July 27, 2012

ဟန်ပြပါလီမန်အတု (သို့) စစ်အာဏာရှင်စနစ်ရဲ့ ခံကတုတ်


တကယ်တော့ စစ်အစိုးရက ပြောပြောနေတဲ့ လွှတ်တော်၊ ပါလီမန်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုရာ နေရာမဟုတ် သလို လူထုအကျိုးကို ကာကွယ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်ရာနေရာမဟုတ်ပဲ စစ်အာဏာရှင်စနစ်တိုက်ပွဲတွေကို တွေဝေ အောင် လမ်လွှဲအောင် လုပ်တဲ့နေရာ တခုပဲလို့
သတ်မှတ်မိပါတယ်။ လူထုကို လိမ်ညာနေတဲ့ နေရာတခုကို နိုင်ငံရေးပုံစံ ကျကျ ဖန်တီးထားတာပါ။ လွှတ်တော်ထဲက ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ သူတွေအတွက် မကြာခင် အဖြေပေါ်တော့မှာပါ။ လက်ဗလာ အချိန်ကုန်လူပန်း ပြန်လာကြတာ မြင်ရောင်မိပါသေးတယ်။
ပါလီမန်တွင်းက ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အဖိနှိပ်ခံ လူထု လွတ်မြောက်ရေးအတွက် အဓိကကျတဲ့ မဟာဗျူဟာလုပ်ငန်းစဉ်လို့ သွေးနထင်ရောက်ပြီး အဲဒီလမ်းစဉ်တခုတည်း ဖြင့် လုပ်မယ်ဆိုလျှင်တော့ မှားလိမ့်မယ်လို့ သတိပေးချင်ပါတယ်။ ယိုပေါက်မရှိလုပ်ထားတဲ့ ခေတ်သစ်စစ်အာဏာရှင် ဖွဲ့စည်းပုံတခုပါ။
ဒီနေ့ဖြစ်နေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားစတဲ့ လူထုလူတန်းစားတိုက်ပွဲတွေနဲ့ ဘယ်လိုပေါင်းစပ် ချိတ် ဆက်မလဲ အားကောင်းအောင် ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ နည်းလမ်းရှာကြရတော့မှာဖြစ်ပါတယ်။ လူထုလူတန်းစား တိုက်ပွဲများနဲ့ နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လိုပေါင်းစပ် ပေါင်းကူးဆက်သွယ်မှုတွေ လုပ်ကြမလဲဆိုတာ စဉ်းစားရမယ်လို့ ထင်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ များပါတယ်။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း လူထုကို ချပြရှင်းလင်းပြီး နိုင်ငံရေးခေါင်း ဆောင်မှုကို တည်ဆောက်ဖန်တီးရ လိမ့်မယ်လိုထင်ပါတယ်။ လူထုနဲ့ အတွေးညှိကြရမယ်ထင်ပါတယ်။
ဗမာပြည်က စစ်အာဏာရှင်စနစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရရော၊ သီးခြား လက်ဝါးကြီးအုပ် အာဏာပိုင် စိုးမှုအပါအ၀င် ဖွဲ့စည်းပုံပြင်ပ လုပ်ပိုင်ခွင့်ရှိတဲ့၊ နောက်ပြီး စစ်အုပ်စုလိုက် လိုက်ပိုင်ခွင့်ရှိတဲ့ စစ်အာဏာရှင် စနစ်ဖြစ်ပါ တယ်။
တိုင်းပြည်ရဲ့ အဓိကကျတဲ့ သဘာဝအရင်းအမြစ် ထုတ်ယူရောင်းချမှုတွေနဲ့ စီမံကိန်းကြီးတွေမှာ တမတ်သား စစ်တပ် ကိုယ်စားလှယ်တောင် မသိလိုက်ဘဲ လက်တဆုပ် စစ်အာဏာရှင် လက်ဝေခံ စီးပွါးရေးသမားတွေ စစ်အာဏာရှင်တစုက သာ လုပ်ချင်သလို ဆက်လုပ်နေတာပါ။
