“ သွားတုန်းကတော့ အပစ်ရပ်ရေးကို တောင်ကြီးက ပြည်နယ်အစိုးရနဲ့ လက်မှတ်ထိုးဖို့ပါဘဲ။ ဒါပေမဲ့ ဟိုရောက်တော့ ဦးအောင်မင်းက မအားဘူး ဆိုပြီး ဖြစ်သွားတယ်လေ။ အချိန်နေရာ အတိအကျကိုတော့ နောက်ပိုင်းကျမှဘဲ ထပ်ချိန်း ကျမယ် ထင်ပါတယ်။ ဒီတော့ အထွေအထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်တဲ့ ကျနော် အဖွဲ့ကတော့ လေ့လာ ရေး ခရီးအဖြစ် ပြောင်းလဲ လိုက်ရတယ်ပေါ့” ဟု ဆိုပါသည်။
အထွေအထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းတို့ အဖွဲ့သည် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် မထိုးနိုင်သေးသည့်အတွက် ယနေ့ ညနေပိုင်း၌ တာချီလိတ်မြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
ဤကဲ့သို့ မဆွေးနွေးရသည့် အတွက် PNLO အဖွဲ့သည်၊ တောင်ကြီး၊ ရန်ကုန်နှင့် မွန်ပြည်နယ် သထုံမြို့နယ်ဖက်၌ရှိ သော ပအိုဝ်နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ ဘာသာရေး အဖွဲ့အစည်းမှ ပအိုဝ့်ဆရာတော်များ၊ တက္ကသိုလ်က ကျောင်းသူသားများနှင့် ပအိုဝ့် ပြည်သူများကို သွားရောက် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်သော သ ဘောထား အမြင်များကို ဖလှယ်ခဲ့သည်ဟု ဦးခွန်ဥက္ကာက ဆိုပါသည်။
PNLO နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံဘန် ကောက်မြို့၌ အလွတ်သဘော တွေ့ဆုံစဉ် မူအာဖြင့် အချက် ၆ ချက်ကို သဘောတူထားပါသည်။ ထိုအချက်ကို ဆွေးနွေးရန် ရှမ်းပြည်နယ် တောင်ကြီး မြို့သို့ သွား ပြီး တရားဝင် လက်မှတ် ထိုးရန် ရှိနေပါသည်။ ဤအခြေအနေကို ဦးအောင်မင်းတို့ဘက်မှ မအားလပ်သဖြင့် PNLO အဖွဲ့ ပြန်လာ ခဲ့ရခြင်းဖြစ်ပါသည်။
PNLO အဖွဲ့သည် ရှမ်းပြည်နယ် ၀န်ကြီးချုပ် စ၀်အောင်မြတ်၊ နယ်နယ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ တို့ အဖွဲ့ နှင့် ဆွေးနွေးရန်ဖြစ်ပါသည်။ PNLO ဖက်မှ အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်ပြီး ဗိုလ်မှူးခွန် သူရိန်၊ ဦးထီးဆောင်၊ ဦးတင်ရွှေဦး၊ ခွန်ထွန်းတင်နှင့် ရုံးအဖွဲ့ဝင် နှစ်ဦး ပါဝင်သည်။
http://phophtaw.org/burmese/index.php/news/local-news/1951-pnlo------.html