“ ဟုတ်ပါေ၇။ ကျနော်ရို့  ဆက်ဆံရေး ရုံးဖွင့်ဖို့ ပြင်ဆင်နီစွာ ကောင်းကြာ ပါဗျာယ်။ အစိုရနန့် ငြိမ်းချမ်းရေး ဆွေးနွေး ပြီးကတည်းပါ။ ယေကေလည်း ရခိုင် ပြည်တွင်း အဓိကရုဏ်း နှင့်အခြား အခက်အခဲ တိကြောင့် အစိုးရ ဖက်က ခွင့်မပြု သိမ့်ရေအတွက် ကျနော်ရို့ မဖွင့်ဖြစ် ခစွာပါ။ အေဂုကတော့ ပြည်တွင်း အခြေ အနေ တိလည်း ပြန်လည် ကောင်းလာ ဗျာယ်ဖြစ်လို့  ကျနော်ရို့ ဖက်က ရုံးဖွင့်ဖို့ ကိစ္စကို ဆက်လက် ပြင်ဆင် စွာပါ။ သြဂုတ်လ အတွင်းမှာ ဖွင့်ဖြစ်ဖို့ ထင်ပါေ၇’လို့ ရခိုင်ပြည် လွတ်မြောက်ေ၇း ပါတီ စည်းရုံးရေး နှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ခိုင်အောင်စိုးသန်းမှ ပြောကြား ခသည်။
ရခိုင်ပြည် လွတ်မြောက် ရေးပါတီသည် ၂၀၁၂ ခု ဧပြီလ အတွင်း အစိုးရ နှင့် အပစ် အခတ် ရပ်စဲရေး၊ ဆက်ဆံရေး ၇ုံးများဖွင့် လှစ်ရေး အပါအ၀င် ပဏာမ သဘော တူညီချက် (၅)ချက် လက်မှတ်ရီးထိုးခသည်။ ထို သဘော တူညီချက် ငါးချက်ကို တချက်ချင်း အကောင်အထည် ဖော်ဆောင်ဖို့ ရခိုင်ပြည် လွတ်မြောက် ရေးပါတီမှ ကြိုးစား ပါသော်လည်း ပြည်တွင်း ပဋိပက္ခများကြောင့် အချိန် ကြန့်ကြာနီ ရခြင်း ဖြစ်ကြောင်း သိ ရှိရပါသည်။
ဆက်လက် သိရှိရသည်မှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ကျောက်တော်တွင် ဆက်ဆံရေး ရုံးဖွင့်ပြီး နောက် ပလက်ဝ၊ စစ်တွေနှင့် အခြားမြို့ ကြီးများတွင်လည်း ဆက်ဆံ ရေးရုံးနှင့် စီးပွါး ရေးရုံးများ ဆက်လက် ဖွင့်လှစ် လားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းနှင့် ပြန်ကြားရေးဌာန ဆက်သွယ်ရန် – +88 1840749047
ရခိုင်ပြည် လွတ်မြောက်ေ၇းပါတီ
ရခိုင်ပြည်
http://www.arakanalp.com/?p=532


Saturday, July 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: