ လုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

ယခုညီလာခံပြီးနောက်တွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းအားလုံး ပါဝင်သည့် ညီလာခံကြီး်ကိုလည်း ဆက်လက်ကျင်းပသွားရန် အစီအစဉ် ရှိကြောင်းလည်း ခွန်ထွန်းဦး က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/10492-2012-11-28-14-37-52.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India