Wednesday, February 06, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်
ဒုက္ခသည်တွေကို ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ ကယ်ဆယ်ရေးနဲ့
ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာနတို့က ကျပ်သိန်း ၆၃၀ တန်ဖိုးရှိတဲ့
ပစ္စည်းတွေ ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။
Photo:RFA/Kyaw Myo Min
ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။
ဖားကန့်မြို့နယ်အတွင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု
၁၄၇၄ အတွက် အဝတ်အထည်၊စောင် စတဲ့ မိသားစု သုံးပစ္စည်းတွေနဲ့
မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပစ္စည်းတွေကို ဆယ်ဘီးကား ၃ စီးနဲ့ သယ်ယူသွားနိုင်ဖို့အတွက်
လမ်းခရီးလုံခြုံရေးကိုတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) တို့က အကူအညီပေးခဲ့တာလို့
ကြက်ခြေနီအဖွဲ့က ဦးဂဲနက်(စ်) က ပြောပါတယ်။
ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့ရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ စာရင်းတွေအရ
ဖားကန့်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက် ခိုလှုံနေကြတဲ့
စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၇၀၀ ကျော်နဲ့ လူဦးရေစုစုပေါင်း ရ
ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/refugee-kachin-mrcs-aid-02062013111437.html
Posted in: ကချင်,ကချင်စစ်ပြေးဒုက္ခသည်,စစ်ပြေးဒုက္ခသည်,သတင်း
Email This
BlogThis!
Share to Facebook