August 30, 2012

အစိုးရ၏ မတရား ထိုးစစ်ဆင်မှုရပ်တန့်ရေးနှင့် စစ်ပြေးဒုက္ခသည်များ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ကချင်အမျိုးသားအဖွဲ့အစည်းများ သဘောထားကြေညာချက် ထုတ်ပြန်

အစိုးရစစ်တပ်နှင့် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့တို့ ပဋိပက္ခကြား အစိုးရစစ်တပ်မှ တစ်နှစ်ကျော်တိုင်အောင် အင်အားအလွန်အကျွံသုံး၍ အရှိန်အဟုန်ပြင်းထန်စွာဖြင့် မတရားထိုးစစ်ဆင်ခိုက်မှုများ အစိုးရဖက်မှ ရပ်တန့်ပေးရန်နှင့် ၄င်းပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသော စစ်ပြေးဒုက္ခသည်များအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပတ်သတ်၍ ယနေ့ သြဂုတ်လ(၂၉)ရက်တွင် ကချင်အမျိုးသားအဖွဲ့အစည်းများမှ သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ကချင်အမျိုးသားအဖွဲ့အစည်းများမှ သဘောထားထုတ်ပြန် ကြေညာချက်၏ ရည်ရွယ်ချက်ကို ကချင်တစ်မျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ ( All Kachan Studends and Youth Union – AKSYU )၏ အထွေထွေအတွင်းရေးမှူး ကိုနော်ဆန်းက " ဒီသဘောထားထုတ်ပြန်ချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစိုးရဘက်မှ မတရားထိုးစစ်ဆင်မှုတွေ ရပ်ပေးဖို့ဖြစ်ပါတယ်။ အခုဆိုရင် စစ်ပြေးဒုက္ခသည် (၉၀,၀၀၀) ကျော်ရှိနေပြီလေ။ အဲဒီစစ်ပြေး ဒုက္ခသည်တွေဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ အဲဒါကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းမှ လူ့အခွင့်အရေးနှင့်ပတ်သတ်၍ စုံးစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန်နဲ့ မြန်မာနိုင်ငံအစိုးရမှလည်း နိုင်ငံအတွင်းမှာ တရားမျှတမှုကို ဖော်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုတာ ဖြစ်ပါတယ်။ ပြီးတော့ တရုတ်နယ်စပ်တွင် စစ်ပြေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေကြရတဲ့ ကချင်ဒုက္ခသည်တွေကို တရုတ်မှ အတင်းအဓမ္မ မောင်းထုတ်ခြင်းကို လူသားချင်းစာနာတဲ့အနေနဲ့ ရပ်တန့်ပေးရန် ဖြစ်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
အစိုးရစစ်တပ်၏ မတရားထိုးစစ်ဆင်မှု ရပ်တန့်ရေးနှင့် စစ်ပြေးဒုက္ခသည်များအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများ နှင့်ပတ်သက်၍ ကချင်အမျိုးသားအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ကြေညာချက်
ကချင်ပြည်သူလူထုနှင့်တကွ မြန်မာပြည်သူလူထုတစ်ရပ်လုံးသည် ကချင်ဒေသအတွင်း အစိုးရစစ်တပ်၏ မတရားထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်တန့်ပေးရန် အကြိမ်အကြိမ် မေတ္တာရပ်ခံ တောင်းဆိုခဲ့သော်လည်း အစိုးရစစ်တပ်မှ အင်အား အလွန်အကျွံသုံး၍ အစဉ်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တစ်နှစ်ကျော်တိုင်အောင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် တိုက်ခိုက်မှုများကြောင့် ကချင်ပြည်သူလူထုတို့သည် ကြောက်ရွံ ့ထိတ်လန့်စွာ မိမိတို့နေထိုင်ရာအရပ်ဒေသမှ စွန့်ခွာ ထွက်ပြေးသွားလာသော စစ်ပြေးဒုက္ခသည်အရေအတွက်မှာ (၉၀,၀၀၀) ကျော်လာပြီဖြစ်ပါသည်။
