August 29, 2012

ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟု
ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က ကိုဘရန်ယုန်၊ ဦးလဖိုင်ဂမ်၊ ဦးဇော်ဘောက်နှင့် ကိုဇခုန်လရိန် တို့အား ဝိုင်းမော်မြို့နယ် တာလောကြီး ကျေးရွာတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲအုပ် ရဲလွင်အား သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ယနေ့ ဒုတိယအကြိမ်မြောက်အဖြစ် ၎င်းအား ထပ်မံ စစ်ဆေးခဲ့ရာ ကိုဘရန်ယုန်းသည် KIO စစ်သင်တန်း တက်ရောက်၍ ဒု-တပ်ကြပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ ဒုက္ခသည် စခန်းသို့ ပြန်လည်နေထိုင်ပြီး ဖောက်ခွဲရေးလုပ်ရန် KIO မှ စစ်ပြေးဒုက္ခသည် တာဝန်ခံ ဦးဒွဲပီဆား က ပိုက်ဆံ ထုတ်ပေးသည်ဟု အမှတ်(၁) ရဲစခန်းမှူး ရဲလွင်က ထွက်ဆိုသွားကြောင်း ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

“ဦးဒွဲပီဆားက စစ်တပ်ဘက်ကမှ မဟုတ်တာ။ သူက ဗုံးဖောက်ခွဲရေးကိစ္စ ဘာမှ မပတ်သက်ဘူး။ ခု သူတို့ (အစိုးရ) က ပေါ်လစီ လုပ်နေတာ။ ခု မြစ်ကြီးနားမြို့မှာ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဒီလူတွေကို အားလုံး အပြစ်ပုံချဖို့ လုပ်နေတာ” ဟု မဇ္စျိမကို ပြောသည်။

ကိုဘရန်ယုန်းသည် KIO ဝန်ထမ်း မဟုတ်သော်လည်း သူ့အား စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)က ညှင်းပန်း
နှိပ်စက်၍သာ ဝန်ခံလိုက်ခြင်း ဖြစ်သည်ဟု ကိုဘရန်ယုန်း၏ ဇနီး မခေါ်နန် က ပြောသည်။

“စရဖ ရုံးမှာ သူတို့ကို တခန်းစီ ထားတယ်။ အခန်းကလည်း မှောင်မဲနေတယ်။ ကိုင်လိုက်ရင် ရွှ့ံဗွက်တွေချည်းပဲ တဲ့။ နေ့လည် ထမင်းစားချိန်မှာ ပြန်ထုတ်ပြီး ညသန်းခေါင်မှာ စစ်ဆေးတယ်။ အကျႌတွေ အကုန်ချွတ်ပြီး သံလုံုးနဲ့ လှိမ့်တယ်။ လက်နှစ်ဖက်ကို ယေရှုလို ချည်ထားပြီး ရိုက်နှက်တယ်။ သေနတ်နဲ့ နားထင်မှာ ရိုက်၊ ခေါင်းတွေမှာလည်း ရိုက်၊ ခေါင်းတွေလည်း ယောင်လို့၊ နားလည်း မကြားတော့ဘူး။ အဲဒီလို နှိပ်စက်တယ်လို့ ပြောတယ်” ဟု ခင်ပွန်း၏
ပြောပြချက်အား မဇ္စျိမကို ပြန်ပြောပြသည်။

သူက ဆက်ပြီး “မျက်နှာအုပ်ထားပြီး ဗုံးခွဲတဲ့နေရာကို ခေါ်သွားတယ်။ ဟိုရောက်တော့ မျက်နှာဖုံး ချွတ်ပြီး ဒါ မင်းတို့
ဖောက်ခွဲတယ်လို့ ဝန်ခံရမယ်။ မဝန်ခံရင် သတ်လိုက်မယ်လို့ ပြောလာလို့ ဝန်ခံလိုက်တယ်တဲ့။ ဝန်ခံလိုက်တာနဲ့ မျက်နှာကို ပြန်ပိတ်ပြီး အမှောင်ခန်းထဲကို ပြန်ခေါ်သွားတယ်လို့ ပြောပြတယ်” ဟု ပြောသည်။

