“ဌာနဆိုင်ရာ အရာရှိတွေဟာ နေ့နေ့ညည ဖဲရိုက်နေကြတယ်၊ မိုးလင်းပေါက်ပါပဲ” ဟု ရပ်ကွက် သားတဦးက ပြော သည်။
ထို့အပြင် နို၀င်ဘာ ၃ ရက်နေ့က မော်တော်ဆိုင်ကယ်မတော်တဆတိမ်းေ
“ ခင်ဗျားတို့ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး အရေးယူ တရားစွဲပစ်မယ်ဟု ချိမ်းခြောက်လိုက်သေးတယ်” ဟု မျက်မြင်တဦးက ဆက်ပြောသည်။
ယခုလို တပ်မတော်သားများနှင့် ရဲစခန်းမှ တာဝန်ရှိတွေ၊ ဥပဒေအရာရှိတွေက ဖဲဝိုင်းထောင်နေ မှတော့ တရားဥပဒေ စိုးမိုး ရေး၊ နယ်မြေအေးချမ်းရေးဆိုတာ ဘယ်သူက ဆောင်ရွက်တော့မလဲ ဟု ဒေသခံတွေက ပြောကြသည်။
ချင်းပြည်နယ်မြို့များတွင် အဓိကအားဖြင့် စီးပွားရေးသမားများ၊ ဌာနဆိုင်ရာအရာရှိများသည် ဖဲဝိုင်းထောင် ထားကြ သည် ဟု ကြားသိရပြန်သည်။
“ မြို့တိုင်းလိုလို လောင်းကစားတာတွေကို ငွေကြေးချမ်းသာသူတွေ၊ ဌာနဆိုင်ရာလူကြီးတွေက အနည်းအများ လုပ်ကြပါ တယ် ” ဟု ထန်တလန်မြို့မှာ ရပ်မိရပ်ဖ တဦးက ပြောသည်။
http://khonumthungburmese.org/?p=820