အစိပ်အပိုင်းလိုက် ပြုပြင် ဖြုတ်တတ် လဲလှယ်လို့မရတဲ့ စစ်အုပ်ချုပ်ရေး ယန္တရားကြီးဖြစ်နေတာပါ။ ချစားမှုတွေ အာဏာ အလွဲသုံးစားလုပ်မှုတွေကလဲ ဒုနဲ့ဒေ နေရတကာမှာဖြစ်နေဆဲပါ။ တချို့က ပါလီမန်ထဲက အော်ကြမယ်ဆိုတော့ အသံကြားရင် အားပေးကြမှာမှန်ပေမဲ့ ကိုယ်လိုချင်သလောက် ခရီးပေါက်ကြမလားဆိုတာတော့ သံသယဖြစ်မိတယ်။
ကိစ္စတော်တော်များများမှာ လက်သိပ်ထိုးပြီး ပါလီမန်တခုလုံးတောင်မသိလိုက်တဲ့ စစ်အာဏာရှင်စနစ်လုပ်ဟန်တွေကို ဆက်လက် မြင်တွေ့နေရ မှာတော့သေခြာပါတယ်။ ချမှတ်လိုက်တဲ့မှုအပေါ် အောက်ခြေက ဋ္ဌာနတွေက အကောင်အ ထည်ဖေါ်ပေးတဲ့ စီစစ်မှုတွေနဲ့ အခြားနိုင်ငံက အစိုးရကျင့်စဉ်တွေနဲ့ ယှဉ်တွဲစဉ်းစားရင် တက်တက်ဆင်အောင်လွဲမှာပါ။
အားလုံးက စစ်အာဏာရှင်တွေရဲ့ ပရိယာယ်ကြွယ်ဝမှုကို သတိရှိဖို့ ညီညွတ်တဲ့ နိုင်ငံရေးခေါင်ဆောင်မှုကို ရှာဖို့ လူထု အားကိုယူဖို့ ပါလီမန်ပြင်ပက လူထုလှုပ်ရှားမှုတွေ၊ လူတန်စားတိုက်ပွဲတွေဟာ ဒီမိုကရေစီတော်လှန်ရေးရဲ့ ပင်မကျောရိုး တိုက်ပွဲတွေအဖြစ် သဘောထားဖို့ အရေးကြီးလာပါတယ်။
ချုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့ နိုင်ငံရေး ဆိုင်ရာပြောင်းလဲမှုက မရေရာသေးချာသေးပါဘူး။
ဒီနေ့ဖြစ်နေတဲ့ အလုပ်သမား၊လယ်သမား၊ ကျောင်းသားစတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လူထုလူတန်းစားတိုက်ပွဲတွေဟာ ဒိမိုကရေစီတော်လှန်းရေးအတွက် အရေးကြီးတဲ့ ကျောရိုးသဖွယ် နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်ပါတယ်။ ပြောင်းလဲမှုတွေရှိ တယ်လို ဆိုနေကြသူတွေကို သိန်းချီရှိနေတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ စစ်ပွဲတွေ၊ နေစဉ်နဲ့အမျှဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ လူတွေရဲ့ဆင်းရဲမွဲတေမှုတွေ၊ လုံခြုံစိတ်ချမှုနှင့် နိုင်ငံရေအရ ယုံကြည်မှုကင်းမဲ့နေတာတွေဟာ ပြောင်းလဲပါတယ်လို့ဆိုတဲ့ စစ်အုပ်စုနဲ့ အမြီးစားဖက် ခေါင်းစားဖက်တွေကို စိန်ခေါ်နေတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့အာဏာ သူတို့အကျိုးစီးပွားကို တိုက်ရိုက်ထိပါးလာရင် လက်ခံမှာမဟုတ်ဘူးဆိုတာ မကြာ ခင်အချိန်တခုမှာ ပြလာမှာပဲ။ ဟန်ဆောင် ငုတ်နေတတ်ရင်လည်း ခဏတာပါ။ လူထုကို ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက် ပြီး ကာကွယ်ကြလိမ်ဆိုတာ ကြိုတွေးထားရပါမယ်။
လူထုညီရင် အရာရာပြီးမြောက်ပါတယ်။

ရဲဘော်သံဒုတ်
Than Doke ဖေ့စ်ဘုတ်မှ …
http://www.naytthit.net/?p=29352
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India