“ ကျနော်ပြောထားတာက ဧရာဝတီမှာ ရေးထားသလို မဟုတ်ဘူးဗျ။ ကိုယ်စားလှယ် လွှတ်တာလည်း မရှိဘူး။ ဦးအောင်မင်း အဲဒီလို ပြောပါတယ် ဆိုတာလည်း မရှိဘူး။ အဲဒီတော့ သတင်းထောက်တွေကလည်း မလွယ်ဘူးဗျာ။ အပြောတခြား အရေး တခြားပါဘဲ။ အခုရေးထားတဲ့ http://burma.irrawaddy.org/archives/18484 အဲဒီအချက်တွေက မဟုတ်ဘူးဗျ။ သူနဲ့ အင်တာဗျူးခဲ့တာတော့ ရှိတယ်။ အဲဒီအမေးမျိုးလည်း သူ မမေး ခဲ့ဘူးဗျ။ ကျ နော်က သူ့ကိုရှင်းပြနေတာက အပစ်အခတ် ရပ်စဲရေး လိုချင်တာလည်း အစိုးရလူကြီးတွေဘဲ၊ ပြီး တော့ အောက်ခြေတပ်တွေကို ဆက် တိုက်ခိုင်းနေတာကလည်း အဲ ဒီလူ ကြီးတွေဘဲဆိုတော့ သူတို့အပေါ်မှာ ကျနော် နားမလည် နိုင်တော့ဘူးဗျာ လို့ပြော တာဖြစ် ပါတယ်၊ လူလွှတ်တဲ့ ကိစ္စ ဆိုရင် ကျနော်လုံးဝ မပြောခဲ့ရဘူး” ဟုဆိုပါသည်။
ဧရာဝတီမှာ တင်ပြထားသည်မှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု ရရှိထား သည့် အချက်များကို ဆက်လက် အကောင်အထည် မဖော်ဆောင် ပေးနိုင်သေး သောကြောင့် အားနာမိကြောင်း အစိုးရပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြောင်း ဟုရေးသားထားပါ သည်။
ထို့အပြင် “ကျနော်တို့ သဘောတူညီချက် ထဲမှာ ပါတဲ့ အချက်အလက်တွေအားလုံး ယနေ့အထိ ဘာမှ အကောင်အထည် ဖော်ဆောင်နိုင်တာ မရှိဘူး။ အဲဒီ ကိစ္စ တွေကို လည်း ဦးအောင်မင်းက ချက်ချင်းကြီး လိုအပ်သလို စိတ်တိုင်းကျ အကောင် အထည် မဖော်ဆောင် ပေးနိုင်သေး တာကို သူအနေနဲ့ အားနားတဲ့အကြောင်း ပြောပါတယ်” ဟုလည်း ကိုးကား ထားပါသည်။ ဤစကားသည် အခြေအနေအားလုံးရှင်းပြပေးခဲ့သည့် စကား ထဲကသာ ဖြစ်ကြောင်း၊ ယခု ခရီးစဉ်မှ ရလာသော စကားဟန် နှှင့် သတင်းထောက်မှ ရေးသားထားမှုသည်၊ မရိုးသားကြောင်း ဗိုလ်မှူး က ဆိုပါသည်။
“ ဒီသတင်းထောက်ကတော့ သူဆင်ထားတဲ့ သတင်းမျိုးဖြစ်အောင် ဘောင်ဝင်အောင် ကျနော့်ကို အသုံးချ လိုက်တာ ဖြစ်ပါ တယ်။ လုံးဝမဟုတ်တဲ့ အရာကို ဟုတ်တယ်လို့ ရေးရဲတဲ့ သတင်းထောက်၊ အခုလိုမျိုးပေါ်သွားရင် ဘယ်လိုရင်ဆိုင်မလဲ ထည့် မတွက်တဲ့ သတင်းထောက်မျိုးဆိုတော့ သိပ်မလွယ်ဘူး။ နောက်ဆို သတင်းထောက်တွေ အပေါ် အယုံအကြည် မရှိတော့ ဘူး” ဟု ဗိုလ်မှူး ကဆိုပါသည်။
သတင်းထောက်ဆိုသည်မှာလည်း အချက်အလက်အရ နဲနဲပါးပါး လွဲတတ် ပါသည်။ လုံးဝ လွဲသွားတတ်သည့် သတင်းမျိုး လည်း ရှိတတ် သော်လည်း ရည်မှန်းချက်တခုအတွက် အင်တာဗျူးကို အသုံးချတတ်သည့် သတင်းထောက်မျိုးတော့ မဖြစ်သင့်ကြောင်း ဝေဖန်သူများက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2044--rcss-.html