August 21, 2012

လက်နက်ကိုင် အဖွဲ့အစည်းများ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် မည်သည့် အတွက်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။

မေးခွန်း အကြောင်းအရာ 
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အထူး ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် (ခ) ဦးစိုင်းဟပ် ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် နိုင်ငံတော်သမ္မကြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီများဖွဲ့စည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ကချင်ဒေသမှလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုများ ရယူနိုင်ခဲ့တာကို သိရှိရပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးတဲ့ နောက် ရှမ်းပြည်နယ် ဒေသအချိို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ နေကြောင်းလည်း ကြားသိနေရပါတယ်။ တိုက်ပွဲများရဲ့ ခါးသီးတဲ့တွေ့အကြုံ ခံစားနေရတဲ့ ပြည်သူများ၊ ငြိမ်းချမ်းရေးကို လိုလားနေသော ပြည်သူများ အနေနဲ့ စိတ်အေးနိုင်မှု မရှိဘဲ လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွား လာမယ်ကို စိုးရိမ်လျက် ရှိနေကြပါတယ်။ သို့ဖြစ်တဲ့အတွက် မေးမြန်းလိုသည်မှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး သဘောတူညီမှု လက်မှတ်ရေးထိုး ပြီးတဲ့နောက် မည်သည့် အတွက်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပါသနည်း။ အမှန်တကယ် အပစ်အခတ် ရပ်စဲရေးအတွက် မည်သို့ ဆက်လက် ဆောင်ရွက် မည်ကို သိရှိလိုပါကြောင်း စိုးရိမ်နေသော ပြည်သူများ ကိုယ်စား တင်ပြမေးမြန်း အပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
 
