February 7, 2013

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ

ဖေဖော်ဝါရီလ ရ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအဝင် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
Photo:RFA/Moe Thu Aung
ဇန်နဝါရီလ ရ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် ၆၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကို တွေ့ရစဉ်။
မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ အရင်နှစ်တွေနဲ့မတူဘဲ ရှမ်းပြည်နယ်သားတွေနဲ့ အစိုးရအာဏာပိုင်တွေ အပါအဝင် စည်စည်ကားကား ကျင်းပနိုင်တဲ့အကြောင်း နမ့်ခမ်းမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ တက်ရောက်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အရာရှိတစ်ယောက်က RFA ကိုပြောပါတယ်။
“မူဆယ်မှာလဲ လုပ်တယ်၊ နမ့်ခမ်းမှာလဲ လုပ်တယ်၊ လုပ်တာတော့ အခမ်းအနားတွေနဲ့ပေါ၊့ အဓိကတော့ မြို့ပေါ်ရပ်ကွက်တွေရယ်၊ မြို့ပေါ်ဌာန ဆိုင်ရာတွေလာကြတာ၊ ဌာနဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရယ် ယဉ်ကျေးမှုအဖွဲ့တွေရယ် ပါတီတွေရယ် အကုန်လုံးတက်ကြပါတယ်၊ လူထုတွေရယ် လူကအားလုံး နမ့်ခမ်းမှာတော့ ၄၀၀၀ ကျော်ကျော်လောက်ရှိမှာပေါ့၊ မူဆယ်မှာတော့ ပိုများမယ်၊ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံလေး အကျဉ်းချုပ်ပြော၊ အဓိကတော့ ပွဲဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌရဲ့ မိန့်ခွန်းတွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကပေးတဲ့ သဝဏ်လွှာတွေ ဖတ်ပြ၊ တခြားပျော်ပွဲရွှင်ပွဲမရှိပါဘူး၊ ဒီတိုင်းအခမ်းအနားလုပ်တာက စည်တယ်”
အခုအချိန်ဟာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြတဲ့ ကာလဖြစ်ပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွေကို အခါတိုင်းနှစ်နဲ့မတူပဲ ဒီနှစ်မှာ အားလုံးပါ၀င်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်တဲ့အကြောင်း အဆိုပါ SSA တောင်ပိုင်းအရာရှိက ပြောပြပါတယ်။
“အရင်နှစ်တွေကတော့ တိုးတိုးတိတ်တိတ် လုပ်ကြတယ၊် ဒါပေမဲ့ ဒီနှစ်ကတော့ ပွှင့်လင်းမြင်သာ နဲနဲရှိလာတော့ ပွဲလဲကြီးကျယ်တာပေါ့၊ အခမ်းအနားနဲ့လုပ်တာ ဒီနှစ်မှ စပြီးမှ လုပ်တာ၊ အရင်နှစ်တွေက ကိုယ့်စာပေ ယဉ်ကျေးမှုအသင်းလောက် တိုးတိုးတိတ်တိတ် ကိုယ့်အဖွဲ့လေးနဲ့ လုပ်ကြတယ်၊ ဒီနှစ်ကတော့ လူထုပါ၀င်နိုင်တဲ့ အခမ်းနားနဲ့ ကြီးကျယ်လုပ်တာ”
အဲဒီအခမ်းအနားတွေကို ရှမ်းပါတီတွေဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီပါတီ SNDP နဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
၁၉၄၇ နှစ် ဖေဖေါ်ဝါရီလ ရ ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းစော်ဘွားတွေ လူထုကိုယ်စားလှယ်တွေက ပြည်မနဲ့ တောင်တန်းဒေသတွေ ပြည်ထောင်စုကြီးကို ပူးပေါင်းတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး  အဲဒီနေ့မှာပဲ ရှမ်းအလံကို စတင်သတ်မှတ်ခဲ့ကာ  ရှမ်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/shan-national-day-02072013095357.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India