အသက် ၅ဝ နှစ်အရွယ်ရှိ ဦးလဖိုင်ဂမ်အား ရဲတပ်ဖွဲ့ဘက်မှ စွပ်စွဲထားချက်နှင့် စရဖမှ စွပ်စွဲချက်များ ကွဲလွဲနေသည်ဟု ဆိုသည်။ စရဖက ဦးလဖိုင်ဂမ်သည် ၁၉၇၉ ခုနှစ်မှ KIO က ခေါ်ယူ၍ ဝန်ထမ်းတာဝန် ထမ်းဆောင်ခဲ့သည်ဟု စွတ်စွဲ ထားပြီး ရဲတပ်ဖွဲ့ဘက်မူ ဦးလဖိုင်ဂမ်သည် ၂ဝဝ၉ ခုနှစ်တွင် KIO ဝန်ထမ်း လုပ်ခဲ့သည်ဟု စွပ်စွဲထားသဖြင့် ကွဲလွဲနေ သည်ဟု ရှေ့နေက ဆိုသည်။

ဦးလဖိုင်ဂမ်၊ ကိုဘရန်ယုန်းနှင့် ကိုဇော်ဘောက်တို့ကို ဖောက်ခွဲအမှုဖြင့် တရားလို သက်သေဘက်မှ ထပ်မံ စွပ်စွဲထားသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဦးလဖိုင်ဂမ်သည်လည်း KIO ဝန်ထမ်း မဟုတ်ဘဲ သားသမီး ပညာရေးအတွက် ပိုက်ဆံရှာရန် ကျွဲကုန်သည်များနှင့် လိုက်ပါရာမှ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဦးလဖိုင်ဂမ်၏ ဇနီး ဒေါ်လချီးလု က ပြောသည်။

“သူကို ဘာလို့ KIO မဟုတ်ဘဲ ဝန်ခံရတာလဲလို့ မေးတော့ KIO လို့ မပြောဘူးဆိုရင် အသက်ရှင်မှာ မဟုတ်ဘူး။ တာလောကြီးမှာပဲ သေသွားပြီ။ ဝန်ခံလိုက်လို့ ခုလို အသက်ရှင် တွေ့ရတယ်လို့ ပြောတယ်။ ပထမရုံးချိန်းမှာ တွေ့တော့ သူက ခြေထောက်တွေလည်း ယောင်၊ မဲမဲ ဒဏ်ရာတွေနဲ့ တွေ့ရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

၎င်းတို့ကို ဖမ်းဆီးခံရစက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ဟု မသိရဘဲ တလအကြာတွင် မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း အကျဉ်းသားများ ထံမှတဆင့် ထောင်ဝင်စာ သွားတွေ့သူများထံမှ သိရှိခဲ့ရသည်ဟု ကိုဘရန်ယုန်း၏ ဒေါ်ခေါန်နန်က ပြောသည်။

၎င်းတို့အား စက်တင်္ဘာလ ၄ ရက်နေ့တွင် ရုံးချိန်းပေးလိုက်သည်။

၂ဝ၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ယနေ့ထိ ဖောက်ခွဲမှု၊ KIO နှင့် ဆက်သွယ်သည့် မတရားသင်း ပုဒ်မ ၁၇(၁)ဖြင့် မပခ လက်အောက်ခံ တပ်ဖွဲ့များနှင့် စရဖ တပ်ဖွဲ့တို့မှ ဖမ်းဆီးထားရသူ စုစုပေါင်း ရ၀ ကျော်ရှိသည်ဟု ရှေ့နေ ဦးဂျီမာခါးကပြောသည်။

http://www.mizzimaburmese.com/news/inside-burma/9975-2012-08-28-15-16-05.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India