July 27, 2012

ကချင်နှင့်အစိုးရ ပဋိပက္ခကြောင့် အမျိုးသမီးနှင့် ကလေးများ အနာဂတ် စိုးရိမ်ရဟု KWAT ပြော

lahkang-hkawn-mai
ကချင်ပြည်နယ်တွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲဖြစ်ပွားချိန် အမျိုးသမီးနှင့် ကလေးများသည် စစ်ဒဏ်များကိုပို၍ရင်ဆိုင်နေရကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT ကပြောသည်။

အစိုးရထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားချိန် အမျိုးသမီးများ ၆၀ ခန့်သည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှုခံခဲ့ရကြောင်း သိရသည်။

ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အမျိုးသမီးများသည်လည်း အစိုးရတပ်ဖွဲ့၏ လက်နက်များဖြင့် ပစ်ခတ်ခြောက်လန့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ ယိုယွင်းမှုဖြစ်လာကြောင်း ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။

ထွက်ပြေးလွတ်မြောက်လာသော စစ်ပြေးကိုယ်ဝန်ဆောင်အမျိုးသမီးများသည်လည်း မီးဖွားချိန်ဒုက္ခသည် အခက်ခဲများရင်ဆိုင်နေရပြီး သေဆုံးမှုရှိလာခြင်းဖြစ်ဟုပြောသည်။

“မိုင်ဂျာယန် (Mai Ja Yang) ဘက်ကအမျိုးသမီးတစ်ယောက်က အမြဲတမ်းလန့်ပြီးနေတော့ ကလေးမွေးဖို့အား မရှိဘူးလေနော်။ အဲဒါကြောင့် ကလေးမမွေးနိုင်လို့သေသွားတယ်။ အားဆေးတွေလည်းမစားရတော့ ကိုယ့်ဟာကိုယ်မွေးယူတဲ့တချို့တွေအတွက် အရမ်းခက် ခဲပြီးတော့မွေးရတယ်။ တချို့ဆိုမွေးခန်းမရှိဘူးလေ။ အဲဒါတွေကြောင့် အချိန်မှီမမွေးနိုင်တာ တွေရှိတယ်” ဟု ဒေါ်မွန်းနေလီပြောသည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ကျေးရွာတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များတွင် ထိမှန်၍ သေဆုံးမှုများဖြစ်ပွားခဲ့သည့် ဖြစ်အပျက်များကို ရိုက်ကူးထားသည့် ဗွီဒီယို မှတ်တမ်းကိုလည်း ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ဇူလိုင် ၂၂ ရက်နေ့က ဖြန့်ချီခဲ့သည်။

ထို ဗွီဒီယိုမှတ်တမ်းတွင် အစိုးရနှင့် KIA ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားချိန် ထွက်ပြေးတိမ်းရှောင် နေရသော အမျိုးသမီးနှင့် ကလေးများ ကြုံတွေ့ခဲ့သော အခက်အခဲများကို ကချင်ဘာသာ (Jinghpaw laika) ဖြင့် ပြောပြထားသည်။

“ကျမတို့ထွက်ပြေးလာတော့ ကလေးတွေပိုများတယ်။ ၉၀ ယောက်လောက်ဟုတ်တယ်။ ပြီးတော့ တလ မပြည်သေးတဲ့ သားအမိလည်းပါတယ်။ သေနတ်က မြည်လာ။ သူတို့(စစ်တပ်)က မီတာနဲ့ချိန်ထားတယ် ဆိုတော့ တောတောင်တွေချောက်တွေဆိုတော့ သူတို့ချိန်တဲ့နေရာမှာမကျပဲ တခြားနေရာမှာလာ ကျမှာလည်း စိုးရိမ်တယ်။ အဲဒီလိုနဲ့ ကလေးတွေကိုလည်း ဒီတိုင်းဆွဲပြီးပြေးတယ်။ ကလေးတွေလမ်း မလျှောက်နိုင်ဘူး။ ကိုယ်ဝန်ဆောင်တွေလည်း ရှေ့မှာကလေးပိုးတဲ့သူကပိုး နောက်မှာကြောပိုးအိတ် ထမ်းတဲ့သူကထမ်း.. ထမင်းတွေလည်း ကောင်းကောင်းမစားရဘူး နည်းနည်း ပဲစားပြီး ပြန်ပြေး” ဟု ကချင်အမျိုးသမီးတစ်ဦး ပြောပြထားသည်။

