August 22, 2012

နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ


2012-08-21

သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်နယ် ဖြစ်စဉ် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နယ်စပ်ရေးရာ ဝန်ကြီးက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပက်သက်တဲ့ ရုပ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေကို ရှင်းလင်းပြသခဲ့ပြီး ဒီစုံစမ်းရေး ကိစ္စရပ်မှာ လိုအပ်တဲ့ အကူအညီ မှန်သမျှကို ထောက်ပံ့မယ်လို့ ကတိပေးခဲ့ကြောင်း ဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက RFA ကိုပြောပါတယ်။

"နယ်စပ်ဒေသဝန်ကြီးကနေ သူ ဒီရခိုင်ဒေသနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လုပ်ခဲ့တာတွေကို ရှင်းပြခဲ့တာဗျ။ ၂၅ ရက်နေ့မှာ ကော်မရှင် အစည်းအဝေး လုပ်မယ်ဗျ။ အဲဒါ ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ ပီပီပြင်ပြင် ဖြစ်မယ်ဗျာ။ တာဝန် ခွဲတာတွေရော၊ ဘာတွေရော ကျွန်တော်တို့ လုပ်ကြပြီ။ အခုကတော့ ဒီသမ္မတ ကိုယ်စား လာပြီးတော့ နယ်စပ်ရေးရာ ဝန်ကြီးက သူကူညီနိုင်တဲ့ အကြောင်းတွေ၊ ရခိုင်မှာသူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ အဲတာတွေ သူရှင်းလင်း ပြောကြားသွားတာပဲဗျ"

ဒီဆွေးနွေးပွဲမှာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အဓိက ရှင်းလင်းပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တွေဘက်က ဆွေးနွေး ပြောကြားခွင့် မရရှိခဲ့ကြဘူးလို့လည်း သိရပါတယ်။

ဒါ့ပြင် ဒီဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပ သတင်း မီဒီယာတွေ တက်ရောက် သတင်းယူဖို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနဘက်က တစ်ရက်ကြိုတင် ဖိတ်ကြားခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးပွဲကို သတင်းထောက်တွေကို ၀င်ခွင့်မပြုဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ အမိန့်နဲ့ တားမြစ်ခဲ့တာကြောင့် အစိုးရ သတင်းဌာနတွေကလွဲလို့ ပုဂ္ဂလိက သတင်းထောက်တွေ သတင်းယူခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

မကြာမီ ရက်ပိုင်းမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေကို ယခင်က သွားရောက် လေ့လာခဲ့တဲ့ အဖွဲ့ဝင် ငါးဦးကို ဦးဆောင်ပြီး စစ်တွေကို သွားရောက်ဖို့ ရှိပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင် တစ်ဦးအဖြစ် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။



Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India