ထို့ကြောင့် အစိုးရစစ်တပ်မှ ကချင်ဒေသများ၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုဖေါ်ဆောင်မည့် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)/ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အပါအဝင်တပြိုင်နက်တည်း တိုင်းရင်းသားအင်အားစုများ အားလုံးနှင့် ဦးသိန်းစိန်အစိုးရအကြား စတင်နိုင်ရန်အတွက် ကချင်အမျိုးသားအဖွဲ့အစည်းများမှ အောက်ပါအတိုင်း တောင်းဆို အပ်ပါသည်။
သမ္မတဦးသိန်းစိန်အစိုးရ သို့
(၁) ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ဒေသခံပြည်သူလူထုနှင့် KIO/KIA စစ်စခန်းများကို ဦးတည်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တပ်ရင်းပေါင်း(၈၀)ကျော်တို့၏ မတရားထိုးစစ်တိုက်ခိုက်မှုကြီးများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် မြန်မာတပ်မတော်အနေဖြင့် မိမိတို့ မူလအခြေစိုက်ရာ မိခင်တပ်ရင်း၊ တပ်မ ဒေသများထံသို့ ပြန်လည်ဆုတ်ခွာသွားရန်။
(၂) မြန်မာတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် KIO/KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအားလုံး၏ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုကို ပျက်ပြားစေနိုင်သောကြောင့် သမ္မတဦးသိန်းစိန်၏ ကချင်ထိုးစစ်ဆင်မှုရပ်တန့်ဖို့ ညွှန်ကြားချက်ကို မလိုက်နာသော ရှေ့တန်းရှိ စစ်တပ်များကို ထိရောက်စွာအရေးယူပေးရန်။
(၃) ပြည်တွင်းစစ်ဖြစ်ပွားရခြင်း၏ အခြေခံအရင်းအမြစ် ပြဿနာများဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ကို ဖေါ်ဆောင်နိုင်ရန်အတွက် သမ္မတ ဦးသိန်းစိန်အစိုးရနှင့် KIO/KIA တို့အကြား စစ်မှန်သောနိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန်။
(၄) လက်ရှိ စစ်ပဋ္ဋိပက္ခဖြစ်ပွားနေသော ဒေသများသာမက မြန်မာနိုင်ငံတစ်ဝှမ်း၌ အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့အကြား စစ်မှန်သောနိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန်။
(၅) ဦးလထော်ဘရန်ရှောင်အပါအဝင် စစ်ပြေးဒုက္ခသည်များ၊ ဒေသခံ ကချင်ပြည်သူလူထုများအပေါ် စရဖ၊ စစ်တပ်နှင့် ဒေသခံအာဏာပိုင်များမှ KIO/KIA နှင့် ဆက်စပ်နေသည်ဟု မတရားစွပ်စွဲပြီးခြိမ်းခြောက်ခြင်းနှင့် လူမဆန်စွာဖြင့်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ပေးပါရန်။
(၆) စစ်ပဋ္ဋိပက္ခဒေသအတွင်းရှိ ဒေသခံအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မြန်မာစစ်တပ်၏ မတရား အဓမ္မပြုကျင့်ခြင်းခံရသူပေါင်း(၆၃)ဦးတွင် ထက်ဝက်ခန့်မှာ သတ်ဖြတ်ခြင်းခံရမှုများ (KWAT စစ်တမ်းအရ)၊ ၄င်းအမှုများကို စနစ်တကျ စစ်ဆေးဖေါ်ထုတ်အရေးယူခြင်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖေါ်ပေးပါရန်။
(၇) ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစု၊ ဒေသခံကချင်အဖွဲ့အစည်းများ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများတို့၏ စစ်ပဋ္ဋိပက္ခကြောင့်ရွှေ့ပြောင်းနေရသူ စစ်ပြေးဒုက္ခသည် (၉၀,၀၀၀)ကျော်အတွက် လိုအပ်သောအရေးပေါ် အကူအညီထောက်ပံ့ရေးအစီအစဉ်များ လွတ်လွပ်စွာ လုပ်ဆောင်နိုင်ရန်အတွက် ခွင့်ပြုပေးပါရန်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစုသို့
