July 29, 2012

မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက်များ

မွန်အမျိုးသား ပြည်သူအပေါင်းတို့၊ ပါတီရဲဘော် အပေါင်းတို့ -

ဖဆပလအစိုးရ ကျေးရွာကာကွယ်ရေးများကို ဘားအံမြို့နယ် ဇာသပြင်ကျေးရွာမှ အစပြုပြီး အနီးပတ်ဝန်းကျင် ကျေးရွာတစ်လျှောက် ဆက်လက်၍ လက်နက်ဖြုတ်သိမ်းရာမှ စတင်လာခဲ့သော မွန်အမျိုးသား တော်လှန်ရေးသည် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပုခုံးက်တွင် ခရီးဆက်နှင်နေဆဲဖြစ်သည်။ ယခုနှစ်သည် မွန်ပြည်သစ်ပါတီ၏ ရွှေရတုနှစ်ဖြစ်ရာ တော်လှန်ရေး လမ်းကြောင်း တစ်လျှောက် အသက်စတေးပူဇော်သွားရသူ အာဇာနည်ခေါင်းဆောင်တို့ကို ဦးညွှတ်ဂုဏ်ပြုရမည် ဖြစ်ပါသည်။ ထိုအာဇာနည်များ ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ လုပ်ဆောင်ချက်များကြောင့် ယနေ့တော်လှန်ရေး၏ အသီးအပွင့်များ ရရှိခံစားနေရခြင်းကို ဆင်ခြင်နှလုံးသွင်း သင့်ပါသည်။
 
မြန်မာနိုင်ငံရေးသည် အရေးကြီးသော အလှည့်အပြောင်း အကွေ့တစ်ကွေ့ကို ရောက်ရှိသွားခြင်းဖြစ်သည်။ တပ်မတော်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးမြောက်သွားခြင်းနှင်အတူ အနာဂါတ် နိုင်ငံရေး ဂယက်များ ဖြစ်ပွားလျက် ရှိပေသည်။ သိန်းချီ သေကြေဒဏ်ရာရ ပျောက်ဆုံးခဲ့ရသော မေလ နာဂစ်မုန်တိုင်း၏ ဒဏ်ရာဒဏ်ချက်များသည်လည်း မြန်မာပြည်သူအပေါင်း၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးတွင် ထင်ကျန် ဂယက်ထနေဆဲ ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး အခြေအနေထဲတွင် မွန်အမျိုးသားတို့ အပါအဝင် မြန်မာပြည်သူလူထုအပေါင်းသည် နိုင်ငံရေးအရ ပိုမိုနိုးကြားလာသည်ကို တွေ့နိုင်ပါသည်။ စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရာ၌ ကြားကာလပုံစံ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒတစ်ရပ် လိုအပ်သည် မှန်သော်လည်း ဤပုံစံသစ်ကို တည်ရှိလေသော နိုင်ငံရေးအင်အားစု အပါအဝင် ပြည်သူလူထု အများစု၏ စစ်မှန်သည့် ထောက်ခံမှု ရှရှိမှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် အမျိုးသား ပြန်လည်သင့်မြတ်မှုအစား အမျိုးသားအစည်းပြေမှုကြီး အသစ်တစ်ခုကို တွန်းပို့လိုက်သလို ဖြစ်နေပေလိမ့်မည်။
 
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး ပေါ်လစီဖြင့် အပစ်ရပ်ထားသော လက်နက်ကိုင် လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများသည် ရှေ့နိုင်ငံရေး အသစ်တစ်ရပ်အတွက်  အဆင်သင့် ဖြစ်ရမည့် အနေအထားသို့ ရောက်ရှိလာပါသည်။ တော်လှန်ရေး အင်အားစုများ မည်သို့ဆက်လက်ရပ်တည် စခန်းသွားမည်ကိုလည်းကောင်း၊ မိမိလူထုအတွင်း မည်သို့ နိုင်ငံရေးအရ ခင်းကျင်း ပြင်ဆင်စုဖွဲ့ရမည်ကိုလည်းကောင်း၊ တပ်မတော်အစိုးရ၏ လုပ်ဆောင်ချက်များအပေါ်တွင်တည်၍ အဆုံးအဖြတ် ပေးရမည် ဖြစ်ပါသည်။ 
 
မွန်အမျိုးသား ပြည်သူအပေါင်းတို့၊ ပါတီရဲဘော်အပေါင်းတို့

မွန်ပြည်သစ်ပါတီသည် မိမိ၏ မူလရည်မှန်းချက်ဖြစ်သော စစ်မှန်သည့် ပြည်ထောင်စုနှင့် ပါတီစုံ စီမိုကရေစီ ပေါ်ထွန်းရေးအတွက် မဟာမိတ် ဒီမိုကရေစီနှင့် လူမျိုးစု အဖွဲ့အစည်းများနှင့်အတူ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ် ရှာဖွေပြီး ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။ လက်လျှော့ အရှူံးပေးသော တော်လှန်ရေး၊ လက်တွေ့မဆန်သော အတွေးအခေါ်များနှင့် လုပ်ရပ်များကို ဆန့်ကျင်ကာ တော်လှန်ရေး အသီးအပွင့်များ ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် မဖြစ်မနေ ကြိုးပမ်းသွားရမည်ဖြစ်သည်။
 
ထို့ကြောင့် မွန်မျိုးချစ်အပေါင်းနှင့် ပါတီရဲဘော်အပေါင်းတို့သည် ဖြစ်လာနိုင်သည့် တွေဝေသစ္စာဖောက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပိုမိုခိုင်မြဲသော စည်းလုံးညီညွတ်မှုဖြင့် ပါတီနှင့် လက်တွဲမဖြုတ် အောင်ပွဲသို့ ချီတက်သွားကြပါစို့ဟု ဤတော်လှန်ရေးနေ့ အခါသမယတွင် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
 
မွန်အမျိုးသားများ                                     သွေးစည်းကြ
စစ်မှန်သော ပြည်ထောင်စု                          တည်ဆောက်ကြ
မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး       အောင်ရမည်
 
၁၃၇၀ ခုနှစ်၊ ဝါခေါင်လပြည့်
2008 ခုနှစ်၊ သြဂုတ်လ (16) ရက်                                     ဗဟိုအလုပ်မှုဆောင်ကော်မီတီ
                                                                         မွန်ပြည်သစ်ပါတီ
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India