August 8, 2012
ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သက်သည့် ဗိုလ်ချုပ်အောင်မြတ် အင်တာဗျူး (၂) အစီအစဉ်
ဂျွန်မိုးနိုင် ။ ။ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုအစည်းအဝေး တွေ့ဆုံဆွေးနွေးပွဲက တိုက်ပွဲတပွဲပြန်ဖြစ်တယ်။ တိုက်ပွဲဖြစ်သွားလို့ကော အဟန့်အတားတခုခုများ ဖြစ်သွားနိုင်မလားခင်ဗျ။
ဗိုလ်ချုပ်အောင်မြတ်။ ။ အဟန့်အတားကတော့ သူကျော်လာရင်လည်း ဆက်ဖြစ်မှာဘဲသူတို့က နိုင်ငံရေး လမ်းကြောင်းပေါ်မှာ နိုင်ငံရေးအရဆွေးနွေးမယ် ဆိုရင်တော့ တမျိုးပေါ့ အချက် ၂၀ ကတော့ အများပြည်သူနဲ့ ကိုက်ညီမဲ့အချက်တွေနဲ့ အရေးအကြီးတဲ့အချက်ဘဲတောင်းဆိုတာ။ KNPP အတွက် ဆယ်ပုံ တပုံဘဲပါ ပါတယ်။ KNPP အတွက်ဆိုပေမဲ့လို့ တပ်ဖွဲ့ဝင် မိသားစု လုပ်ကိုင်စားသောက်ဖို့ဘဲ ။ အခုက ဘယ်လိုခေါ်မလဲ ဆက်ကျော်လာရင်တော့ ဆက်ဖြစ်ဖို့အလားလာရှိပါတယ်။
ဂျွန်မိုးနိုင်။ ။ ကရင်နီပြည်တွင်းမှာအခု အစိုးရတပ်မတော်တွေဘက်က စခန်း အခြေအနေတွေကို ပြောပြပေးပါခင်ဗျာ ။
ဗိုလ်ချုပ်အောင်မြတ်။ ။ လူထုနဲ့အနီးကပ်ဆုံး စခန်းငယ်လေး ၄ ၊ ၅ ၊ ၆ ခု ဆုတ်ခွာပေးပါ။ ဆိုတာက ဥပမာ ထီးဖိုးကလိုး၊ ဒေါတမကြီး ၊ စခန်းငယ်ရှိတယ်။ ရေပေးပါ ၊ ရေပို့ရတယ်။ ထင်းပေးပါ ထင်းပို့ရတယ်။ နောက်ပီးတော့ ရှားတောဂွင် ရှမ်း ၊ ကယားနယ်စပ် ရှိတဲ့စခန်းတခု ဆုတ်ပေးပါပေါ့ ဘာဖြစ်လို့လဲဆိုတော့ မုဒိမ်းမှုတခါဖြစ်ခဲ့တာကိုး အလျှော့အတင်းမလုပ်တော့ ပျက်ဖို့ဘဲ ။ ဒါက အချက် ၂၀ ထဲပါတာဘဲ ။
ဂျွန်မိုးနိုင်။ ။ ဒီကရင်နီပြည်ထဲမှာ အခြားကရင်နီဘဲပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်နှစ်ဖွဲ့လောက်ရှိလဲ အဲဒါ ပြောပြလို့ရမလားခင်းဗျာ။
ဗိုလ်ချုပ်အောင်မြတ်။ ။ လက်နက်ကိုင်တာတာတော့ အများကြီးရှိတာပေါ့နော် ၊ ဥပမာပြည်သူ့စစ်ဖြစ်တဲ့ KSO တို့ KNDP တို့ သူ့ဟာသူ လေးငါးဆယ်ယောက် သုံးလေးငါးဆယ်ရှိရင်လဲ အဖွဲ့ထောင်ပေးထားတာပေါ့ ။ နောက် သူ့လက်အောက်ခံမှာ သူ့အမိန့်ကို နာခံရတော့လည်း အဖွဲ့ကတော့ ၄ ဖွဲ့ငါးဖွဲ့လောက်ရှိတယ်ပေါ့ ဒါပေမဲ့ လက်နက်ကိုင်တပ်တွေကတော့ သူ့ရဲ့ တပ်မတော်အောက်မှာ အကုန်လုံးရှိပြီကော အဲဒါသူ့ကို သီးသန့်သွားပြီးတော့ သူ့အမျိုးသားရဲ့ အတွက်က လက်နက်ကိုင်အဖွဲ့တွေက အမျိုးသားရေးအတွက် လုပ်တဲ့လူ အဖွဲ့ဘယ်မှာရှိလဲ ဥပမာ ကရင်နီပြည်မှာရှိနေတဲ့ ဥပမာ နဂါးတို့ ကယောနီတို့ ထားပါတော့ ကလလတတို့ သူ့လူမျိုးအတွက် သူ့ပြည်နယ်အတွက် သူ့လုပ်ဆောင်ချက်က ဘယ်နှစ်ချက်ရှိလဲ အဲဒါနည်းနည်းပြပါဦး။
ဂျွန်မိုးနိုင်။ ။ ပြည်တွင်းမှာက ကလလတတို့နဲ့ KNPP တို့နဲ့ကော မတော်တဆတိုက်ပွဲတွေ ဖြစ်လာနိုင်စရာတွေ ရှိလာနိုင်သေးလားမသိဘူးခင်ဗျ။
ဗိုလ်ချုပ်အောင်မြတ် ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ လူကြီးတွေကတော့ နိုင်ငံရေးအရ ၊ အမျိုးသားရေးအရတော့ ပြောကြတာဘဲ ဒါပေမဲ့ ခံယူချက်တူချင်မှလည်း တူကြမယ်။ တချို့ကတော့ ပုဂ္ဂိုလ်ရေး အယူသည်းမှု ကိုယ်ကျိုးစီးပွားရေးကြောင့်လည်း တချို့ရဲဘော်တွေလဲ စီးပွားရေးထဲမှာ နှစ်မျှောနေမယ်ဆိုရင်လည်း အကယ်၍ ပိုင်းခြားတတ်မယ်ဆိုရင်တော့ မဖြစ်ဘူးပေါ့။ မပိုင်းခြားတတ်ဘူးဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါကတော့ ဖြစ်လာနိုင်မယ့်ဟာကိုတော့ ကြိုတင်ပြောလို့မရဘူး။ နေ့ချင်းညချင်းက မတူဘူး။ ဒီနေ့ကောင်းရင်ကောင်းမယ် မနက်ဖြန်ဆိုးရင်ဆိုးမယ်။ ဒီနေ့မိုးရွာရင်ရွာမယ်။ မနက်ဖြန်နေပူရင်ပူမယ် အဲလိုမျိုး အဓိကက နိုင်ငံရေးမရှိတဲ့အဖွဲ့အစည်းက ပြောရတာခက်တယ်။ အမျိုးသားစိတ်မရှိတဲ့ အဖွဲ့အစည်း နိုင်ငံရေးမရှိ နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက် မရှိတဲ့အဖွဲ့အစည်းတခုနဲ့ နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက်ရှိတဲ့ အဖွဲ့အစည်းတခုကမတူဘူး။ အများကြီးကွာတယ်။ အိဒြေ္ဒရမှုရော၊ လုပ်ဆောင်မှုရော သည်းခံမှုရော အများကြီးကွာခြားတယ်။
ဂျွန်မိုးနိုင်။ ။ သူတို့ထိန်းချုပ်တဲ့ နေရာတွေမှာကောဒီ KNPP တပ်တွေသွားလာလှုပ်ရှားလို့ရလား။
