ဒီကနေ့မှာပဲ မန္တလေးမြို့က အထက်ဗမာပြည် ငြိမ်းချမ်းရေး မြတ်နိုးသူများအဖွဲ့ဟာ အဲဒီ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် ထောက်ပံ့ကူညီနိုင်ဖို့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးကုန်စည်ဒိုင်၊ မဟာအောင်မြေ ကျောက်ဝိုင်းနဲ့ စျေးချိုတော် (၃) နေရာတို့မှာ အလှူခံခဲ့ပါတယ်။
မန္တလေးအခြေစိုက် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်)နဲ့ လူမှုအဖွဲ့အစည်းဝင်တွေ ပူးပေါင်းပြီး ငြိမ်းချမ်းရေး မြတ်နိုးသူများ (အထက်ဗမာပြည်) အဖြစ် အဖွဲ့ဖွဲ့ပြီး ကူညီနေတာ ဖြစ်ပါတယ်။
ဒီကနေ့ အလှူခံတဲ့အဖွဲ့ထဲမှာ တက္ကသိုလ်တစ်ချို့က ကျောင်းသားကျောင်းသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေဟာ ရန်ကုန်မြို့ကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။
http://www.rfa.org/burmese/news/kachin-working-develop-02072013093442.html