Wednesday, February 06, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကမ်းလှမ်းထားတာလဲ
ရှိသလို အစိုးရဖက်က လက်ခံမယ်ဆိုရင် သူ့အနေ နဲ့ပါဝင်ဖို့ အဆင်သင့်ပဲလို့
ဖေဖော်ဝါရီလ ၆ ရက်နေ့ ဒီကနေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါတယ်။
Photo: RFA
အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ်
ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါ၀င်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က
ဖေဖေါ်ဝါရီလ ၆ ရက်နေ့့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို
ပြောကြားနေစဉ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ
မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါ၀င်ဆောင်ရွက်ဖို့ ရှိ၊ မရှိ
သတင်းမီဒီယာတွေက မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။
အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံးရပ်နိုင်ရေး၊
နှစ်ဖက်အခြေအနေကို လေ့လာစောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ
ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို
ထုတ်ပြန်ခဲ့ကြပါတယ်။
http://www.rfa.org/burmese/news/dassk-participate-kachin-02062013103506.html
Posted in: ကချင်,သတင်း
Email This
BlogThis!
Share to Facebook