August 25, 2012

ပြောင်းရွှေ့သွားသော ကချင်ဒု က္ခသည် စခန်းများကို တရုတ်အာဏာပိုင်များ ဖျက်ဆီး

တရုတ် ယူနန်ပြည်နယ် နောင်တောင်းခရိုင်မှ မြန်မာပြည်ဖက်သို့အပြီးပြောင်းရွှေ့သွားကြသော ကချင်ဒုက္ခသည်များ၏စခန်းများကို သြဂုတ် ၂၂ ယမန်နေ့ တရုတ်အာဏာပိုင်များက ချက်ချင်း ဖြိုချ ဖျက်ဆီးပေးလိုက်ကြောင်း စခန်းတာဝန်ခံများကပြောသည်။
ဒုက္ခသည်များသည် တည်ဆောက်ထားသည့် အိမ်များမှ အမိုးအကာ နေရာထိုင်ခင်း အချို့ ပြန်လည်ဖြုတ်ယူရန် အစီစဉ်ရှိသော်လည်း ထိုသို့ဖျက်ဆီးပေးခြင်းကြောင့် ပြန်လည်သယ်ယူခွင့်မရတော့ကြောင်း ပြောသည်။
“မနေ့က ပြောင်းရွှေ့နေတဲ့ အချိန်မှာပဲ တရုတ်တွေက သွပ်မိုးတွေကို သူတို့ကြိုက်သလို အကုန် ထိုးပြီးတော့ ခွာလိုက်တယ်။ ကင်မရာတွေ ဘာတွေ အကုန်လုံးသိမ်းပေးလိုက်တယ်။ ပြီးတော့ သူတို့ကတော့ ရိုက်ယူတယ်” ဟု အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။
ယခုပြန်လည်နေရာချထားပေးသော နေရာသည် ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေထိုင်နေရမည် ဖြစ်ပြီး အဓိက မီးဖိုချောင် နှင့် အိမ်သာများကို ဆောက်လုပ်ရန်လိုအပ်ကြောင်း ပြောင်းရွှေ့လာသော ဒုက္ခသည်တစ်ဦး က ပြောသည်။
“သူတို့ လာပြောထားတာက အားလုံးလုပ်ပေးမယ်လို့ပြောတာပဲလေ။ ဒါပေမဲ့ အခုဖြစ်လာတာနဲ့ ပြောတာနဲ့ တခြားစီဖြစ်နေတာပေါ့။ ဒါပေမဲ့ လူကြီးတွေလည်း လူများတယ်ဆိုတော့ လိုလေသေးမရှိတော့ မလုပ်ပေး နိုင်ဘူးလေနော်” ဟု ဒုက္ခသည် တစ်ဦးကပြောသည်။
အပြီးပြောင်းရွှေ့သွားကြသော ယန်လု (Yang Lu) နှင့် လော့ဖိုင်း (Lau Hpai) စခန်းများကို ရွှေလီမြို့နယ်နှင့် နောင်တောင်း ခရိုင်မှ လူဝင်မှုကြီးကြပ်ရေး လဝက တာဝန်ရှိသူများ၊ လုံခြုံရေးအရာရှိများ၊ ရဲများ၊ ထောက်လှန်းရေးများလာရောက် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၁ နှစ်ကျော်ကြာနေထိုင်ခဲ့သော ဒုက္ခသည်များသည် လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသောကြောင့် အချို့သည် ယခင် မူရင်း နေအိမ်နှင့် နီးသောနေရာ မန်ဝိန်ကြီးသို့  မိသားစုများ အသီးသီး ကိုယ့်အစီအစဉ်ဖြင့် ပြောင်းရွှေ့နေကြသည်။
မန်ဝိန်းသို့ပြောင်းရွှေ့လာသော ဒုက္ခသည်အချို့သည် စခန်းများမှ လက်မခံတော့ခြင်းကြောင့် ၄င်းတို့ဆွေမျိုးများအိမ်နှင့် နေရာလွတ်နေသော နွားတင်းကုတ်တွင် မိုးကာများပြုလုပ်ကာ နေထိုင်ကြကြောင်းသိရသည်။
ဒုက္ခသည်စခန်း ၆ ခုထဲမှ ဒုက္ခသည်စခန်း ၂ ခုကို ရှေးဦးစွာ အပြီးစတင်ပြောင်းရွှေ့ပေးနေခြင်းဖြစ်ပြီး နောက်ထပ် စခန်းများလည်းဆက်လက်ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့က ငါနောင်းပါ (Nga Nawng Pa) စခန်းပြောင်းနေတယ်။ မနက်ဖြန်က ဘယ်စခန်းပြောင်းမယ် မသိသေးဘူး။ ဒီညလောက်ပြန်ပြောင်းလာလိမ့်မယ်။ ဘယ်စခန်း ပြန်ပြောင်းရမယ် ဆိုတာကိုပေါ့” ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။
ထိုသို့ပြောင်းရွှေ့ရာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် တရုတ်အစိုးရတို့သည် မြေတင်ကား၊ ဘတ်(စ်)ကား၊ ၁၂ ဘီးကားများဖြင့် ကားအစီး ၃၀ ခန့်ဖြင့် ဒုက္ခသည်များ၏ ပစ္စည်းများကို သယ်ပို့ ပြောင်းရွှေ့ပေးနေကြောင်း သိရသည်။
တရုတ်အာဏာပိုင်များသည် ဇူလိုင် ၂၀ ရက်နေ့တွင် KIO အရှေ့ဘက်တိုင်း အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ နောင်တောင်း (Nongdao) ရှိ ဒုက္ခသည်စခန်း ၆ ခုကို ပြောင်းရွှေ့ပေးရန် ညွန်ကြားပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်သည်။
ယခုပြောင်းရွှေ့နေရသော နောင်တောင်းဒုက္ခသည်စခန်း ၆ ခုမှ  ဒုက္ခသည် စုစုပေါင်း လူဦးရေ ၄၆၈၀ ရှိပြီး ၄င်းတွင်  ကျောင်းသူကျောင်းသားစာရင်းသည် သူငယ်တန်းမှ ပထမတန်းအထိ ၈၆၈ ဦးရှိပြီး၊ မူကြိုကလေးများ ၃၃၇ ဦးရှိကာ အိမ်ထောင်စု ၉၀၀ ကျော် ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

http://kachinnews.com/burmese/news/920-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%82%95%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%92%E1%80%AF-%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9-%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%96%E1%80%BA%E1%80%80%E1%80%B9%E1%80%86%E1%80%AE%E1%80%B8.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India