ဗိုလ်ချုပ်အောင်မြတ်။ ။ သူတို့ထိန်းချုပ်တာကတော့ သူတို့ ဘယ်မှာထိန်းချုပ်လို့လဲ ကျနော်တို့ကလဲ ဘယ်မှာသွားထိန်းချုပ်လို့လဲ ရန်သူကလဲ အားလုံးထိန်းချုပ်နိုင်တာမှ မဟုတ်ဘဲ ရန်သူကလဲ ဘောလခဲမြို့ပေါ်လောက် လွိုင်ကော်မြို့ပေါ်လောက်ဘဲ ထိန်းချုပ်တာကိုး သူတို့ကပိုဆိုးတာပေါ့ သူသွားတဲ့နေရာက ဗမာအစိုးရကသူတို့ကို ခွင့်လွတ်နိုင်တာပေါ့ ဥပမာသေနတ်တကားကားနဲ့ လူထုက ကြိုက်ပါ့မလား လူထုရဲ့ ဆန္ဒတွေကိုလဲ ပြောလို့မရဘူး လူထုနဲ့ဆန့်ကျင်ဘက် သွားလုပ်လို့မရဘူး။
ဂျွန်မိုးနိုင်။ ။ KNPP အနေနဲ့တပ်ကနေရွာထဲကိုသွားမယ်ဆိုရင် အောက်ခြေပြဿနာတွေကြားရသလား ဥပမာ စားရေး၊ သောက်ရေးပေါ့ တပ်ထဲကစားရေး၊ သောက်ရေးနဲ့ ပါတ်သက်ပြီးရွာထဲမှာသွားပြီး တစ်ခုခုသွားလုပ်တာတို့ ရွာနဲ့ပြဿနာဖြစ်တာတို့ အဲဒါမျိုးတွေ ကြားရလားမသိဘူးခင်ဗျ။
ဗိုလ်ချုပ်အောင်မြတ်။ ။ အဲဒါက ဖြစ်လေ့ဖြစ်ထ ကမ္ဘာပေါ်မှာတပ်မှန်သမျှ အမေရိကန်တပ်ဘဲဖြစ်ဖြစ် ထိုင်းတပ်ဘဲဖြစ်ဖြစ် ကရင်နီတပ်ဘဲဖြစ်ဖြစ် ဗမာတပ်ဘဲဖြစ်ဖြစ် ဒါမျိုးပြဿနာကတော့ ရွာရောက်တိုင်း ပြဿနာဖြစ်တာတော့ မဟုတ်ဘူးပေါ့ တစ်ခါတစ်လေအကြောင်းမညီညွတ်တို့ ပြဿနာဖြစ်တာတို့တော့ရှိတာပေါ့ ဒါမဲ့ သတ်လိုက် ဖြတ်လိုက် ရိုက်လိုက် ပုတ်လိုက်အဆင့်တော့ ကျနော်တို့တပ်မှာမရှိဘူး ဥပမာ အပြောအဆိုမှာဘဲ စကားများတာတို့ ရှိတာပေါ့ ဒါမဲ့ ခုနပြောသလို မတစ်ထောင်သား ထိန်းရတာခက်တယ် အမေရိကန်တပ်ဘဲဖြစ်ဖြစ် ထိုင်းတပ်ဘဲဖြစ်ဖြစ် အဲလိုမျိုးရှိတယ်။ ကိုယ့်တပ်ဘဲဖြစ်ဖြစ်ပေါ့ ခံယူချက်နဲ့ ရောက်လာတဲ့လူရှိသလို အကြောင်းအမျိုးမျိုးကြောင့်နဲ့ ရောက်လာတဲ့သူတွေလဲရှိတာကိုး အဲဒါဘယ်လိုလုပ်မလဲ ဥပမာ လူအထောင်လိုက် အသောင်းလိုက်ထိန်းနိုင်တဲ့ အစိုးရကစည်းကမ်းနဲ့ ဘဲအမိန့်နဲ့ဘဲ ထိန်းရတာကိုးဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တပ်ဆိုတာ လက်နက်ကိုင်ထားတယ်။ အန္တာရာယ်ရှိတယ် အမိန့်နဲ့ စည်းကမ်းနဲ့မထိန်းရင် လူထုလိုလိုသဘောတရားနဲ့ သွားထိန်းရင်မရဘူး။ ဒါက နှစ်ပေါင်း၄၀ အတွင်းမှာ ငါကြုံလာတဲ့ ကိစ္စ နှစ်ပေါင်း ၆၀ ကျော်လာပြီလို့ပြောတာပေါ့ တော်လှန်ရေးထဲမှာပါလာတာက ၄၀ ပေါ့ အဲဒီနှစ် ၄၀ အတွင်းမှာအဆိုးရော အကောင်းရော အများကြီး တွေ့လာတော့ သတိဝိရိယနဲ့ ထိန်းလာတာပေါ့ ။