(၁) ဒေသခံလူထု၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို စုံစမ်းစစ်ဆေးဖေါ်ထုတ်နိုင်ရန်အတွက် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန်နှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးနှင့် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွှတ်ခွင့် ရပ်တန့်ရေးအတွက် လိုအပ်သော ယန္တရားများ ဖွဲ့စည်းထားရှိရေးကို တိုက်တွန်းပေးရန်။
(၂) စစ်ပဋ္ဋိပက္ခဒေသအတွင်းရှိ ဒုက္ခသည်(၉၀,၀၀၀) ကျော်အတွက် လူသားချင်း စာနာထာက်ထားသော အရေးပေါ်အကူအညီများ ပို့ဆောင်ခွင့်ပြုရေးကို မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းအပြင် KIO/KIA၊ ကချင်အဖွဲ့အစည်းများနှင့် လူထုအခြေအပြု လူ့အဖွဲ့အစည်းများနဲ့အတူတကွ ပူးပေါင်းဆောင်ရွက်ပေးရန််။
(၃) စစ်ပွဲပဋ္ဋိပက္ခကြောင့် လယ်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ခြင်းနှင့် အစိုးရစစ်တပ်မှ ဆန်စပါးသယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် ပူတာအို၊ မချမ်းဘော၊ နောင်မွန်နှင့် ခေါလန်ဖူးမြို့နယ်များရှိ ဒေသခံများမှာ ဇူလှိုင်လမှစတင်ပြီး ဆန်စပါးရှားပါးမှုကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများအတွက် အရေးပေါ်အကူအညီ ဆောင်ရွက်ပေးပါရန်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသို့
(၁) တရုတ်အစိုးရအနေဖြင့် လက်ရှိစစ်ပဋ္ဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ပြေးဒုက္ခသည်များကို တရုတ်နယ်စပ်တလျှောက်ရှိ ယာယီဒုက္ခသည်စခန်းမှ အတင်းအဓမ္မမောင်းထုတ်နေခြင်းမှ ချက်ချင်းရပ်တန့်ပြီး လူသားချင်း စာနာထောက်ထားသော အရေးပေါ်အကူအညီများကို ကူညီဆောင်ရွက်ပေးပါရန်။
(၂) တရုတ်အာဏာပိုင်များအနေဖြင့် စစ်ပဋ္ဋိပက္ခများကြောင့် တရုတ်နယ်စပ် ဒေသတလျှောက် ထွက်ပြေးတိမ်းရှောင်နေကြရသော ကချင်ဒုက္ခသည်များ၏ လုံခြုံရေးနှင့် နေရာချထားရေးများအတွက် KIO/KIA၊ ကချင်အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများကို ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပေးပါရန်။
ကချင်အမျိုးသားအဖွဲ့အစည်းများ
1. All Kachin Students and Youth Union
2. Kachin Center (Thailand)
3. Kachin Development Network Group
4. Kachin Environmental Organization
5. Kachin Women's Association- Thailand
6. Kachin News Group
7. Pan Kachin Development Society
8. Kachin Community in United Kingdom
9. Kachin National Organization
10. Queensland Kachin Community
11. Kachin Association of Australia
For more information, please contact:
1. Naw San, +66 (0) 848119594 2. Moon Nay Li, +66 (0) 856251912 3. Hkahpa Tu Sadan, +4(0) 7538258961
Date: 2012 August 29th

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/401-2012-08-29-13-32-14
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India