ထို့ပြင် အစိုးရစစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အမျိုးသမီးတစ်ဦးပုံနှင့် ၄င်း၏အမျိုးသားမှ အဖြစ်အပျက်ကိုလည်း ကချင်ဘာသာ (Jinghpaw laika) ဖြင့် ရှင်းပြထားသည်ကိုတွေ့ရသည်။

“ကျနော်မိန်းမကိုတော့ အဲဒီမှာ ဓါးမြောင်နဲ့ထိုးထားတယ်။ ကျနော်တို့အိပ်တဲ့နေရာအထက်မှာ ထိုးပြီးအောက်ဘက်မှာ ၀ှက်ထားတဲ့ ပုံစံနေမှာပေါ့။ ကျောက်တုံးကြားမှာ ညှပ်ထားပေးတယ်။ နားကပ်က တစ်ဖက်ကဖြုတ်ယူပြီး တဖက်ကတော့ ပန်နေသေးတယ်။ သူတို့ထိုးတာက ဘယ်ဘက်အောက်က နံရိုး ၃ ခုမှာထိုးလိုက်တော့ ညာဘက် နံရိုး ၄ နေရာမှာ လာပေါက်တယ်” ဟု အသတ်ခံရသူ၏ အမျိုးသားမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေလျှင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် အမျိုးသမီးနှင့် ကလေးငယ်များအတွက် စိုးရိမ်စရာရှိကြောင်း အမျိုးသမီးအဖွဲ့မှပြောခြင်းဖြစ်သည်။

ယခုချိန် ကလေးများ ပညာသင်ကြားချိန်တွင်လည်း ဒုက္ခသည်စခန်းတွင်းအခက်ခဲကြောင့် စာသင်ကြားမည့်နေရာထိုင်ခင်းမရှိပဲ ပညာရေးထိခိုက်မှုဖြစ်လာကြောင်း ပြောသည်။

ထို့ကြောင့် နိုင်ငံရေးပြဿနာကို ရှေးဦးစွာ ညှိနှိုင်းဆွေးနွေးကာ တရားမျှတသည့် အဖြေကိုအမြန်ဆုံးရှာပြီး ငြိမ်းချမ်းသည့် နိုင်ငံတစ်ခု ဖြစ်လာရန် အဓိကအရေးကြီးကြောင်းနှင့် ထိုသို့အဖြေမရှာနိုင်ပဲ အချိန်ကြာမြင့်စွာ ဆက်လက်ပစ်ခတ်နေမည်ဆိုပါက အမျိုးသမီးများနှင့် ကလေးများအတွက် ဘ၀အနာဂတ်မဲ့ အခြေအမြစ်မရှိဖြစ်သွားနိုင်သည်ဟု KWAT မှ ဒေါ်မွန်းနေလီကပြောသည်။

“အခုချိန်မှာ အဖြေကောင်းကောင်းမရပဲ အချိန်ကြာ ဆက်ပြီးတော့ ပစ်ခတ်နေမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေအတွက်ပိုပြီး စိုးရိမ်ရမယ်။ တချို့က ကိုယ့်ခင်ပွန်းတွေ တိုက်ပွဲထဲမှာဆုံးသွား တချို့ကပေါ်တာမှာပါသွားပြီး နှိပ်စက်တာတွေပြုလုပ်ပြီးစစ်တပ်က သတ်ပေးလိုက်တာတွေများလာရင် ကျန်နေတဲ့ အမျိုးသမီးတွေက ကလေးတွေနဲ့ မုဆိုးမတွေဖြစ်လာမယ်။”
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India