ဂွန်မိုးနိုင်။ ။ ကျနော့်မေးခွန်းတွေထဲမှာကော ဘာများဖြည့်စွက်ပြီးပြောချင်ပါလဲခင်ဗျာ။
ဗိုလ်ချုပ်အောင်မြတ်။ ။ ကျနော်ပြောချင်တာက ကရင်နီအမျိုးသားညီညွတ်ဖို့ဘဲ အမှန်တရားဖက်ကရပ်တည်ဖို့ဘဲ အမှန်တရားရပ်တည်ကြမယ် တရားမျှတမှုရှိကြမယ် အမျိုးသားလက္ခာဏာရှိမယ် နောက် ဆိုလို့ရှိရင်တော့ ကျနော်တို့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့ ရောက်သွားနိုင်တယ် ဒါကအဝေးကြီးလိုသေးတယ်။ အဲဒီကြားထဲက ခင်ဗျားတို့ကတစ်မျိုး သူကတစ်ဖုံ အရှေ့ဖက်ကတစ်မျိုး အနောက်ဖက်ကတစ်မျိုး တောင်တမျိုး မြောက်တမျိုး လုပ်မယ်ဆိုရင်တော့ မလွယ်ဘူး အဲဒီကြားထဲကရန်သူကလည်း သူ့အလုပ်သူလုပ်မယ် သူ့အလုပ်သူဘာလုပ်လဲဆိုတော့ ဒီလူမျိုးတွေက စည်းလုံးညီညွတ်မှုမရှိအောင် သူကတော့ နည်းမျိုးစုံလုပ်မှာဘဲ အခုဆိုလဲ မြင်ယောင်သေးတယ်။ အချင်းချင်းခိုက်ရန်ဖြစ်ဖို့ NGO အများကြီးဝင်လာဦးမယ် ငွေနောက်လိုက်တဲ့ လူငယ်လူရွယ်တွေ အမျိုးသမီးတွေ ဘဝပျက်မယ် ပျက်စီးမယ် စီးပွားရေးအရ လောဘစိတ်တက်နေတဲ့ သူတွေလဲဒုက္ခရောက်မယ်။ အဲဒါမြင်ယောင်မိတယ် ညီညွတ်မှုမရှိဘူးဆိုရင် နားလည်မှုမရှိကြဘူးဆိုရင် နောက်ဒီလိုဘဲဖြစ်မှာဘဲ လူဆိုတာအားလုံးအတ္တတွေဘဲ အတ္တစိတ်မရှိတဲ့လူက အရူးဘဲလို့ပြောတယ်။ အတ္တလွန်ကဲတဲ့လူလဲ အရူးဘဲလို့ပြောတယ် ။ အတ္တလွန်ကဲတဲ့လူလဲ အရူးဖြစ်နိုင်တယ် လူဆိုတာအတ္တသမား ဒါမဲ့ အတ္တသိပ်လွန်ကဲလို့ရှိရင်တော့ ပြဿနာနဲ့ရင်ဆိုင်ရမယ်။
ယခုလို ကရင်နီတပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ ပစ်ခတ်ရပ်စဲထားသည့်ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးယူထားကြသည့် တိုင်းရင်းသားအဖွဲ့အချင်းချင်းနဲ့လည်း သွေးစည်းညီညွတ်ကြဖို့ လိုအပ်နေတယ်လို့ သိရပါတယ်ခင်ဗျ။
http://www.ktimes.org/index.php/rokstoriesnews/289-2012-08-08-09-05-24
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။