ဒုက္ခသည်အရေးကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တို့အကြား တပတ်ကျော်ကြာ စစ်ရေးတင်းမှာနေမှုအား နှစ်ဘက်ဖြေရှင်း၍ မရသည့် ကိစ္စမဟုတ် ကြောင်း ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်ပိုင်းတဦးက ပြောပါသည်။
“အလှူရှင်တွကေ ဒုက္ခသည်တွအေတွက် ထောက်ပံ့စရိတ် လျော့ချလိုက်လို့ ဝမ်းရေးအတွက် အခက်အခဲ ကြုံလာရတယ်။ အဲဒီ့အတွက် ကျနော်တို့ဒုက္ခသည်တချိုု့နဲ့ စပါး၊ ပြောင်း၊ ပဲစိုက်ခင်းလုပ်ဖို့ ထွန်ယက် စိုက် ပျိုးပေးသွားတယ်။ ဝ တပ်ဖွဲ့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီး လုံခြံုရေးတပ်ဖွဲ့နဲ့ လူထု တချို့ကို ဖမ်းသွားတယ်၊ အဲဒီကနေ စဖြစ်လာတာပါ” - ဟု RCSS/SSA အရာရှိတဦးက ပြောပါသည်။
ဂျူလိုင်လနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သောပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ ကိုယ်စား လှယ် နှစ်ကြိမ်စေလွှတ်ခဲ့သော်လည်း ဝ တပ်ဖွဲ့က လက်ခံဖြေရှင်းခြင်းမရှိခဲ့ဟု သျှမ်းပြည်တပ်မတော် အရာရှိအချို့က ပြော၏။
ယနေ့ ဩဂတ်စ် ရ ရက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ခေါင်းဆောင်ပိုင်းတဦးက - ဖြစ်ပွားနေ သည့် ပြဿနာအား ဖြေရှင်း၍ မရသည့် ပြဿနာမဟုတ်ကြောင်း၊ ထိပ်တိုက်မှုဖြစ်ပွားလာလျှင် လူထု ရော တပ်ထုပါ ဆုံးရှုံးနစ်နာမှုများမည်ကို သိရှိကြောင်း၊ ထို့အတွက် သျှမ်းပြည်တပ်မတော်အနေဖြင့် ဖြေရှင်းနိုင် မည့် အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်ရန် လိုအပ်ကြောင်း - သျှမ်းသံတော်ဆင့်သို့ပြောကြားပါသည်။
အဆိုပါပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ နှစ်ကြိမ်ထက်မနည်း ကိုယ်စားလှယ်စေလွှတ်ရာမှာ မြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းသာ စေလွှတ်ခဲ့သည့်အတွက်ကြောင့် ဝ ဘက်မှ လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု လည်း ပြောပါသည်။
မြန်မာစစ်တိုင်းရုံးကလည်း ၎င်းင်းတို့၏ လက်အောက်ခံ တပ်ရင်းများအပေါ် - ပြဿနာဖြစ်နေ သည့်နယ်မြေသို့ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခွင့် မပြုရန် ၊ မျက်နှာလိုက်ခြင်း၊ တဖက်ဖက်အား အားပေးအားမြောက်ပြုခြင်း မပြုရန် တားမြစ်ထားသည်- ဟု တိုင်းရုံးနှင့်နီးစပ်သည့်ပုဂ္ဂိုလ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။
ဂျူလိုင် ၃၀ ရက်နေ့က သျှမ်းပြည်တပ်မတော်မှ ဒုက်ခသည် အချို့နှင့် လုံခြုံရေးယူပေးသည့် တပ်သားအချို့ က မိုင်းတုံမြို့နယ် ပုံတောင်းဒေသတဝိုက် စိုက်ခင်းနှင့်နေထိုင်ဖို့ တဲများဆောက်လုပ်နေစဉ် ဝ တပ်ဖွဲ့က သျှမ်းပြည်တပ်မတော်အား ကျူးကျော်မှုပြုသည်ဟုဆိုကာ အင်အားဖြည့် ဝိုင်းပိတ်၍ လူသူ လက်နက် အစုံ ၁၄ ဦး၊ စကားပြောစက် ၄ လုံး နှင့် ဒုက္ခသည် ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားခဲ့သည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3392-rcssssa-uwsa-.html