2012-05-07
၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။" ခြုံပြောရမယ်ဆိုရင်တော့ အားလုံးနှစ်ဘက် သဘောတူညီမှုရခဲ့ပါပြီ။ ပထမအချက်မှာတော့ ကျွန်တော်တို့ ယခင်တုန်းကဟာတွေကို ပြည်ထောင်စုအဆင့်မှာ ပြန်ပြီးတော့ သဘောတူပါတယ် ဆိုတာကို ပြန်ပြောတယ်ဗျာ။ နောက်ပြီးတော့ ယာယီအခြေပြု နေထိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပေါ့။ အဲတာကတော့ နှစ်ဦးနှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ Hard case ဆိုတော့ ကျွန်တော်တို့ ဒီဘက်က တပ်မတော် တိုင်းစစ်ဌာနချုပ်
တွေရဲ့ ကိုယ်စားလှယ်နဲ့ ဒီပြည်နယ်မှာရှိတဲ့ လုံခြံုရေးနဲ့ နယ်စပ်ဝန်ကြီးနဲ့ နောက်တဘက်က ချင်းအမျိုးသားတပ်ဦးရဲ့ တပ်မတော်ပိုင်းဆိုင်ရာ အကြီးအကဲတွေနဲ့ ကျွန်တော်တို့ ဒီဘက်က ခေါင်းဆောင်နှစ်ယောက်က သူတို့ကို မူပေးပြီးတော့ နယ်မြေခွဲတဲ့ ကိစ္စတွေကို ဆွေးနွေးစေပါတယ်။ အဲတာတွေ အားလုံးလည်း ကျွန်တော်တို့ သဘောတူညီချက်ရခဲ့ပါတယ်"
ချင်းအမျိုးသားတပ်ဦးနဲ့ မြန်မာအစိုးရအကြား ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့ပြီး အချက် (၉) ချက်ပါ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲက သဘောတူညီချက််တွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် ငြိမ်းချမ်းရေးကိစ္စကို တာဝန်ယူထားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/government-cnf-05072012103440.html
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန်။ |