
Thursday, February 07, 2013

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး
အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့အကြား တွေ့ဆုံ ဆွေးနွေးမှုတွေ
လုပ်ခဲ့အပြီးမှာ ကချင်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲသွားပြီး
အဲဒီဒေသက ဒုက္ခသည်တွေကို နေအိမ်တွေ ပြန်လည် တည်ဆောက်ပေးတာတွေ၊ လူသားချင်း
စာနာတဲ့ အကူအညီတွေ ၀င်ရောက်ခွင့် ပြုရေး ကိစ္စရပ်တွေကို
ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ ကြာသပတေးနေ့ထုတ် အစိုးရ
သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။
အခုအခါမှာ တိုက်ပွဲတွေ အထိုက်အလျောက်
ငြိမ်သက်သွားပြီ ဖြစ်ပေမယ့် အစိုးရ ထိန်းချုပ်တဲ့ နယ်မြေမှာ ရှိနေတဲ့
ဒုက္ခသည်တွေရော၊ KIO ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ရှိနေတဲ့ ဒုက္ခသည်တွေပါ
နေရပ်ရင်းကို ပြန်တဲ့သူ မရှိသေးဘူးလို့ သိရပါတယ်။
နေရပ်ရင်း ရွာတွေမှာ အစိုးရတပ်တွေ
ကျယ်ကျယ်ပြန့်ပြန့် တပ်စွဲထားဆဲ ဖြစ်ပြီး မြေမြှုပ်မိုင်းတွေ ချထားဆဲ
ဖြစ်တာကြောင့်ရယ်၊ အပစ်အခတ် ရပ်စဲရေးကို အပြည့်အဝ
စိတ်မချသေးတာရယ်တွေကြောင့် နေရပ် မပြန်ကြသေးတာလို့ တရုတ် မြန်မာ
နယ်စပ်အနီးမှာရှိတဲ့ မိုင်ဂျာယန် ဒေသက ဒုက္ခသည်တဦးက ဘီဘီစီကို ပြောပါတယ်။
လူသားချင်း စာနာရေး အကူအညီတွေလည်း ခုချိန်ထိ ရောက်မလာသေးဘူး လို့လည်း ဆိုပါတယ်။
မြစ်ကြီးနားမြို့ အနီးတဝိုက်က ဒုက္ခသည်တွေလည်း
နေရပ်ရင်း မပြန်ကြသေးသလို အကူအညီတွေကလည်း ပုံမှန်အားဖြင့်
ခရစ်ယာန်အသင်းတော်တွေကဆီကနေသာ ရနေတယ်လို့ သိရပါတယ်။
http://www.bbc.co.uk/burmese/burma/2013/02/130207_kachin_refugees_humanatarian.shtml
Posted in: ကချင်,ကချင်စစ်ပြေးဒုက္ခသည်,စစ်ပြေးဒုက္ခသည်,သတင်း
Email This
BlogThis!
Share to Facebook