ဖြေကြားချက် 
ဦးအောင်မင်း (ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ ခင်ဗျား။ ရှမ်းပြည်နယ်၊ မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်၏ မေးမြန်းချက်များကို ကျွန်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေးနှင်‌့ ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးအောင်မင်းမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ယခုမေးမြန်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၊ တိုင်းရင်းသားများ၏ အရေး ကိစ္စရပ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်မှ စ၍ ဖြစ်ပေါ်လာခဲ့တဲ့ အချိန် ကာလရှည်ကြာစွာ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် သံသယများပျောက်ပြီး အမှန် ဘဝရောက်ရန် ကြိုးစားကြဖို့ လိုအပ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော ပြဿနာများကို  တစ်ရက်တည်း၊ တစ်ထိုင်တည်း ဖြေရှင်းရန် မလွယ်ကူသော ကိစ္စရပ်များလည်း ဖြစ်ပါ တယ်။ နိုင်ငံတော် သမ္မတကြီးက ပြည်ထောင်စု ငြိမ်းချမ်းရေးနှင်‌့ ဖော်ဆောင်ရေးမှာ  တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်နှင့် ပြည်ထောင်စုလွှတ်တော် အဆင်‌့ဟူ၍ အဆင်‌့ ၃ ဆင့်ပိုင်းခြား သတ်မှတ်ပြီး ဆောင်ရွက်သွားကြရန် လမ်းညွှန်ထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် ၅ ရပ်နှင့် ပြည်ထောင်စု အဆင့်တွင် လုပ်ငန်းတာဝန် ၈ ရပ်ကို မူဝါဒအဖြစ် အောက်ပါ အတိုင်း ချမှတ်ခဲ့ပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဆောင်ရွက်ရန် ကိစ္စများ တင်ပြပါမယ်-
(၁)     နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရန်ကိစ္စ၊
(၂)     နှစ်ဖက်သဘောတူညီမှု ညိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊
(၃)     သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊
(၄)     ဆက်ဆံရေးစနစ်ကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ လက်နက်မပါ ထားရှိ ရန်ကိစ္စ၊
(၅)     ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်ရက်၊ အချိန်နှင့်နေရာ တို့ကို ညှိနှိုင်းရန်ကိစ္စများဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဆောင်ရွက်ရန်လည်း မူဝါဒအဖြစ် ချမှတ် ပေးထားပါတယ်။
(၁)     ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရ၊
(၂)     ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို သဘောတူရန်ကိစ္စ၊
(၃)     စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရန် ကိစ္စ၊
(၄)     မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စ၊
(၅)     ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်ကိစ္စ၊
(၆)     ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိကလွှတ်တော် အတွင်း၌ အများသဘောတူ ဆန္ဒနှင့် အညီ ဆောင်ရွက်ရန် ကိစ္စ၊
(၇)     ထာဝရငြိမ်းချမ်းရေး အတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရန်ကိစ္စ၊
(၈)     ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စ ဖြစ်ပါတယ်။
ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘော တူညီချက်တွင် ပါရှိသည့် မူဝါဒ ၅ ချက်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးဖြစ် သော်လည်း အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဲဒီကိစ္စတွေကတော့-
(က)    နှစ်ဦးနှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊
(ခ)     သတ်မှတ်နေရာမှအပ အခြားနေရာသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊
(ဂ)     ဆက်ဆံရေးစခန်းများကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ လက်နက်မပါ ထားရှိရန်ကိစ္စဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များမှာ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာချထားခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံးများ မဖွင်‌့လှစ်နိုင်သေးခြင်း တို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်။ တပ်မတော်၏ ဖြေကြားချက်ကိုလည်း ကျွန်တော်မှပဲ ကိုယ်စား ဖြေကြားသွားမှာ ဖြစ်ပါတယ်။ တပ်နေရာချထားရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ RCSS, SSA အဖွဲ့ကို မုန်းထော်၊ မုန်းထနေမြေတွင် လည်းကောင်း၊ SSPT အဖွဲ့ကို  ဝိုင်ဟိုင်းနယ်မြေ တွင်လည်းကောင်း နေရာချထားပေးရန် အကြမ်းဖျဉ်းအားဖြင့် သဘောတူညီထားခဲ့ပြီး အသေးစိတ် ဆက်လက် ဆောင်ရွက် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ညှိနှိုင်းဆဲ ကာလတွင် ၎င်းအဖွဲ့များ အနေဖြင့် လက်နက်များ ကိုင်ဆောင် လှုပ်ရှားမှုများ ရှိနေပြီး မိမိတို့ တပ်မတော်သည် ပြည်သူများကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည့် အတွက် မိမိလုံခြုံရေး တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့်လည်း အလားတူ ညှိနှိုင်းဆဲ ကာလဖြစ်ပါတယ်။ သို့သော် KNU အဖွဲ့သည် အထက်ပါ အဖွဲ့များကဲ့သို့ လက်နက်ကိုင် ဆောင်သွားလာမှုများ မရှိသည့်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းပြီး ဒေသခံများ မှာလည်း စိတ်ချမ်းသာမှု ရှိနေကြောင်း တွေ့ရှိရပါတယ်လို့ ဖြေကြားထားပါတယ်။ နိဂုံးချုပ် အနေနဲ့ နိုင်ငံတော် သမ္မတကြီးမှ ချမှတ်ပေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မူဝါဒများကို တစ်ဆင့်ပြီး တစ်ဆင်‌့ လုပ်ဆောင် ပြီးချိန်တွင် ဤကဲ့သို့ ပြဿနာများ ကွယ်ပျောက် သွားမည်ဖြစ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံးကြိုးပမ်း ဆောင်ရွက် ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
 
ဖြေကြားသည့် ဌာန 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ
မေးမြန်းသူ 
ဦးစိုင်းသီဟကျော် (မိုင်းရယ် မဲဆန္ဒနယ်)
 
http://www.pyithuhluttaw.gov.mm/?q=answer/%E1%80%9C%E1%80%80%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%81%BE%E1%80%80%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%85%E1%80%B9%E1%80%A1%E1%80%81%E1%80%90%E1%80%B9-%E1%80%9B%E1%80%95%E1%80%B9%E1%80%85%E1%80%B2%E1%80%B1%E1%80%9B%E1%80%B8-%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%90%E1%80%B0%E1%80%8A%E1%80%AE%E1%80%99%E1%82%88-%E1%80%9B%E1%80%9B%E1%80%AD%E1%80%BD%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9-%E1%80%99%E1%80%8A%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India