November 28, 2012

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ကချင် ပြည်သူ များ၏ ဆန္ဒ KIO ကောက်ခံမည်


wwoomerမြန်မာ အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ အကြား ယခု နိုဝင်ဘာ လအတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် တရုတ် နိုင်ငံ ရွှေလီ ဆွေးနွေးပွဲ အတွင်း ဦးအောင်မင်း ကမ်းလှမ်း ထားသည့် အပေါ် လက်ရှိ ကျင်းပ နေသည့် ဗဟို ကော်မီတီ အစည်းအဝေး ပြီးနောက် တဆက် တည်း၌ပင် ကချင် ပြည်သူ လူထု များ၏ အမြင်များ ကောက်ခံ သွားရန် ရှိသည်ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ပြောပါသည်။
“ဗဟို ကော်မတီ အစည်း အဝေးတွေ လုပ်ပြီးနောက် ကချင် ပြည်သူ လူထု ဆန္ဒ ကောက်ခံဖို့ ရှိသေးတယ်၊ တွေ့ဆုံပွဲက နိုင်ငံရေး တွေ့ဆုံ ပွဲလေ၊ ကျနော်တို့ ကြီးပဲ ပြီးတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတော့ ဒီလ အတွင်းတော့ တွေ့နိုင်မှာ မဟုတ် တော့ဘူး” KIO ဗဟို ကော်မီတီဝင် တစ်ဦးက ဆိုပါသည်။
ထို့ကြောင့် ယခု နိုဝင်ဘာ လအတွင်း KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး နိုင်ရန်မှာ အလားအလာ မရှိတော့ဟု ဆိုနိုင် ပေသည်။
KIO ဘက်က နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို လိုလား နေသော်လည်း ဆွေးနွေးပွဲ အမြန် ပေါ်ပေါက် လာရန်မှာ မြန်မာ အစိုးရ၏ စစ်ရေး လှုပ်ရှားမှု အခြေ အနေ အပေါ်နှင့် ကချင်ပြည်သူ လူထု များ၏ အဆုံးအဖြတ်၊ အမြင် သဘောထား များအပေါ်တွင် များစွာ မူတည် သည်ဟု KIO မှ ဆိုပါသည်။
အောက်တိုဘာလ (၃၀) ရက်နေ့တွင် မြန်မာ အစိုးရနှင့် KIO ကချင်ပြည် လွတ်လပ်ရေး အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရားဝင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် ခဲ့ပြီးနောက် နိုဝင်ဘာလ အတွင်း နိုင်ငံရေး အရ ထပ်မံ၍ တွေ့ဆုံ ဆွေးနွေး နိုင်ရန် မြန်မာ အစိုးရ ဘက်မှ ကမ်းလှမ်း ထားခဲ့ပါသည်။ ထိုကိစ္စ အားလည်း KIO ဗဟို ကော်မတီ အစည်းအဝေး တွင်း တင်ပြ ဆွေးနွေး ပြီးနောက် အကြောင်း ပြန်ကြား ပေးမည်ဟု KIO ဘက်မှ ဆိုထား ပါသည်။
နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို KIO ဘက်မှ တောင်းဆို ထားသည့် အားလျော်စွာ မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေး နိုင်ငံရေး အတွက် တစ်ဖက်၌လည်း အစိုးရ တပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကို KIO ဘက်မှ ခုခံ နေရပြီး အခြား တဖက်တွင် မည်သည့် အချက်အပေါ် အခြေခံ၍ နိုင်ငံရေး အရ ဆွေးနွေး သွားမည်ကို ပြင်ဆင် နေရ သောကြောင့် နှောင့်နှေး ကြန့်ကြာ နေခြင်း ဖြစ်ကြောင်း ၄င်းဗဟို ကော်မီတီဝင်မှ ဆက်ပြောပါသည်။ 
wqsc332
KIO နှင့် အစိုးရ တို့၏ ရွှေလီ ဆွေးနွေးပွဲ မြင်ကွင်းပုံ (Photo - Min Zaw Oo)

ယမာန်နေ့ ကလည်း KIA တပ်မဟာ (၅) ဒေသသို့ တက်လာသော အစိုးရ တပ်အား KIA တပ်ရင်း (၂၅၁) တပ်ဖွဲ့မှ မိုင်းခွဲ၍ တိုက်ခိုက် ခဲ့သည်။ နှစ်ဖက် ထိခိုက် ဒဏ်ရာ မသိရသေးပါ ဟု KIA ဘက်က ဆိုပါသည်။
“မနေ့က မွန်းလွဲ (၁) နာရီ အချိန် လောက်ပေါ့၊ သူတို့ တပ်ဖွဲ့တွေ ကျနော်တို့ တပ်စခန်း အနီး ချဉ်ကပ် လာတော့ ကျနော်တို့ ဘက်က မိုင်းခွဲ တိုက်လိုက်တယ်။ သူတို့ ပြန်ဆုတ် သွားတော့ တိုက်ပွဲက ရပ်သွားတယ်” ဟု KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ဆိုပါသည်။
လက်ရှိ ကျင်းပနေသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဗဟို ကော်မီတီ အစည်းအဝေး ပြီးနောက် ကချင် ပြည်သူ လူထုများ၏ သဘောထား ကောက်ခံ ပြီးမှသာ နှစ်ဖက် တွေ့ဆုံနိုင်ရန်ကို ပြန်လည် ချိန်းဆို နိုင်လိမ့်မည်ဟု KIO ဘက်မှ မျှော်လင့်ကာ အတိ အကျ ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပေ။ 

 http://www.phophtaw.org/burmese/index.php/news/local-news/2427--------kio-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India